ရိုဘော့ အမျိုးသမီးကို စီအီးအို ခန့်အပ်

ရိုဘော့ အမျိုးသမီးကို စီအီးအို ခန့်အပ်

 

တရုတ်နိုင်ငံအခြေစိုက် နာမည်ကြီး NetDragon Websoft သည် အွန်လိုင်းဂိမ်းဖွံ့ဖြိုးတိုးတက်မှုတွင် ထူးချွန် ပြောင်မြောက်သည့် လုပ်ငန်းတစ်ခုဖြစ်ပြီး မကြာသေးမီက ရိုဘော့ကို အလုပ်ခန့်အပ်ခဲ့သည်။

"Tang Yu" အမည်ရှိ AI အခြေခံစက်ရုပ်ကို ဩဂုတ်လ ၂၆  ရက်နေ့တွင် ကုမ္ပဏီ၏ virtual CEO အဖြစ် ခန့်အပ်ခဲ့သည်။

ဖူကျင်မှာ တည်ရှိသည့်  ကုမ္ပဏီ ပင်မရုံးခန်းမှာ သူမ၏ တာဝန်များကို ထမ်းဆောင်ပါသည်။

ရိုဘော့သည် အထွေထွေစီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် တာဝန်များကို ထမ်းဆောင်မည်ဖြစ်သည်။

 ကုမ္ပဏီအတွက် ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်များမှာ ကူညီပေးမည် ဖြစ်သည်။

 ဆုံးရှုံးမည့်အရေး စီမံသည့် မဟာဗျူဟာကိုလည်း ချမှတ်ပေးမည် ဖြစ်သည်။

 Tang Yu သည် ကုမ္ပဏီအတွက် ဒေတာဆန်းစစ်ခြင်းများကို ခွဲခြမ်းစိတ်ဖြာရာတွင်လည်း အချိန်နှင့်တပြေးညီ ဒေတာစင်တာတစ်ခုသဖွယ် ပါဝင်ဆောင်ရွက်မည်ဖြစ်သည်။

 

 စီအီးအိုအဖြစ် ရိုဘော့ကို ခန့်အပ်ခြင်း၏ အထူးခြားဆုံးအချက်မှာ ဝန်ထမ်းများသာမက ကုမ္ပဏီအတွက် မျှတသော ဆုံးဖြတ်ချက်များ ချမှတ်ပေးမည်ဖြစ်ပြီး ၎င်း၏ လုပ်ဆောင်ချက်များတွင် ဘက်လိုက်ခြင်းမရှိ၊  ပုဂ္ဂိုလ်ရေးကင်းကင်းဖြင့် လုပ်ကိုင်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။ 

 

ကုမ္ပဏီတည်ထောင်သူ Dr. Dejian Liu က AI ၏ စွမ်းပကားကို ချီးကျူးစကား ပြောကြားရာတွင် "AI က ကော်ပိုရိတ်စီမံခန့်ခွဲမှုရဲ့ အနာဂတ်ပဲလို့ ကျွန်တော်တို့ ယုံကြည်ထားတဲ့အလျောက် Ms. Tang Yu ကို အလုပ်ခန့်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းကို ပြောင်းလဲဖို့အတွက် AI ကို သုံးစွဲပြီး လုပ်ဆောင်သွားဖို့ သံန္နိဋ္ဌာန်ကို တကယ်လက်ခံ ကျင့်သုံးတာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။ 

 

 NetDragon Websoft သည် ၁၉၉၉ ခုနှစ်တွင် စတင်ပေါ်ပေါက်လာခဲ့ပြီး ထိုအချိန်မှစ၍ ၎င်းသည် ဂိမ်းလောကအတွက် များစွာအထောက်အကူဖြစ်စေခဲ့ပါသည်။

Eudemons Online၊ Heroes Evolved၊ Conquer Online နှင့် Under Oath ကဲ့သို့သော နာမည်ကြီးဂိမ်းများစွာကို ဤကုမ္ပဏီမှ ဖန်တီးခဲ့ပါသည်။

Source wonderfulengineering 

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)