ဆင်းမ်ကတ် စည်းကမ်း မလိုက်နာ မိုဘိုင်းဖုန်း အော်ပရေတာ တစ်ရက် ဘတ် ၁ သန်း ဒဏ်ငွေတပ်မည်

ဆင်းမ်ကတ် စည်းကမ်း မလိုက်နာ မိုဘိုင်းဖုန်း အော်ပရေတာ တစ်ရက် ဘတ် ၁ သန်း ဒဏ်ငွေတပ်မည်

 

ထိုင်းနိုင်ငံ အမျိုးသား အသံလွှင့်နှင့် ဆက်သွယ်ရေးကော်မရှင် National Broadcasting and Telecommunications Commission (NBTC) သည် မိုဘိုင်းဖုန်းအော်ပရေတာများအား လာမည့်ရက် ၃၀ အတွင်း ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ စည်းကမ်းချက်များကို မလိုက်နာပါက တစ်ရက်လျှင် ဘတ်တစ်သန်း ဒဏ်ရိုက်မည်ဖြစ်သည်။

.

အဆိုပါ အရေးယူမှုသည် ဖုန်းသုံးစွဲသူများအား လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်ဖြင့် ဆင်းမ်ကတ်များ ဝယ်ယူပြီး Call Center အတုအျယာင်ဆောင်သည့် ဂိုဏ်းများ မလုပ်သာတော့အောင်  ထိန်းချုပ်ဖို့ ရည်ရွယ်ကြောင်း NBTC ၏ တွဲဘက် အထွေထွေအတွင်းရေးမှူး Sutisak Tantayotin က ပြောကြားပါသည်။

 .

မိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်းတစ်ခုသည် အရောင်းကိုယ်စားလှယ်၏ဆိုင်တွင် အများဆုံးနံပါတ်ငါးခုအထိ စာရင်းသွင်းနိုင်‌ေနသည်ကို NBTC မှ ဇွန်လ ၁၆ ရက်က တွေ့ရှိပြီးနောက် ယခုညွှန်ကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

.

၎င်းမိုဘိုင်းဖုန်း အော်ပရေတာ လုပ်ငန်းအမည်ကို ထုတ်ဖော်ပြောကြားခြင်း မပြုချေ။

.

ပြဋ္ဌာန်းထားသော စည်းမျဉ်းစည်းကမ်းများအရ  ဖုန်းနံပါတ်များ ထပ်မံမှတ်ပုံတင်လိုသူသည် အော်ပရေတာ၏ ဝန်ဆောင်မှု စင်တာတစ်ခုတွင် ၎င်းတို့၏ ID ကတ်ကို တင်ပြရန် လိုအပ်သည်။

.

ရက်ပေါင်း ၃၀ အတွင်း စည်းကမ်းနှင့် အညီဖြစ်အောင် လိုက်နာ‌ဆောင်ရွက်ပေးရမည် ဖြစ်ပြီး လိုက်နာနိုင်ခြင်း မရှိပါက နေ့စဉ် ဒဏ်ကြေး အနည်းဆုံး ဘတ်တစ်သန်း ပေးဆောင်ရမည်ဖြစ်သည်။

Source Bangkokpost

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)