ယူနန်ပြည်နယ် ကူမင်းမြို့မှာ MacBook ထုတ်လုပ်တဲ့ Wingtech

ယူနန်ပြည်နယ် ကူမင်းမြို့မှာ MacBook ထုတ်လုပ်တဲ့  Wingtech

တရုတ်နိုင်ငံ၏ နည်းပညာနယ်ပယ်တွင် Wingtech  အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်မှာ အံ့အားသင့်စရာကောင်းအောင် မြန်ဆန်သည်။

အီလက်ထရွန်းနစ် အစိတ်အပိုင်းများ ထုတ်လုပ်သည့် O-Film Technology သည် Apple ထံ ပစ္စည်းပေးသွင်းနေရာမှ Apple က ဝီဂါလူမျိုးနွယ်တို့ကို ကျွန်ပြုစေခိုင်းသည်ဟု ဆိုကာ အဆက်ဖြတ်လိုက်သည်။ 

O-Film Technology ၏ လက်အောက်ခံ လုပ်ငန်းများကို  Wingtech က ဝယ်ယူလိုက်သည်။ ထို့နောက် Apple ထံ ပစ္စည်းပေးသွင်းသူအဖြစ် Wingtech လုပ်ကိုင်သည်။

Apple ၏ တင်းကျပ်သော အရည်အသွေး ထိန်းချုပ်မှုများကို Wingtech က ဖြည့်ဆည်းနိုင်သည်။ Apple ၏ စားပွဲတင် ကွန်ပျူတာ Mac Mini တပ်ဆင်ထုတ်လုပ်ရန် Apple ထံမှ ကန်ထရိုက် ရရှိခဲ့သည်။

မကြာသေးခင်က MacBook မျိုးတက်အဟောင်းကို ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ၎င်း၏ တပ်ဆင်ထုတ်လုပ်ရေးစက်ရုံတွင်  ထုတ်လုပ်‌ေပးရန် Apple ထံမှ ကန်ထရိုက် ရရှိခဲ့ပြန်သည်။

 

Wintech_2.png

အခြားသော Apple ကုန်ပစ္စည်းပေးသွင်းသည့်လုပ်ငန်းမှ  အမှုဆောင်အရာရှိတစ်ဦးက Nikkei Asia မီဒီယာသို့ ပြောကြားရာတွင် "Wingtech က  နည်းပညာ မြန်မြန်ဆန်ဆန် တိုးတက်မှုအတွက် Apple မှ ချီးကျူးခံရတဲ့ တရုတ်မှ ပစ္စည်းပေးသွင်းသူ အနည်းငယ်မျှသာ ရှိတဲ့အထဲမှ တစ်ခုဖြစ်ပါတယ်။ Wingtech ကို ကျွန်တော်တို့ လျစ်လျူမရှုသင့်တဲ့  ထွန်းသစ်စ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်" ဟု မှတ်ချက်ပြုသည်။

MacBooks များသည် အဆင့်အမြင့်ဆုံး notebook ဖြစ်ပြီး ထိုင်ဝမ်မှ ကန်ထရိုက်စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်သည့်ကဏ္ဍတွင်  ဦးဆောင်လုပ်ငန်းများဖြစ်သည့် Quanta Computer နှင့် Foxconn တို့က MacBooks တပ်ဆင်ထုတ်လုပ်မှုမှာ ကာလရှည်ကြာ ကြီးစိုးထားပါတယ်။

ထိုင်ဝမ်မှ တပ်ဆင်ထုတ်လုပ်ရေးလုပ်ငန်းများ ဖြစ်ကြသည့် Compal Computer နှင့် Wistron တို့သည် HP, Dell, Lenovo တို့အတွက် လက်ပ်တော့များ တပ်ဆင်ထုတ်လုပ်ပေးနေသည်မှာ ကြာမြင့်စွာကတည်းက ဖြစ်သော်လည်း Apple ၏ အထင်ကရ လက်တော့ပ်အတွက် ကန်ထရိုက် မရရှိကြချေ။

 Wingtech သည် Samsung၊ Lenovo နှင့် Asustek Computer အတွက် လက်တော့ပ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။

