Huawei က HarmonyOS ဖြင့် အသက်ဆက်

Huawei က HarmonyOS ဖြင့် အသက်ဆက်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Huawei စမတ်ဖုန်းများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဈေးကွက်ဝေစု လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

၂၀၁၉ တွင် အမေရိကန်အစိုးရက Huawei အပေါ် ပိတ်ပင်မှုများ ပြုလိုက်သည်။ တားမြစ်ပိတ်ပင်ချက်ကြောင့် Huawei သည် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနမှ လိုင်စင်မရယူဘဲ မည်သည့်အမေရိကန်ကုမ္ပဏီနှင့်မဆို အလုပ်လုပ်ခွင့် မရှိတော့‌ချေ။

ထိုတားမြစ်ချက်ကြောင့် Google ဝန်ဆောင်မှုများကို Huawei သုံးစွဲခွင့် မရတော့ချေ။ သို့ဖြစ်ရာ လုပ်ငန်းလည်ပတ်စနစ် အတွက် Android ကို သုံးခွင့် မရတော့ချေ။ သို့ဖြစ်ရာ ကိုယ်ပိုင်လုပ်ငန်းလည်ပတ်စနစ် မရမဖြစ် လိုအပ်လာသည်။ Huawei က ကိုယ်ပိုင်လုပ်ငန်းလည်ပတ်စနစ်ဖြစ်သော HarmonyOS ကို မွေးဖွားလိုက်သည်။ Google ဝန်ဆောင်မှုများ မရသဖြင့် Huawei မပြေးနိုင်တော့သော်လည်း HarmonyOS ဖြင့် လျှောက်လှမ်းရင်း ရှေ့သို့ ခရီးဆက်ခဲ့ရသည်။ မပြေးနိုင်တော့သော်လည်း လျှောက်လှမ်းနေနိုင်ဆဲဖြစ်သည့် Huawei ကို အမေရိကန်အစိုးရက နောက်ထပ်စည်းကမ်းအသစ်ဖြင့် ထိုးနှက်လိုက်ပြန်သည်။

ပထမတားမြစ်ချက် ထုတ်ပြန်ခဲ့ပြီး လအတန်ကြာတွင် ဒုတိယတားမြစ်ချက်ကို ထုတ်ပြန်ခဲ့သည်။

 

Annotation_2022-11-10_030448.jpg

 

 ပထမတားမြစ်ချက်သည် အမေရိကန်ကုမ္ပဏီများနှင့်သာ သက်ဆိုင်သည်။

ဒုတိယတားမြစ်ချက်သည် အမေရိကန်ကုမ္ပဏီများသာမက တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံများမှ ကုမ္ပဏီများပါ အကျုံးဝင်နေသည်။

ဒုတိယတားမြစ်ချက်တွင် အမေရိကန်မှ မည်သည့်နည်းပညာကိုမဆို သုံးစွဲထားသည် ဆိုပါလျှင် Huawei နှင့် အလုပ်လုပ်ရန် လိုင်စင်ရယူရမည်ဟု ပြဋ္ဌာန်းထားသည်။

Huawei ရှေ့ဆက် လျှောက်လှမ်းဖို့ အတော်ခက်ခဲသွားစေသည်။

ကုန်ထုတ်လုပ်ငန်းများတွင် အမေရိကန်မှ နည်းပညာဖြင့် ကင်းသူ မရှိချေ။ ၎င်းတို့ ထုတ်လုပ်သော ပစ္စည်းကို Huawei သုံးလိုပါက လိုင်စင် လိုအပ်မည် ဖြစ်သည်။ လိုင်စင် ရနိုင်ခြေ မရှိချေ။ထိုကာလတွင် Huawei ၏ Kirin ချစ်ပ်သည် အကောင်းဆုံးချစ်ပ် ဖြစ်နေခဲ့သည်။

 

3.png

Kirin ချစ်ပ်သည် ဘက်ထရီ ကြာကြာခံသည်။ မြန်ဆန်သည်။ အပူမများအောင် စီမံပေးထားသည်။ ကွန်ရက်ချိတ်ဆက်မှု သာလွန်ကောင်းမွန်သည်။

၂၀၂၀ Antutu Benchmark စာရင်းတွင်  Kirin 9000 သည် အမှတ်အများဆုံးရခဲ့ပြီး ထိပ်ဆုံးမှာ ရှိနေခဲ့သည်။ ထိုစဉ်က Bionic A14 နှင့် Snapdragon 888 ချစ်ပ်များထက် Kirin 9000 က ပိုသာသည်။

