အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်ရေးလိုင်း P3 ကို Samsung စတင်

အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်ရေးလိုင်း P3 ကို Samsung စတင်

 

တောင်ကိုရီးယားနိုင်ငံမှ Samsung Electronics က ကုမ္ပဏီ၏ အကြီးမားဆုံး ချစ်ပ်ထုတ်လုပ်မှုလိုင်းအသစ်  P3 ကို စတင်လိုက်ပြီဖြစ်သည်။

 

လိုင်းအသစ်ကို တောင်ကိုရီးယား၊ ဆိုးလ်မြို့မှ ၇၀ ကီလိုမီတာအကွာ တည်ရှိသော Pyeongtaek စက်ရုံတွင် ဖွင့်လှစ်ခဲ့သည်။

 

 

image_readtop_2021_112342_16123397044529594.jpg

 

အဆိုပါ P3 ချစ်ပ်ထုတ်လုပ်မှုလိုင်းအသစ်ကို ဇူလိုင်လတွင် NAND  မှတ်သားမှုချစ်ပ်များ စမ်းသပ်ထုတ်လုပ်မှု စတင်ခဲ့ပြ္း စက်တင်ဘာလတွင့် ဖွင့်ပွဲအခမ်းအနား ကျင်းပပြီး ဖွင့်လှစ်ပေးခဲ့သည်။

ချစ်ပ်မျက်နှာပြင် ပုံနှိပ်စက် lithography machine များမှာ Advanced Semiconductor Materials Lithography (ASML) Holding မှ စက်များကို အသုံးပြုထားသည်။ 

ASML သည် ဒတ်ခ်ျ နိုင်ငံစုံ ကော်ပိုရေးရှင်းဖြစ်ပြီး ၁၉၈၄ ခုနှစ်တွင် ထူထောင်ခဲ့သည်။ 

 

ပြင်းထန်မှုလွန်ကဲသော ခရမ်းလွန်ရောင်ခြည်သုံး စက်ကိရိယာများ ဈေးကွက်တွင် ASML သည် ပြိုင်ဘက်မရှိ ကြီးစိုးထားသည်။ 

 

Samsung Electronics သည် တောင်ကိုရီးယားတွင် ချစ်ပ်စက်ရုံ ၅ ခု ရှိသည်။ တရုတ်နိုင်ငံတွင် ချစ်ပ်စက်ရုံ ၃ ခု ရှိသည်။ အမေရိကန်နိုင်ငံတွင် ချစ်ပ်စက်ရုံ ၁ ခု ရှိပြီး နောက်ထပ် စက်ရုံအသစ် တစ်ရုံကို အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ဆောက်လုပ်လျက် ရှိသည်။ 

ထို့ပြင် P3 လိုင်းအသစ် တည်ရှိသည့် စက်ရုံတွင်လည်း နောက်ထပ် ထုတ်လုပ်ရေး လိုင်းအသစ် P4 ကို စတင်ဆောက်လုပ်နေပြီဖြစ်သည်။ 

၂၀၂၂ နွေဦးရာသီနှောင်းပိုင်းတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တောင်ကိုရီးယားသို့ လာရောက်ခဲ့စဉ် ၎င်းစက်ရုံသို့ လာရောက်ကြည့်ရှုခဲ့သည်။

Source: Korea Times

#MyanmarICTGuide 

Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)