MPT မှ တန်ဆောင်တိုင်ကာလ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမှုများ စတင်ဆောင်ရွက်

MPT မှ တန်ဆောင်တိုင်ကာလ အထိမ်းအမှတ်အဖြစ် မြန်မာ့ရိုးရာဓလေ့ကို ထိန်းသိမ်းခြင်းနှင့်အတူ နိုင်ငံတစ်ဝန်းလုံးတွင် ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းမှုများ စတင်ဆောင်ရွက် 

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် “အတူလက်တွဲ အမြဲရှိမည်”ဟူသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည့်နယ်များရှိ နေရာဒေသ (၂၄)ခုမှ ဘိုးဘွားရိပ်သာများနှင့် အခြားလိုအပ်နေသော နေရာများသို့ တန်ဆောင်တိုင် ကာလ အထိမ်းအမှတ်အဖြစ်  နိုဝင်ဘာလ ၈ရက်နေ့မှ စတင်ကာ နိုင်ငံတစ်ဝန်းလုံးတွင် လှူဒါန်းမှုများ ဆောင်ရွက်လိုက်ပြီ ဖြစ်သည်။ 

MPT က တန်ဆောင်တိုင်ကာလ အထိမ်းအမှတ်အဖြစ် မြန်မာ့ယဥ်ကျေးမှုဓလေ့ကို ထိန်းသိမ်းခြင်းနှင့် သုံးစွဲသူများသို့ ကျေးဇူးတုံ့ပြန်သည့် အနေဖြင့် မြန်မာကျပ်ငွေ သိန်း (၅၅၀)တန်ဖိုးရှိ အခြေခံစားသောက်ကုန်များနှင့် လှူဒါန်းငွေများကို လှူဒါန်းခြင်းဖြစ်ပါသည်။ ဦးထုပ်၊ မျက်နှာနှင့် နှာခေါင်းစည်းများ၊ တဘက်များစသည့် လှူဖွယ်ပစ္စည်းများကိုလည်း နိုင်ငံတစ်ဝန်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ မိဘမဲ့ကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ လှူဒါန်းလိုက်ပြီဖြစ်ပါသည်။ လှူဒါန်းမှု လုပ်ငန်းစဥ် တစ်ခုလုံးကို နိုင်ငံတစ်ဝန်းရှိ MPT ၏ ရုံးခွဲများအသီးသီးက ဆောင်ရွက်ခြင်းဖြစ်ပါသည်။ 

စစ်မှန်သည့် ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPTအနေဖြင့် ယင်း၏  တာဝန်သိလူမှုအကျိုးပြု လုပ်ငန်းများကို ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့်စီးပွားရေးလုပ်ငန်းငယ် စသည့် အဓိက မဏ္ဍိုင်ကြီး သုံးရပ်တွင် ဆောင်ရွက်နေခြင်းနှင့်အတူ မြန်မာ့လူမှုအသိုက်အဝန်းသို့ အမြဲတစေ အထောက်အပံ့ပြု ဆောင်ရွက်သွားမည့် သန္နိဌာန်နှင့်အတူ ကဏ္ဍများစွာတွင်ထောက်ပံ့လုပ်ဆောင်လျက်ရှိပါသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း အများပြည်သူတို့သို့ ဆေးကုသမှုပေးရာတွင် အထောက်အကူဖြစ်ရန်အတွက် မျက်စိစမ်းသပ်ခန်းတွင် အသုံးပြုသည့် အမေရိကန်ဒေါ်လာ ၄၈၀၀ တန်ဖိုးရှိသည့် Non-contact Tonometer (NCT) CT-800 ရေတိမ်တိုင်းစက်ကို မြန်မာ့မီးရထားဆေးရုံ (အင်းစိန်) သို့ လှူဒါန်းခဲ့ပြီး မြန်မာနိုင်ငံကြက်ခြေနီ အသင်းသို့လည်း လူမှုကရုဏာလုပ်ငန်းဆောင်ရွက်ချက်များအတွက် မြန်မာကျပ်ငွေ သိန်း(၅၀၀) ကို လှူဒါန်း ခဲ့ပါသည်။ MPT မှ ယနေ့အချိန်အထိ နိုင်ငံတစ်ဝန်းရှိ လိုအပ်နေသော နေရာများကို အထောက်အပံ့ပြုဆောင်ရွက်ခဲ့ပြီးဖြစ်ကာ တာဝန်သိလူမှုအကျိုးပြုလုပ်ငန်း များအဖြစ် လူမှုအသိုက်အဝန်းအတွက် အကျိုးရှိစေမည့် ကူညီပံ့ပိုးပေးမှုများကို  ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ 

