Cloud နည်းပညာ၏ ရှုပ်ထွေးမှုများက အာရှ-ပစိဖိတ်ဒေသ၏ အောင်မြင်နိုင်မှုအလားအလာကို နှောင့်နှေးစေသည် - VMware ၏ ရှာဖွေတွေ့ရှိချက်များ

Cloud နည်းပညာ၏ ရှုပ်ထွေးမှုများက အာရှ-ပစိဖိတ်ဒေသ၏ အောင်မြင်နိုင်မှုအလားအလာကို နှောင့်နှေးစေသည် - VMware ၏ ရှာဖွေတွေ့ရှိချက်များ

အာရှ-ပစိဖိတ်ဒေသတစ်ဝှမ်းရှိ အဖွဲ့အစည်းများသည် cloud အသုံးပြုနည်းပညာကို ကျယ်ပြန့်စွာ အသုံးပြုနေကြပြီ ဖြစ်သော်လည်း multi-cloud နည်းဗျူဟာများဖြစ်သည့် Cloud First မှ Cloud Smart သို့ အဆင့်မြှင့်တင်ပြောင်းလဲ အသုံးပြုရန် လိုအပ်လာပြီ ဖြစ်ကြောင်း လေ့လာ တွေ့ရှိချက်များက ဖော်ပြလျက်ရှိပါသည်။

.

Multi-cloud နည်းပညာကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် လိုအပ်သော ပုံဖော်နိုင်စွမ်းရှိမှု၊ ကုန်ကျစရိတ်၊ လုံခြုံစိတ်ချရမှု၊ ပညာရပ်ကျွမ်းကျင်မှုတို့ကို ပိုမို ထိန်းချုပ်အသုံးပြု နိုင်မည်ဆိုပါက cloud နည်းပညာများကို ဗျူဟာကျကျ အသုံးချနိုင်မည်ဖြစ်ပြီး လုပ်ငန်းတိုးတက်မှုကို များစွာ မြန်ဆန်စေနိုင်မည်ဖြစ်သည်။

.

mware ၏ စီစဉ်ထောက်ပံ့မှုဖြင့် Vanson Bourne ၏ လေ့လာချက်အသစ်များအရ အာရှ-ပစိဖိတ်ဒေသတွင်း စီးပွားရေး လုပ်ငန်းများ၊ အဖွဲ့အစည်းများသည် multi-cloud နည်းပညာကို ထဲထဲဝင်ဝင် အသုံးချလျက်ရှိသော်လည်း ယင်းအဖွဲ့အစည်းတို့၏ ရာခိုင်နှုန်း အတော်များများမှာ multi-cloud နည်းပညာကို ဗျူဟာမြောက်စွာ အသုံးပြုနိုင်မှု နည်းပါးနေသေးကြောင်း တွေ့ရှိရပါသည်။ စစ်တမ်းကောက်ခံချက်အရ ပါဝင်ဖြေဆိုသော အာရှ-ပစိဖိတ် လုပ်ငန်းများအားလုံး၏ ၇၀ ရာခိုင်နှုန်းမှာ အများသုံး cloud ဝန်ဆောင်မှုအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပြီး ၃၈ ရာခိုင်နှုန်းသာ အဆိုပါ နည်းပညာဝန်ဆောင်မှုကို စနစ်တကျ သုံးစွဲနေကြကြောင်း သိရသည်။ ပိုမိုကြီးမားသည့် စိန်ခေါ်မှုတစ်ရပ်မှာ စစ်တမ်းဖြေဆိုခဲ့သည့် အာရှ-ပစိဖိတ် လုပ်ငန်း အဖွဲ့အစည်းများတွင် ယင်းတို့၏ အက်ပလီကေးရှင်းများ နှင့် cloud နည်းပညာဖြင့် ဆောင်ရွက်နိုင်ရန် ရေးဆွဲထားသည့် လုပ်ငန်းဗျူဟာများ အကြားတွင် ကွာဟချက်များ ရှိနေကြောင်း အထောက်အထားများ တွေ့ရသည်။ multi-cloud နည်းပညာ သုံးစွဲနေသည့် အဖွဲ့အစည်းအများစုဖြစ်သည့် ၉၀ ရာခိုင်နှုန်းသည် ယင်းတို့၏ အက်ပလီကေးရှင်းများကို cloud ဝန်ဆောင်မှု အမျိုးမျိုးတွင် အသုံးပြု၍ရအောင် ဖန်တီးတည်ဆောက်ထားကြခြင်း ဖြစ်ကြောင်း ဖြေဆိုခဲ့ကြသည်။ ယင်းသို့ တည်ဆောက်ခြင်းဖြင့် အက်ပလီကေးရှင်း တည်ဆောက်ဖန်တီးခြင်း၊ DevOps လုပ်ငန်းစဉ်များ ဆောင်ရွက်ခြင်း နှင့် အိုင်တီ နည်းပညာပိုင်းတို့တွင် လုပ်ငန်းတွင်ကျယ်မှုနှင့် ထုတ်လုပ်နိုင်စွမ်း မြင့်တက်လာပြီး ထုတ်ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများအား စျေးကွက်သို့ မြန်ဆန်စွာ ဖြန့်ချိလာနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေပါသည်။

 .

