ဂြိုဟ်တုဖုန်းအလားအလာ

ဂြိုဟ်တုဖုန်းအလားအလာ 

ဂြိုလ်တုဖုန်းများ နေရာအနှံ့ သုံးနေကြတဲ့အဖြစ်ဆီ ရောက်ဖို့လမ်းက မချောမွေ့ဘူး။

ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်ထဲ မိုဘိုင်းဖုန်း ဝင်သုံးနိုင်ဖို့ ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်ထူထောင်ထားတဲ့ SpaceX  နှင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်ထူထောင်ထားတဲ့ T-Mobile တို့ လက်တွဲဖို့ သဘောတူထားကြပါတယ်။

Apple ကလည်း ဂြိုဟ်တုဆက်သွယ်ရေး ကွန်ရက်ထူထောင်ထားတဲ့ GlobalStar နှင့် လက်တွဲဖို့ သဘောတူထားကြပါတယ်။ ပြီးခဲ့တဲ့နစ် စက်တင်ဘာလနား နီးလာချိန်မှာ iPhone13 မှာ ဂြိုဟ်တုဆက်သွယ်ရေး ပါလာမယ်လို့ ထင်ကြေးပေးခဲ့ကြတာ လွဲခဲ့ပါတယ်။ အခု စက်တင်ဘာလ ၇ ရက်မှာ iPhone14 ထွက်လာရင် ဂြိုဟ်တုဆက်သွယ်ရေး ပါလာမယ်လို့ ထင်ကြေးပေးကြပါတယ်။

လုပ်ငန်းသစ် AST SpaceMobile ကလည်း နောက်နှစ်မှာ ဆက်သွယ်ရေးဂြိုဟ်တုတွေ လွှတ်တင်ပြီး ဂြိုဟ်တုဖုန်းဝန်ဆောင်မှု စတင်ဖို့ အစီအစဉ်ရှိပြီး မိုဘိုင်းဖုန်း ဆက်သွယ်ရေး ကွန်ရက်ထူထောင်ထားတဲ့ Vodafone နဲ့ လက်တွဲထားပါတယ်။ 

 

 

ဖုန်းများကို ဂြိုလ်တုများနှင့် ချိတ်ဆက်ရာတွင် အဘယ်အရာတို့က ခက်ခဲ‌နေစေသနည်း။

 

အကွာအဝေးနှင့် ပါဝါတို့ကြောင့် ခက်ခဲနေရပါတယ်။ 

ယေဘုယျအားဖြင့် မိုဘိုင်းလ်ဖုန်းကို  ၁၀ ကီလိုမီတာ (၆ မိုင်) အတွင်း ဆဲလ်တာဝါတိုင်များနှင့် စကားပြောရန် ဒီဇိုင်းထုတ်ထားပါတယ်။

ဂြိုလ်တုတွေက ‌ေြမပြင်နှင့် ကီလိုမီတာ ၅၀၀ အကွာအ‌ေဝးမှာ ရှိနေကြပါတယ်။ ကမ္ဘာပတ်လမ်းကြောင်းထဲ တစ်နာရီ မိုင် ၁၇,၀၀၀ အမြန်နှုန်းဖြင့် သွားနေကြပါတယ်။ 

 

SpaceX ရဲ့ အင်တာနက် ဂြိုဟ်တုကွန်ရက်က မြေပြင်မှာ ၂၀ လက်မ x ၁၂ လက်မ စလောင်းကို အသုံးပြုပါတယ်။ အင်္ကျီအိတ်ထောင်ထဲ ထည့်ထားတဲ့ စမတ်ဖုန်းကို စလောင်းလို အရွယ်အစား ကြီးကြီးဖြင့် ထုတ်လုပ်ဖို့၊ သုံးစွဲဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ ဖုန်းက မစွမ်းသာတဲ့အတွက် ဂြိုဟ်တုက အစွမ်းထက်ဖို့ လိုပါတယ်။ အင်မတန် အားနည်းနေတဲ့ signal တွေကို ဖမ်းယူပေးနိုင်ဖို့ လိုပါတယ်။  တစ်နည်းပြောရရင် ဖုန်းနှင့် ဂြိုဟ်တု တိုက်ရိုက် ချိတ်ဆက်ပြီး ဆက်သွယ်ဖို့ ဂြိုဟ်တုမှာ အင်တာနာအကြီးစား သုံးဖို့ လိုအပ်ပါတယ်။ အင်တာနာ ကြီးကြီးတပ်ထားဖို့ ဂြိုဟ်တုကလည်း ကြီးရမှာ ဖြစ်ပါတယ်။

