Adobe က ဒီဇိုင်းဆော့ဖ်ဝဲကုမ္ပဏီ Figma ကို ဒေါ်လာ ၂၀ ဘီလီယံဖြင့် ဝယ်ယူ

Adobe က ဒီဇိုင်းဆော့ဖ်ဝဲကုမ္ပဏီ Figma ကို  ဒေါ်လာ ၂၀ ဘီလီယံဖြင့် ဝယ်ယူ

 

Adobe က ဒီဇိုင်းဆော့ဖ်ဝဲကုမ္ပဏီ Figma ကို အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂၀ ဘီလီယံဖြင့် ဝယ်ယူရန် သဘောတူညီခဲ့ပါတယ်။

နည်းပညာကဏ္ဍ အရောင်းအဝယ်များမှာ တန်ဖိုးမြင့်လွန်းတယ်လို့ သုံးသပ်ကြပါတယ်။

 

၂၀၁၄ ဖေဖော်ဝါရီလမှာ Facebook က WhatsApp မက်ဆေ့ခ်ျပို့တဲ့အက်ပ်ကို ကန်ဒေါ်လာ ၁၉ ဘီလီယံဖြင့် ဝယ်ယူခဲ့စဉ်ကလည်း ယခုလိုမျိုး အံ့ဩတုန်လှုပ်မိကြပါတယ်။ 

 

အမေရိကန်နိုင်ငံ စန်ဖရန်စစ္စကိုမြို့  အခြေစိုက် Figma ကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။

 Figma ကို သုံးစွဲပြီး ဆော့ဖ်ဝဲရေးဆွဲသူနှင့် ဒီဇိုင်နာများကို  တင်ဆက်မှုများအတွက် ဆလိုက်များမှသည် မိုဘိုင်းအက်ပ်ရဲ့ UI (user interface) အထိ အဝေးမှ ပူးပေါင်းလုပ်ဆောင်နိုင်‌စေပါတယ်။ 

ကွန်ပျူတာထဲ ထားရှိပြီး သုံးရတာမျိုး မဟုတ်ဘဲ browser-based design tools ဖြစ်နေတာက ထူးခြားချက် ဖြစ်ပါတယ်။

သန်းချီတဲ့ ဒီဇိုင်နာ မဟုတ်သူများ ဖန်တီးမှုတွေ လုပ်ကိုင်နိုင်ဖို့ လမ်းပွင့်သွားစေပါတယ်။

 

နောင်တစ်ချိန်မှာ Figma အမှုဆောင်အရာရှိချုပ် ဖြစ်လာမယ့်  Dylan Field က Figma အတွက် စိတ်ကူးအကြံဉာဏ် ရရှိခဲ့ပါတယ်။ Brown University မှာ ပညာသင်နေရာမှ ကျောင်းထွက်လိုက် ပြီးနောက်သူ့ အသက် ၁၉ နှစ်မှာ Evan Wallaceနှင့်အတူ လုပ်ငန်းကို ထူထောင်ခဲ့ကြပါတယ်။

ငွေကြေး ပံ့ပိုးသူက PayPal ပူးတွဲထူထောင်သူ Peter Thiel ဖြစ်ပါတယ်။ 

အ‌တော်ဆုံး သိပ္ပံပညာရှင်များနှင့် စွန့်ဦးတီထွင်သူများသည် သမားရိုးကျ တက္ကသိုလ်ပညာရေးမှာ စာသင်ယူရင် အချိန်ဖြုန်းနေကြရတယ်လို့ Peter Thiel က ယူဆထားပါတယ်။

 သူက လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်က စလို့  "သုတေသနထောက်ပံ့ကြေး" တစ်နှစ်လျှင် ၂၀ ဦး ချီးမြှင့်ပါတယ်။

Dylan Field က Peter Thiel ထံမှ ကန်ဒေါ်လာ ၁ သိန်း ရရှိပြီးတဲ့နောက်မှာ Figma ကိုအကောင်အထည် ဖော်ခဲ့ပါတယ်။

web browser ဖြင့် ခေတ်မီတဲ့ design tools လုပ်မယ်ဆိုတာ အများစုက မရနိုင်လောက်ဘူးလို့ ယူဆထားကြပါတယ်။ "ကျွန်တော် တို့လုပ်နိုင်မယ်လို့ ဘယ်သူမှမထင်ထားဘူး” လို့ Field က Financial Times ကို ပြောပြခဲ့ပါတယ်။

 

Figma က ကိုဗစ်ကာလ အိမ်မှ အလုပ်လုပ်ကြရစဉ် သုံးစွဲသူ များပြားလာခဲ့ပါတယ်။ Figma ရဲ့ ဖောက်သည်များထဲမှာ Twitter, News UK, Google, Netflix စသည့် လုပ်ငန်းကြီးများ ပါဝင်ပါတယ်။

 

ကွန်ပျူတာမှာ တင်ထားပြီးမှ သုံးစွဲရတဲ့ ဒီဇိုင်းဆော့ဖ်ဝဲလ်တွေ ထုတ်လုပ်ရောင်းချနေတဲ့ Adobe အဖို့ ကြောင့်ကြစရာ ဖြစ်နေတာကြောင့် ယခုလို ကြေးကြီးပေးပြီး ဝယ်ယူသိမ်းပိုက်လိုက်တာလို့ ယူဆရပါတယ်။

ဝယ်ယူတဲ့တန်ဖိုးမှာ တစ်ဝက်ကို ငွေသားဖြင့် ပေးပြီး ကျန်တစ်ဝက်ကိုတော့ ရှယ်ယာပိုင်ဆိုင်မှုဖြင့် ပေးချေမှာ ဖြစ်ပါတယ်။

ဝယ်လိုက်တဲ့ ဈေးနှုန်းက Figma ရရှိနေတဲ့ ဝင်ငွေရဲ့ အဆ ၅၀ ကျော် ဖြစ်နေလို့ အရင်းကြေဖို့ ခဲယဉ်းလိမ့်မယ်လို့ ယူဆကြတာကြောင့် Adobe ရဲ့ ရှယ်ယာ ၁၆.၈% ဈေးကျသွားခဲ့ပါတယ်။

ကြာသပတေးနေ့ (စက်တင်ဘာ ၁၅)တွင် Adobe က ကြေညာခဲ့တဲ့ တတိယသုံးလပတ်ရလဒ်များတွင် Adobe က ဝင်ငွေ ကန်ဒေါ်လာ ၄.၄ ဘီလီယံ

ရရှိခဲ့ပြီး အသားတင်ဝင်ငွေ  ကန်ဒေါ်လာ ၁.၁ ဘီလီယံ ရရှိခဲ့ပါတယ်။ 

Source Financial Times

#MyanmarICTGuide

 Telegram Channel https://t.me/Guid4U

 

 

 

Read times
Rate this item
(0 votes)