ရလဒ်များကို ခြုံငုံကြည့်ပါက အစီရင်ခံစာတွင် ပါဝင်သော အဖွဲ့သုံးခု ဖြစ်သည့် Trailing (ပြိုင်ဖက်များထက် နောက်ကျစွာ ယခုမှ စတင်သုံးစွဲမည့်သူ)၊ Cloud Beginner (စတင် သုံးစွဲလျက် ရှိသူ)၊ Cloud Intermediate (အသင့်အတင့် သုံးစွဲနေပြီ ဖြစ်သူ) တို့တွင် Cloud Smart ဗျူဟာသုံး စီးပွားရေး လုပ်ငန်းများ (တစ်နည်းအားဖြင့် ဆန်းသစ်တီထွင်ပြီး သေချာ စိစစ်တိုင်းတာနိုင်ရန် အဆင့်မီ ကျွမ်းကျင်သော လုပ်ငန်းပတ်ဝန်းကျင်ရှိပြီး မတူညီသော ပတ်ဝန်းကျင်အမျိုးမျိုးတွင် လုပ်ငန်းလည်ပတ်နေသော လုပ်ငန်းများ) မှာ လုပ်ငန်းတူ စီးပွားရေး လုပ်ငန်းများနှင့် နှိုင်းယှဉ်ကြည့်ပါက လုပ်ဆောင်ချက် ရလဒ်များ ပိုမိုကောင်းမွန် နေသည်ကို တွေ့ရသည်။ သုတေသနအချက်အလက်များအရ Cloud Smart နှင့် Cloud Intermediate အဆင့်ရှိ အဖွဲ့အစည်းများမှာ တစ်ကမ္ဘာလုံးအနေအထားဖြင့် နှိုင်းယှဉ်ကြည့်ပါက အာရှ-ပစိဖိတ်ဒေသတွင် အများဆုံးလုပ်ကိုင်နေသော လုပ်ငန်းများဖြစ်သည်။

 .

“ရှာဖွေတွေ့ရှိချက်တွေကတော့ ရှင်းလင်းပါတယ်။ ကျွန်တော်တို့ ဒေသတွင်း လုပ်ငန်းအဖွဲ့အစည်းတွေက Cloud First ဗျူဟာသုံး ကုမ္ပဏီတွေ အဖြစ် အစဉ်တစိုက် လုပ်ငန်းဆောင်ရွက်နေကြပေမယ့် အများစုက multi-cloud နည်းပညာအသုံးပြုမှုနဲ့ပတ်သက်ရင် လက်ရှိ အနေအထားနဲ့ တိုးတက်မှုမှာပဲ ရပ်တန့်လုနီးပါး ဖြစ်နေပါတယ်။ Cloud Smart လို့ခေါ်တဲ့ cloud နည်းပညာကို အစီအစဉ်တကျ အသုံးပြုခြင်းမပြုဘဲ multi-cloud နည်းပညာဖက်ကိုသာ အသားပေး အသုံးပြုနေမယ် ဆိုရင်တော့ အက်ပလီကေးရှင်းတွေနဲ့ ဒေတာအချက်အလက်တွေက cloud အများအပြားပေါ် ရောက်ရှိသွားပြီး ပိုမို ရှုပ်ထွေးတဲ့ Cloud Chaos အဆင့်ကို ရောက်သွားနိုင်တဲ့ အန္တရာယ်မျိုး ရင်ဆိုင်ရနိုင်ပါတယ်။ Cloud Chaos ဆိုတာကတော့ မြင်သာမှုနဲ့ ထိန်းချုပ်နိုင်မှုစွမ်းအား လျော့ကျတဲ့ cloud နည်းပညာ သုံးစွဲမှုအခြေအနေ တစ်ခု ဖြစ်ပါတယ်။” ဟု Vmware ၏ အရှေ့တောင်အာရှဒေသ နှင့် ကိုရီးယားနိုင်ငံဆိုင်ရာ ဒုဥက္ကဌနဲ့ အမှုဆောင်ဒါရိုက်တာဖြစ်သူ Paul Simos မှ ပြောကြားခဲ့သည်။ “စီးပွားရေးလုပ်ငန်း အဖွဲ့အစည်းတွေအနေနဲ့ Multi-cloud အပေါ် ရင်းနှီးမြှုပ်နှံထားတာတွေကို အခုထပ်ပိုပြီး အားစိုက်တိုးချဲ့ဖို့ လိုအပ်ပါတယ်။ “Cloud-smart နည်းပညာ ဗျူဟာတွေကို ပြောင်းလဲချမှတ်ဖို့ အချိန်ရောက်လာပါပြီ။ ဒါမှသာ နောင်လာတော့မယ့် နည်းပညာ ပြောင်းလဲမှုတွေအပေါ်  ကြံ့ကြံ့ခံနိုင်ရုံလောက်တင် မဟုတ်ဘဲ cloud နည်းပညာကို စသုံးခဲ့ချိန်တည်းက အခုချိန်ထိ ရရှိနေတဲ့ လုပ်ငန်းချဲ့ထွင်နှုန်းနဲ့ အကျိုးအမြတ်ရရှိနှုန်းတွေကို အနာဂတ်မှာလည်း ဆက်လက်ထိန်းထားနိုင်မှာပါ။” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။  