Starlink ရဲ့ အင်တာနာ ကြီးကြီးတပ်ထားတဲ့ ဒုတိယမျိုးဆက် ဂြိုဟ်တုက အရွယ်အစားကြီးလို့  Starship ဖြင့်သာ သယ်သွားပြီး ကမ္ဘာ့ပတ်လမ်းထဲ ပို့ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိမှာ ဂြိုဟ်တွေ တသောသော လွှတ်တင်နေတဲ့ ဒုံးပျံစနစ်ဖြင့် ပို့ဆောင်ဖို့ မဖြစ်နိုင်ဘူး။

Starship က ဆင်းချီတက်ချီ ပုံမှန်ဖြစ်တဲ့အခါကျမှ ဒုတိယမျိုးဆက် ဂြိုဟ်တုတွေကို အခေါက်အခါခါ သယ်ပြီး ပို့ဆောင်ပေးလို့ ပြီးစီးတဲ့အခါကျမှ ကမ္ဘာ့ပတ်လမ်းထဲမှာ ဒုတိယမျိုးဆက် ဂြိုဟ်တုများ အလုံအလောက်ရောက်ရှိနေပြီး ဖုန်းနှင့် ဂြိုဟ်တု တိုက်ရိုက် ဆက်သွယ်ဖို့ အဆင်ပြေသွားပါလိမ့်မယ်။

 

 

နောက်ထပ် စိန်ခေါ်မှုတစ်ခု ဆက်သွယ်ရေးအတွက် ဖုန်းနှင့် ဂြိုဟ်တုတို့ အပြန်အလှန် ထုတ်လွှင့်တဲ့အခါ သုံးစွဲမယ့်  ရေဒီယိုလှိုင်း ကြိမ်နှုန်းများ ပါဝင်နေတဲ့ လျှပ်စစ်သံလိုက် လှိုင်းစဉ် spectrum ရရှိဖို့ ဖြစ်ပါတယ်။ 

ဥပမာအားဖြင့် SpaceX က ဖုန်းနှင့် အာကာသယာဉ်တို့အကြား ဆက်သွယ်ရေး ချိတ်ဆက်ဖို့ အတွက် မိုဘိုင်းအော်ပရေတာ T-Mobile က သူလိုင်စင်ရယူထားတဲ့ ရေဒီယိုလှိုင်း ကြိမ်နှုန်းများထဲမှ အချို့ကို SpaceX သုံးဖို့ ခွင့်ပြုပေးထားပါတယ်။

Apple ရဲ့ ဂြိုဟ်တုဖုန်း အစီအစဉ်အတွက် ဂြိုဟ်တုအော်ပရေတာ GlobalStar ထံမှ ဂြိုဟ်တု အသစ် ၁၁ လုံးကို အမေရိကန်ဒေါ်လာ သန်း ၃၀၀ ဖြင့် ဝယ်ယူသုံးစွဲပါတယ်။ ဂြိုဟ်တုဖုန်း ဘယ်အတိုင်းအတာအထိ သုံးလို့ရမလဲဆိုတာ စက်တင်ဘာလ ၇ ရက်မှာ ကျင်းပမယ့် Apple ရဲ့ပွဲ "Far Out" မှာ သိရမယ်လို့ မျှော်လင့်ပါတယ်။

အားသာချက်တစ်ခုက Globalstar မှာ ရေဒီယိုလှိုင်း ကြိမ်နှုန်း spectrum သုံးခွင့် လိုင်စင်ကို အမေရိကန်မှာသာမက ကမ္ဘာတစ်လွှားမှာလည်း လိုင်စင်များ ရယူထားတဲ့အတွက် iPhone ဂြိုဟ်တုဆက်သွယ်ရေးကို  Globalstar လိုင်စင်ရထားတဲ့ နိုင်ငံများမှာလည်း သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ 

Source finance yahoo

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(2 votes)