Telenor ပါကစ္စတန်မှ ဒေါ်လာ ၁ ဘီလီယံဖြင့် ထွက်ခွာရန် မျှော်မှန်းထား

Telenor  ပါကစ္စတန်မှ ဒေါ်လာ ၁ ဘီလီယံဖြင့် ထွက်ခွာရန် မျှော်မှန်းထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တယ်လီနောက ပါကစ္စတန် မိုဘိုင်းဈေးကွက်မှ ထွက်ခွာရန် အစီအစဉ်များကို ဆက်လက်လုပ်ဆောင်နေပြီး ကန်ဒေါ်လာ ၁ ဘီလီယံ ရောင်းချဖို့ ဈေးခေါ်ထားပါတယ်။ 

.

 နော်ဝေနိုင်ငံပိုင် တယ်လီနောသည် Telenor Pakistan အတွက် အလားအလာရှိသော လေလံဆွဲမည့်သူများကို ဖိတ်‌ေခါ်ရန် Citigroup နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း Bloomberg က သတင်းဖော်ပြသည်။

.

အရှေ့အလယ်ပိုင်းနှင့် အာရှနိုင်ငံများမှ  Telenor Pakistan ကို ဝယ်ယူရန် စိတ်ဝင်စားနေသည့် လုပ်ငန်းများအတွက် ပထမအကြိမ် လေလံပွဲကို ယခုလနှောင်းပိုင်းတွင် ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။

တယ်လီနောသည် ပါကစ္စတန်တွင် လုပ်ငန်းလည်ပတ်မှုအပေါ် ဒေါ်လာ ၂၄၄ သန်း ချို့ယွင်းချက်ရှိကြောင်း ဇူလိုင်လတွင် ကြေညာခဲ့သည်။

.

တယ်လီနောသည် မကြာသေးမီက အာရှကဏ္ဍအပိုင်းအကန့်အတွက် Telenor Asia ကို တည်ထောင်ပြီး တစ်လအကြာတွင် Telenor Pakistan ကို ရောင်းချမည်ဖြစ်ကြောင်း ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

.

Telenor Asia ကို စင်ကာပူတွင် ရုံးချုပ်တည်ရှိပြီး  ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ ပါကစ္စတန်နှင့် ထိုင်းနိုင်ငံတို့တွင် တယ်လီနော၏ လုပ်ငန်းဆောင်ရွက်မှုများအတွက် အပြည့်အဝ တာဝန်ယူကြီးကြပ် သည်။

Telenor သည် စကင်ဒီနေဗီးယားနိုင်ငံများနှင့် အာရှတွင် သုံးစွဲသူ ၁၇၅ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိသည်။

မလေးရှားနှင့် ထိုင်းတို့တွင် ပြိုင်ဘက်လုပ်ငန်းနှင့် မဟာဗျူဟာမြောက် လုပ်ငန်းပူးပေါင်းရန် သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့သည်။

မလေးရှားတွင် သက်တမ်းအရင့်ကြာဆုံး ဆက်သွယ်ရေးလုပ်ငန်း Celcom နှင့် ကုမ္ပဏီတစ်ခုတည်းအဖြစ် ပူးပေါင်းခဲ့သည်။

ထိုင်းတွင် ထိုင်းနိုင်ငံ၏ အကြီးဆုံး အင်တာနက်ဝန်ဆောင်မှု လုပ်ငန်း True Corporation နှင့် ကုမ္ပဏီတစ်ခုတည်းအဖြစ် ပူးပေါင်းခဲ့ပါသည်။

Source datacenterdynamic

Read times
Rate this item
(0 votes)