သို့သော် ဒုတိယတားမြစ်ချက်ကြောင့် Huawei သည် ကိုယ်ပိုင်ချစ်ပ်ဖြစ်သော Kirin ချစ်ပ်ကို သုံးခွင့်မရတော့ချေ။ Kirin ချစ်ပ် ဒီဇိုင်းကို Huawei က ဒီဇိုင်းထုတ်ပေးပြီး ချစ်ပ်ကို တိုင်ဝမ်မှ Taiwan Semiconductor Manufacturing Company (TSMC) က ပုံသွန်းပေးသည်။  TSMC သည် တိုင်ဝမ်ကုမ္ပဏီဖြစ်သဖြင့် အမေရိကန်ကုမ္ပဏီ မဟုတ်သောကြောင့် ပထမပြဋ္ဌာန်းချက်နှင့် မသက်ဆိုင်သော်လည်း ဒုတိယပြဋ္ဌာန်းနှင့် ငြိစွန်းနေသည်။

TSMC ချစ်ပ်သွန်းလောင်းသည့် လုပ်ငန်းစဉ်တွင် အမေရိကန်နည်းပညာကို သုံးစွဲထားသည်။ သို့ဖြစ်ရာ TSMC သည် Huawei အတွက် Kirin ချစ်ပ်များကို ဆက်လက်ထုတ်လုပ်ရန်အတွက် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနထံမှ အထူးလိုင်စင်တစ်ခု လိုအပ်ပါသည်။

သို့ဖြစ်ရာ Huawei သည် Kirin ချစ်ပ်ကို ထုတ်လုပ်ဖို့ လမ်းပိတ်နေသည်။

အမေရိကန်အစိုးရက Huawei ကို တံခါးတစ်ပေါက် ဖွင့်ပေးထားသည်မှာ Snapdragon ချစ်ပ်ကို သုံးခွင့်ပေးထားသည်။ သို့ရာတွင် 4G အမျိုးအစားကိုသာ ပေးထားသည်။ 5G ချစ်ပ်များ အားလုံးကို တားမြစ်ထားသည်။

သို့ဖြစ်ရာ Huawei သည် 4G စမတ်ဖုန်းကိုသာ ထုတ်လုပ်နိုင်သည်။ 5G ကွန်ရက်ကို ချိတ်ရန် 5G ချိတ်ပေးသည့် ကျောစွပ်တစ်ခု တပ်ဆင်ပြီး 4G စမတ်ဖုန်းဖြင့် 5G ကို သုံးကြရသည်။

 

jacket_5G_6G.png

ယခုအခါ Qualcomm Snapdragon 4G ချစ်ပ်သည် ခေတ်နောက်ကျကျန်ရစ်ပြီ ဖြစ်သဖြင့် Huawei စမတ်ဖုန်းသည် တစ်ဆင့်ခံ ကျောစွပ်ဖြင့် ခေတ်ကို အမီလိုက်နေရသည်။

Huawei ၏ အခြေအနေမှာ အားရစရာ မရှိသော်လည်း အားရစရာတစ်ခု Huawei ထံမှာ ရှိနေသည်။ ၎င်းမှာ လုပ်ငန်းလည်ပတ်စနစ် operating system  HarmonyOS ဖြစ်သည်။။

ယခုနှစ်တွင် HarmonyOS 3.0 ကို စတင်ဖြန့်ဖြူးခဲ့သည်။ HarmonyOS ကို စမတ်ဖုန်းတွင် တင်သည့် အရေအတွက် သန်း ၃၂၀ ကျော်သွားပြီ ဖြစ်သည်။ Android နှင့် iOS ပြီးလျှင် HarmonyOS သည် ကမ္ဘာ့တတိယအကြီးဆုံး မိုဘိုင်း လုပ်ငန်းလည်ပတ်စနစ် ဖြစ်သည်။

 

Annotation_2022-11-10_025440.jpg

 

၂၀၁၉ တွင် HarmonyOS ကို စတင်ဖြန့်ဖြူးစဉ်က HarmonyOS သည် Huawei ပစ္စည်းကိရိယာများ အတွက်သာ မဟုတ်ကြောင်း အတိအလင်း ကြေညာခဲ့သည်။ အခြားလုပ်ငန်းများမှ ရေခဲသေတ္တာများ၊ မိုက်ခရိုဝေ့ဖ်များ၊ စမတ်မီးသီးများ၊ ရုပ်မြင်သံကြားများ အစရှိသည်တို့တွင်လည်း HarmonyOS ကို သုံးနိုင်ပါကြောင်း ကြေညာခဲ့သည်။

သို့ဖြစ်ရာ အခြားထုတ်ကုန်များတွင် HarmonyOS သုံးစွဲထားသည့် အရေအတွက်သည် သန်း ၂၅၀ ကျော်သို့ ရောက်ရှိနေပြီဖြစ်သည်။

 

Annotation_2022-11-10_030642.jpg

 

 

အက်ပ်ဈေးခင်းတွင် Huawei ၏ App Gallery သည် အက်ပ်ခုရေ ၂၂၀,၀၀၀ ကျော် ရှိနေပြီး လစဉ်ပုံမှန် သုံးစွဲသူဦးရေ သန်း ၅၈၀ ကျော် ရှိပါသည်။

Source gzchina

Huawei က HarmonyOS ဖြင့် အသက်ဆက်
Read times
Rate this item
(1 Vote)