MadeByGoogle ပွဲကျင်းပမည့် အစီအစဉ် တရားဝင်ကြေညာချက် ထုတ်ပြန်

MadeByGoogle ပွဲကျင်းပမည့် အစီအစဉ် တရားဝင်ကြေညာချက် ထုတ်ပြန်

 

Google က ဆောင်းဦးကာလ အောက်တိုဘာမှာ ပစ္စည်းအသစ်တွေ စတင်ရောင်းချလေ့ရှိပါတယ်။ အဲဒီအတွက် MadeByGoogle လို့ အမည်ပေးထားတဲ့ပွဲကို ကျင်းပပါတယ်။

 ယခုနှစ်မှာလည်း အစဉ်အလာမပျက် အောက်တိုဘာလမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Made by Google ပွဲကို ကြာသပတေးနေ့၊ အောက်တိုဘာလ ၆ ရက်၊ ၂၀၂၂  10 AM ET မှာ ကျင်းပမှာ ဖြစ်ပါတယ်။ မြန်မာစံတော်ချိန် ၆ ရက် ကြာသပ‌ေတးနေ့ ည ၈နာရီခွဲ ဖြစ်ပါတယ်။ 

အွန်လိုင်းမှာ MadeByGoogle  ပွဲကို တင်ဆက်ပေးမှာ ဖြစ်ပြီး  ဖိတ်ကြားခံရသူတွေ ပွဲကျင်းပရာ နယူးယောက်မြို့ Williamsburg မှာ လူကိုယ်တိုင် တက်ရောက်နိုင်ပါတယ်။ 

 

 Twitter

 

 

 

Google ရဲ့ ယခုနှစ်အတွက် စမတ်ဖုန်းအသစ်  Pixel 7၊ Pixel 7 Pro တို့ကို Google Pixel Watch နှင့် တကွ တင်ပြမှာ ဖြစ်ပြီး Nest ရဲ့  နောက်ဆုံးပေါ် စမတ်အိမ်သုံးပစ္စည်းများကိုလည်း မိတ်ဆက်မယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပွဲကျင်းပတဲ့ ရက်မှာပဲ စတင်ဝယ်ယူနိုင်ပါတယ်။ 

 

အမေရိကန်၊ ဂရိတ်ဗြိတိန်နှင့် ဩစတြေးလျတို့မှ https://store.google.com/regionpicker?pli=1 တွင် သက်ဆိုင်ရာ ဒေသ ရွေးချယ်ပြီး ကြည့်ရှုနိုင်ပါတယ်။ 

အခြားနိုင်ငံမှ ကြည့်မယ်ဆိုရင် ဖော်ပြပါ YouTube မှာကြည့်ရှုနိုင်ပါတယ်။

  #MyanmarICTGuide

 Telegram Channel https://t.me/Guid4U

 

 

 

 

MICTG

Read times
Rate this item
(0 votes)