အိန္ဒိယမှ Foxconn စက်ရုံ လုပ်သားအင်အား ၄ ဆ တိုးရန်စီစဉ်

အိန္ဒိယမှ  Foxconn စက်ရုံ လုပ်သားအင်အား ၄ ဆ တိုးရန်စီစဉ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Apple ထံမှ ကန်ထရိုက် ရယူပြီး ပစ္စည်းများ တပ်ဆင် ထုတ်လုပ်ပေးသူ  Foxconn သည် အိန္ဒိယရှိ ၎င်း၏ iPhone စက်ရုံတွင်  ၂နှစ်တာအတွင်း လုပ်သားအင်အား လေးဆ တိုးမြှင့်ပေးရန် စီစဉ်နေသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်လော့ဒေါင်းကြောင့် အနှောင့်အယှက်များ ကြုံနေရပြီး  ထုတ်လုပ်မှု လျော့ကျနေသည်ကို ချိန်ညှိပေးနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်။

Foxconn သည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ၎င်း၏ ကမ္ဘာ့အကြီးဆုံး iPhone စက်ရုံဖြစ်သော Zhengzhou စက်ရုံတွင် ဗိုင်းရပ်စ်ကန့်သတ်ချက်များ တင်းကျပ်စွာဆောင်ရွက်ခဲ့သဖြင့် ကုန်ထုတ်လုပ်မှုများ ကမောက်ကမ ဖြစ်ခဲ့ရသည်။ နောက်နောင်တွင်လည်း အလားတူဖြစ်ရပ်မျိုးများကို အချိန်မရွေး အကြိမ်ကြိမ် ကြုံရဖွယ်ရှိသည်။

၎င်းဖြစ်ရပ်ကြောင့် Apple သည် iPhone 14 စီးရီးမှ Pro မော်ဒယ်များ ဈေးကွက်ထဲ ပေးပို့ရန် လျာထားချက်ကို လျှော့ချပြီး ပြင်ဆင်သတ်မှတ်ခဲ့ရသည်။ ခရစ်စမတ်ကာလ ရောင်းအားတက်ချိန်မှာ iPhone 14 Pro မော်ဒယ်များ အလုံအလောက် မရသည့် ပြဿနာကို ကြုံရဖွယ် ရှိနေသည်။

.

ထိုင်ဝမ်အခြေစိုက် Foxconn သည် ယခုအခါ အိန္ဒိယတောင်ပိုင်းရှိ ၎င်း၏စက်ရုံတွင် လာမည့် ၂နှစ်အတွင်း လုပ်သားဦးရေ ၅၃,၀၀၀ ထပ်တိုးပြီး စုစုပေါင်း ၇၀,၀၀၀ ဝန်းကျင်အထိ ထားရှိမည် ဖြစ်သည်။

Tamil Nadu စက်ရုံအရွယ်အစားကို Zhengzhou စက်ရုံနှင့် ယှဉ်ကြည့်လျှင် Tamil Nadu စက်ရုံသည် စက်ရုံအသေးစား ဖြစ်နေသည်။ 

Zhengzhou စက်ရုံတွင် လုပ်သားဦးရေ ၂ သိန်းကျော် ရှိသည်။

ယခုလို Tamil Nadu စက်ရုံ ထုတ်လုပ်မှု တိုးချဲ့ခြင်းသည် Apple ၏ ထုတ်လုပ်မှုကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရန် ကြိုးပမ်းမှုနှင့်လည်း ကိုက်ညီသည်။

 

Foxconn_ert.png

.

Foxconn ၏ မူရင်းကုမ္ပဏီဖြစ်သော  Hon Hai Precision Industry Co Ltd သည် ၂၀၁၉ တွင် အိန္ဒိယနိုင်ငံမှာ စက်ရုံ စတင်ဖွင့်လှစ်ခဲ့သည်။ ယခုနှစ်တွင် iPhone 14 စတင်ထုတ်လုပ်သည်။

 

Foxconn ဥက္ကဋ္ဌ Liu Young-way က ကုမ္ပဏီသည် ၎င်း၏ ထုတ်လုပ်မှု စွမ်းရည်နှင့် ထုတ်လုပ်မှုကို ချိန်ညှိမည်ဖြစ်ရာ ခရစ္စမတ်နှင့် တရုတ်နှစ်သစ်ကူး ကာလများ ရောင်းအား မြင့်တက်ချိန်မှာ ကိုဗစ်လော့ဒေါင်း ကြုံရလျှင်လည်း 

ပစ္စည်းအလုံအလောက် ရရှိစေမည် ဖြစ်သည်ဟု ပြောကြားသည်။

 

Foxconn_23.png

 

 

Tamil Nadu စက်ရုံသည် iPhone အပြင် အခြား brand အချို့အတွက်လည်း စမတ်ဖုန်းများ တပ်ဆင်ထုတ်လုပ်ပေးသည်။ 

.

ပြီးခဲ့သည့်နှစ်တွင် Foxconn ၏တမီလ်နာဒူးစက်ရုံ လုပ်သားများ အစုလိုက်အပြုံလိုက် အစာအဆိပ်သင့်ခဲ့ရာမှ ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။

စက်ရုံအနီးရှိ အဆောင်တွင် လုပ်သားများ နေထိုင်ကြရသည့် အခြေအနေ ဆိုးဝါးကြောင်း ထုတ်ဖော် ပြောကြားခဲ့ကြသည်။

.

Foxconn_345.png

 

လက်ရှိတွင်၊ iPhone များကို Apple ထံမှ ကန်ထရိုက် ရယူပြီး တပ်ဆင်ထုတ်လုပ်သည့် လုပ်ငန်း ၃ ခုတို့ အိန္ဒိယတွင် လုပ်ကိုင်လျက်ရှိသည်။  Tamil Nadu ရှိ Foxconn နှင့် Pegatron ၊  အနီးအနားမှ Karnataka ပြည်နယ်ရှိ Wistron တို့ ဖြစ်ပါသည်။ 

.

Apple ၏ ထုတ်လုပ်မှုကို တရုတ်နိုင်ငံပြင်ပသို့ ပြောင်းရန် ကြိုးပမ်းမှုကြောင့် ၂၀၂၅ တွင် iPhones ၄ လုံး ထုတ်လုပ်လျှင် ၁ လုံးသည် အိန္ဒိယတွင် ထုတ်လုပ်သည့် iPhones ဖြစ်လိမ့်မည်။

Apple ၏ ပစ္စည်းများ ဖြစ်သည့် Mac, iPad, Apple Watch,  AirPods ထုတ်လုပ်မှုများတွင် ယခုအခါ တရုတ်ပြည် ပြင်ပ ထုတ်လုပ်မှု ၅% ရှိပြီး ၂၀၂၅ တွင် အနည်းဆုံး ၂၅% ရှိလာမည်။

Source Reuters

Read times
Rate this item
(0 votes)