ဘဏ်လုပ်ငန်းများကို ဝယ်ယူရန် Binance စီအီးအို စဉ်းစားချင့်ချိန်လျက်ရှိ

ဘဏ်လုပ်ငန်းများကို ဝယ်ယူရန် Binance စီအီးအို စဉ်းစားချင့်ချိန်လျက်ရှိ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  

Binance တည်ထောင်သူနှင့် စီအီးအို Changpeng Zhao သည် Lisbonမြို့တွင် ကျင်းပသည့်  Web Summit ကွန်ဖရင့်တွင် အင်တာဗျူးတစ်ခုမှာ  Zhao  က သမားရိုးကျ ဘဏ်လုပ်ငန်းများနှင့် ခရစ္စပတိုငွေကြေးလောကတို့အကြား ကွာဟချက်ကို ပေါင်းကူးတံတားထိုးရန် ဖြစ်နိုင်မည့် အလားအလာရှိသောဘဏ်များကို ဝယ်ယူဖို့ စဉ်းစားချင့်ချိန်နေကြောင်း ပြောကြားခဲ့သည်။ 

.

မည်သည့်ဘဏ်များးကို ဝယ်ယူရန် စိတ်ကူးရှိကြောင်းကိုမူ Zhao က ဘဏ်အမည်များ ပြောကြားခြင်း မပြုချေ။ 

.

“ပြည်တွင်းလိုင်စင် ရထားတဲ့သူတွေ ရှိနေတယ်။ သူတို့ရထားတဲ့ လိုင်စင်က သမားရိုးကျ ဘဏ်လုပ်ငန်း၊ ငွေပေးချေရန် ဝန်ဆောင်မှုပေးအပ်ခြင်းတို့ကို လုပ်ကိုင်ခွင့် ရှိတယ်။ ဘဏ်တွေ ဖွင့်ခွင့်လည်း ရှိတယ်။ ကျွန်တော်တို့က အဲဒီလို လိုင်စင်ရထားတဲ့သူတွေထံမှ လိုင်စင်ကို ဝယ်ယူဖို့ လိုက်ရှာနေပါတယ်" ဟု သူက ပြောကြားသည်။ 

.

ဘဏ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံခြင်းသည် Binance အတွက် စမတ်ကျသောဗျူဟာတစ်ခုဖြစ်ကြောင်း Zhao မှ မှတ်ချက်ပြုခဲ့သည်။

crypto လဲလှယ်မှုသည် ဘဏ်တစ်ခုနှင့် အလုပ်လုပ်သောအခါ  Binance သည် သုံးစွဲသူအသစ်များစွာကို ၎င်းဘဏ်မှာ စာရင်းဖွင့်စေခြင်းဖြင့် ဘဏ်၏ တန်ဖိုးကို တိုးမြှင့်ပေးနိုင်သည်ဟု သူက ပြောကြားသည်။ 

.

Binance တွင် ဘဏ်လုပ်ငန်းလိုင်စင် ဝယ်ယူမှုများအတွက် သုံးစွဲရန် ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရန်ပုံငွေရှိကြောင်း Zhao က ပြောကြားသည်။ 

.

Elon Musk က Twitter ကို ကန်ဒေါ်လာ ၄၄ ဘီလီယံဖြင့် ဝယ်ယူသိမ်းပိုက်ရာတွင် Zhao က  ကန်ဒေါ်လာ သန်း ၅၀၀ ထည့်ဝင်ခဲ့သည်။ 

Source coindesk

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)