Wingtech သည် M2 ချစ်ပ်အသစ် သုံးစွဲထားသည့် MacBook Air ထုတ်လုပ်ရန် Apple ထံမှ ကန်ထရိုက်ကို ဇွန်လလယ်တွင် ရရှိခဲ့သည်ဟု DigiTimes Asia. က သတင်းဖော်ပြသည်။

Wingtech က Apple အတွက် နောင်တစ်ချိန်တွင် ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန်အတွက် ကူမင်းမြို့တွင် ကြီးမားသော စက်ရုံကို တည်ဆောက်နေသည်။ လုပ်သားဦးရေ တစ်သောင်းခွဲမှ နှစ်သောင်းအထိ အလုပ်ခန့်ထားမည့် စက်ရုံကြီး ဖြစ်သည်။ ထိုမျှအထိ တိုးချဲ့နေသည်မှာ Apple ထံမှ ကန်ထရိုက်ရဖို့ ကတိကဝတ် ရရှိထား၍သာ ဖြစ်မည်ဟု ယူဆကြသည်။

ကူမင်းမြို့ရှိ Wingtech ၏ လက်ရှိစက်ရုံသည် ဘောလုံးကွင်း ရှစ်ဆယ်ကွင်းစာ အရွယ်အစား ရှိသည်။ 

စက်ရုံတွင် Vivo, Oppo အပါအဝင် တရုတ်စမတ်ဖုန်းများ တပ်ဆင်ထုတ်လုပ်လျက်ရှိသည်။ 

တိုးချဲ့သည့် စီမံကိန်း ကုန်ကျစရိတ်မှာ ကန်ဒေါ်လာ ၄၃၇ သန်း ဝန်းကျင် ဖြစ်သည်။ ယခုအခါ ပုံမှာ တွေ့မြင်ရသည့်အတိုင်း ဆောက်လုပ်ဆဲ ဖြစ်သည်။

 

Wintech_3.png

အမေရိကန် နည်းပညာ မဟာလုပ်ငန်းကြီး Apple အတွက် လိုအပ်သည့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ကျွမ်းကျင်မှုများ ရရှိဖို့ ပြည်ပတွင် ကုမ္ပဏီများကို  Wingtech ဝယ်ယူခဲ့သည်။

ချစ်ပ်လုပ်ငန်း Nexperia ကို ၂၀၁၉ ခုနှစ်တွင် ဝယ်ယူခဲ့သည်။ ၂၀၂၁ တွင် Nexperia မှတစ်ဆင့် ယူကေမှ အကြီးမားဆုံး ချစ်ပ်စက်ရုံတစ်ခုကို ဝယ်ယူခဲ့သည်။

 ယခင်က Apple ထံ ပစ္စည်းပေးသွင်းခဲ့ဖူးသည့် O-Film Technology ထံမှ လက်အောက်ခံ လုပ်ငန်း ၄ ခုကို Wingtech ဝယ်ယူသည်။ optical အစိတ်အပိုင်းများနှင့် ကင်မရာပိုင်းကို တည်ဆောက်ရာတွင် ကျွမ်းကျင်မှုများ လက်ဝယ်ရရှိရန်အတွက် ဝယ်ယူခြင်း ဖြစ်သည်။ 

Nexperia မှတစ်ဆင့် တရုတ်နိုင်ငံ ကွမ်တုံ၊ ဖိလစ်ပိုင်နှင့် မလေးရှားရှိ ချစ်ပ်ထုပ်ပိုး စက်ရုံ၊ ချစ်ပ် စမ်းသပ်စစ်ဆေးရေးစက်ရုံတို့ကို Wingtech ပိုင်ဆိုင်ထားသည်။ ပစ္စည်းကိရိယာများနှင့် အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံများကိုလည်း တရုတ်၊ အိန္ဒိယနှင့် အင်ဒိုနီးရှားတို့တွင် ထားရှိသည်။

ကူမင်းမြို့ကို အခြေစိုက်ထားသော Wingtech သည် အရှိန်အဟုန်ဖြင့် ဆက်လက်ကြီးထွားနေပါသည်။

Source patently Apple

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)