MPT ကိုအစဥ်တစိုက် သုံးစွဲသူများ၏ အကူအညီနှင့် အားပေးမှုကြောင့်သာ ယခုကဲ့သို့ လှူဒါန်းမှုများကို ဆောင်ရွက်နိုင်ခြင်းဖြစ်ပါသည်။ MPT အနေနှင့် ယခုလို မတူညီသောကဏ္ဍများအတွက် လူမှုအကျိုးပြုလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ သုံးစွဲသူများ၏ ထောက်ခံအားပေးမှုကို ကျေးဇူးအထူးတင်ရှိပြီး MPT က လူမှုအသိုက်အဝန်းနှင့်အတူ ဆက်လက်၍ ရှေ့သို့လှမ်းချီဆောင်ရွက် သွားမည် ဖြစ်ပါသည်။  

MPT ၏ လူမှုအသိုက်အဝန်းအတွင်း တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်သည့် အချက်လက်များကို တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး MPT ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး သိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

  

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအကြောင်း  

  

MPT သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာဖြစ်ပြီး၊ နှစ်ပေါင်း ၁၃၀ ကျော် ကြာအောင် ဆက်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုတွင် ဦးဆောင်လာခဲ့သူဖြစ်ပါသည်။ ကြိုးဖုန်းနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ဝန်ဆောင်မှုများအား ပြည်သူများနှင့် စီးပွားရေးလုပ်ငန်းရှင်များထံ ဆောင်ရွက်ပေးလျက်ရှိပြီး တစ်နိုင်ငံလုံးသို့ လွှမ်းခြုံထားသည့် အကြီးမားဆုံး 3G ကွန်ရက်ကို ပိုင်ဆိုင်ထားကာ မြန်မာနိုင်ငံ၏ အမြန်ဆုံးနှင့် အဆင့်အမြင့်ဆုံး MIMO 4X4 နည်းပညာ အသုံးပြုထားသော 4G/ LTE+ ကွန်ရက်ကိုလည်း ပိုင်ဆိုင်ထားပါသည်။  

   

၂၀၁၄ ဇူလိုင်လတွင် MPT သည် KDDI Summit Global Myanmar (KSGM) နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် အား လက်မှတ်ရေးထိုးခဲ့ပါသည်။ KSGM သည် ဂျပန်ပူးပေါင်းဆောင်ရွက်သူများဖြစ်ကြသည့် KDDI Corporation (KDDI) နှင့် Sumitomo Corporation (Sumitomo) တို့မှ ပိုင်ဆိုင်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား အရှိန်မြှင့်တင်နိုင်ရန်အတွက် MPT အနေဖြင့် KDDI နှင့် Sumitomo တို့ ပူးပေါင်းပြီး ဆယ်နှစ်အတွင်း ဒေါ်လာ ၂ ဘီလျံ ရင်းနှီးမြှုပ်နှံကြရန် ရည်ရွယ်ခဲ့ကြပါသည်။ အဆိုပါဆောင်ရွက်ချက်မှာ မြန်မာနိုင်ငံသမိုင်းတွင် ဂျပန်နိုင်ငံ၏ အကြီးမားဆုံးသော ရင်းနှီးမြှုပ်နှံမှုများထဲမှ တစ်ခု ဖြစ်ခဲ့ပါသည်။  

   

MPT အနေဖြင့် ဝန်ထမ်းပေါင်း ၈ ထောင်ကျော်နှင့်အတူ KSGM နှင့် ပူးပေါင်းပြီး ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအား စဉ်ဆက်မပြတ် အားစိုက်ဆောင်ရွက်နေကာ တာဝန်သိမှုလူမှုအကျိုးပြုလုပ်ငန်း (Corporate Social responsibility) ဆိုင်ရာ တန်ဖိုးများအား လေးစားလိုက်နာလျက် မြန်မာနိုင်ငံအား ရှေ့သို့လှမ်းနိုင်စေ ရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် လက်ရှိတွင် သုံးစွဲသူ ၂၁ သန်းကျော်ကို ဝန်ဆောင်မှုပေးလျက်ရှိပါသည်။  

   

အခြားသောအချက်အလက်များနှင့် ပိုမိုတိကျသည့် စည်းမျဉ်းစည်းကမ်းများအတွက် www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ (သို့မဟုတ်) ၁၀၆ သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါသည်။  မြန်မာနိုင်ငံအတွင်းရှိ လူငယ်ဖွံ့ဖြိုးတိုး တက်ရေး အစီအစဉ်များနှင့်ပတ်သက်၍ MPT ၏ လှုပ်ရှားမှုများအား ပိုမိုသိရှိလိုပါက http://mptcsr.foc.lotayamm.com/mptyouth သို့ သွားရောက်ပြီး သတင်းအချက်အလက်များ စုံလင်စွာပါရှိသည့် ကော်ပိုရိတ်ဗွီဒီယိုအား အခမဲ့ကြည့်ရှုနိုင်ပါသည်။

 

 

MICTG

Read times
Rate this item
(0 votes)