တရုတ်နိုင်ငံ VR လုပ်ငန်းကဏ္ဍ ၅ နှစ်အတွင်း ၆ ဆ ကြီးထွားအောင် လုပ်ဆောင်မည်

တရုတ်နိုင်ငံ VR လုပ်ငန်းကဏ္ဍ ၅ နှစ်အတွင်း ၆ ဆ ကြီးထွားအောင် လုပ်ဆောင်မည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်အစိုးရက တရုတ်ပြည်ရဲ့ virtual reality (VR) လုပ်ငန်းကဏ္ဍကို ၂၀၂၆ မှာ ထုတ်လုပ်မှုတန်ဖိုး ယွမ် ၃၅၀ ဘီလီယံ (US$48 billion) ဖြစ်အောင်လုပ်ဖို့ ရည်မှန်းချက် ချမှတ်ထားပါတယ်။ ယမန်နှစ်ရဲ့ ၆ ဆ ဖြစ်ပါတယ်။

မက္တာဗာစ် metaverse နည်းပညာမှာ ကမ္ဘာ့ဦးဆောင်နေရာ ရောက်ဖို့ ဦးတည်ချက် ထားရှိပါတယ်။

စက်မှုနှင့် သတင်းအချက်အလက်နည်းပညာ ဝန်ကြီးဌာန (MIIT) နှင့် အခြားဌာနလေးခုတို့က လမ်းညွှန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ်။

လမ်းညွှန်ချက်မှာ VR ကိရိယာအမျိုးမျိုး ခုရေ ၂၅ သန်းကို  ၂၀၂၆ မှာ  ရောင်းချဖို့ လျာထားပါတယ်။ ယမန်နှစ် ၂၀၂၁ ခုနှစ်မှာ ခုရေ ၃.၇ သန်း ဈေးကွက်ထဲ ပေးပို့ခဲ့ပါတယ်။

 ဒစ်ဂျစ်စီပွားရေးရဲ့ အခရာကျတဲ့ လုပ်ငန်းကဏ္ဍ ၇ ခုမှာ VR ကို ထည့်သွင်းထားပါတယ်။

 VR နည်းပညာကို ဗီဒီယိုဂိမ်းကစားခြင်း၊ ဗီဒီယိုတိုများ၊ ကြံ့ခိုင်ကျန်းမာ‌ရေး၊  ပညာရေးနှင့် အခြားနယ်ပယ်များတွင် အသုံးပြုမှာ ဖြစ်ပါတယ်။ 

.

လက်ရှိအနေအထားမှာ တရုတ်ပြည်တွင်း VR  လုပ်ငန်းကဏ္ဍက ပစ္စည်းထုတ်လုပ်မှုကို အသားပေး လုပ်ကိုင်နေပြီး လုပ်ကိုင်နေတဲ့ လုပါငန်းအများစုက အရွယ်အစား သေးငယ်နေပါတယ်။ လုပ်ငန်းလည်ပတ်စနစ် operating system ၊ ချစ်ပ်ဒီဇိုင်းထုတ်ခြင်း၊ ဆော့ဖ်ဝဲ ကိရိယာများ ဖန်တီးခြင်း စသည့် ဆော့ဖ်ဝဲပိုင်းမှာ တွင်တွင်ကျယ်ကျယ် မရှိသေးတဲ့ အားနည်းချက် ရှိနေပါတယ်။ 

.

လက်ရှိတွင် တရုတ်နိုင်ငံရဲ့ အကြီးဆုံး VR ကုမ္ပဏီမှာ Pico ဖြစ်ပါတယ်။TikTok ပိုင်ရှင် ByteDance က ယမန်နှစ်က ဝယ်ယူခဲ့ပါတယ်။ ကမ္ဘာ့ VR စျေးကွက်တွင် 4.5% ရှယ်ယာပိုင်ဆိုင်ထားပါတယ်။

.

၂၀၂၃ မှာ ကမ္ဘာ့VR လုပ်ငန်းကဏ္ဍထဲ headset မျိုးဆက်သစ်ကို Meta၊ Pico နှင့် Sony တို့ ထုတ်လုပ်ကြပါလိမ့်မယ်။

Source Bangkokpost

Read times
Rate this item
(0 votes)