ဉာဏ်ရည်တု ပန်းချီကား ဆုရသဖြင့် ပန်းချီဆရာများ ပွဲဆူ

ဉာဏ်ရည်တု ပန်းချီကား ဆုရသဖြင့် ပန်းချီဆရာများ ပွဲဆူ

 

Jason M. Allen အနေဖြင့် ပန်းချီပြိုင်ပွဲကို ပထမဆုံးအကြိမ် ဝင်ပြိုင်ခြင်းဖြစ်သဖြင့် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။

.

ယခုအခါ သူ ဆုရသည့်  ပုံသည် အငြင်းပွားစရာများ ပေါ်ပေါက်နေပြီ ဖြစ်သည်။

ပန်းချီကို ကွန်ပျူတာဖြင့် ထုတ်လုပ်နိုင်ခြင်း ရှိ၊ မရှိ၊ ပန်းချီဆရာတစ်ဦး ဖြစ်ရခြင်းအတွက် အဓိပ္ပာယ် ရှိဦးမှာလားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။  ပြိုင်ပွဲနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ ပန်းချီဆရာများ ပွဲဆူကုန်ကြသည်။

.

ဩဂုတ်လတွင် ကော်လိုရာဒိုပြည်နယ် Pueblo West တွင်နေထိုင်သော ဂိမ်းဒီဇိုင်နာ Allen သည် Colorado State Fair Fine Arts Competition ၏ ပေါ်ထွန်းစ ပန်းချီလိုင်း အမျိုးစားအသစ် "digital arts/digitally-manipulated photography" တွင် ပထမဆုကို ရရှိခဲ့သည်။

သူဆုရသည့် ပုံ ပြင်သစ်အမည် "Théâtre D'opéra Spatial" ("Space Opera Theater") ကို သူက ဉာဏ်ရည်တု AI စနစ်သုံး Midjourney ဖြင့် ဖန်တီးခဲ့ပါသည်။ စာသားဖြင့် ‌ရေးသားထားသည်တို့ကို အသေးစိတ် ပုံဖော်ပေးနိုင်သော ဉာဏ်ရည်တုကို သုံးစွဲထားသည်။ သူက ဆုကြေး $300 ရရှိသည်။ 

သူက ပြိုင်ပွဲတွင် Midjourney ဖြင့် ဖန်တီးထားသည့် ပန်းချီကား ၂ ချပ်ဖြင့် ဝင်ပြိုင်ခဲ့ရာ တစ်ခုက ဆု ဆွတ်ခူးခဲ့သည်။

 

AI_ART_2.png

 

ထိုအမျိုးအစားတွင် ဝင်ပြိုင်သူ ၁၁ ဦးတို့က စုစုပေါင်း ပန်းချီကား ၁၈ ခု တင်ပြခဲ့ကြသည်။

Artificial intelligence AI ဉာဏ်ရည်တုဖြင့် ပုံဆွဲပေးသော Midjourney သည် ရေပန်းစားနေသော AI ပုံဆွဲခြင်းများအနက် တစ်ခု ဖြစ်ပါသည်

 .

Google Research ၏  Imagen နှင့် OpenAI ၏  DALL-E 2 တို့သည်လည်း နာမည်ကြီးကြပါသည်။

.

Midjourney ကို  Discord တွင် ဝင်ရောက်သုံးစွဲနိုင်ကြောင်း သိရပါသည်။ 

လင့်ကို ဖော်ပြအပ်ပါသည်။

.

https://discord.com/invite/midjourney

.

.

DALL-E 2 သည် ဖိတ်ခေါ်ချက် invitation လိုအပ်‌ေကြာင်း သိရပါသည်။

လင့်ကို ဖော်ပြအပ်ပါသည်။

.

https://openai.com/dall-e-2/

.

.

Imagen သည် Google ပြင်ပမှ သုံးစွဲသူများကို ဖွင့်မပေးထားဟု သိရပါသည်။  

လင့်ကို ဖော်ပြအပ်ပါသည်။

.

https://imagen.research.google/

.

 

Source CNN

#MyanmarICTGuide
Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(1 Vote)