 .

အာရှ-ပစိဖိတ် တစ်ဝန်းရှိ စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် Cloud Smart နည်းပညာ အသုံးပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်လာနိုင်ရန် လုပ်ဆောင်ရာတွင် နောက်တစ်ဆင့်အနေဖြင့် ထည့်သွင်းစဉ်းစားရမည့် အဓိက ကဏ္ဍ ခြောက်ခုရှိပါသည်။

·         ဝင်ငွေနှင့် အကျိုးအမြတ်ရရှိနိုင်မည့် အလားအလာကို ဖော်ထုတ်ခြင်း - စစ်တမ်းကောက်ယူထားသော အာရှ-ပစိဖိတ် အဖွဲ့အစည်းများမှာ multi-cloud နည်းပညာကို အသုံးပြုခြင်းသည် စီးပွားရေးတိုးတက်မှုအတွက် အဓိကအချက်ဖြစ်သည်ဟု ဖြေဆိုကြသော်လည်း Cloud Smart နည်းပညာသုံးအဖွဲ့အစည်းများတွင် ရရှိသည့် အကျိုးရလဒ်များမှာ ပိုမို ပေါ်လွင်ထင်ရှားနေသည်ကို တွေ့ရသည်။  အာရှ-ပစိဖိတ် ဒေသ တစ်ဝန်းရှိ Cloud Smart နည်းပညာသုံးအဖွဲ့အစည်းများ၏ ၉၇ ရာခိုင်နှုန်းသည် multi-cloud နည်းပညာ အသုံးပြုခြင်းကြောင့် ယင်းတို့၏ ဝင်ငွေနှင့် အကျိုးအမြတ်အပေါ်တွင် ကောင်းမွန်သော အကျိုးသက်ရောက်မှုများ ရှိခဲ့သည်ဟု တင်ပြကြသည်။  

·         ဒေတာကို ငွေကြေးအဖြစ်ပြောင်းလဲခြင်း - ဒေတာ monetization (ဒေတာအချက်အလက်များ အသုံးချ၍ ငွေကြေးအကျိုးအမြတ်ရရှိနိုင်မှု) သည် အရေးပါသော ဝင်ငွေအရင်းအမြစ်တစ်ခုအဖြစ် ဖွံ့ဖြိုးလာလျက်ရှိသည်။ လွန်ခဲ့သော နှစ်နှစ်ခန့်က စစ်တမ်းကောက်ယူခဲ့သော APJ အဖွဲ့အစည်းများ၏ ၂၂ ရာခိုင်နှုန်း ကသာ ဒေတာ monetization ကို အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခု အနေဖြင့် တင်ပြခဲ့သော်လည်း ယခုအခါ ၃၀ ရာခိုင်နှုန်းက အရေးပါသော ဝင်ငွေရင်းမြစ်အဖြစ် ဖော်ပြ လာကြသည်အထိ တိုးတက်လာခဲ့သည်။ Cloud Smart နည်းပညာသုံး အဖွဲ့အစည်းများကို ခွဲခြမ်းစိတ်ဖြာကြည့်ရာတွင် ကုမ္ပဏီအဖွဲ့အစည်း ၄၁ ရာခိုင်နှုန်းသည် ဒေတာ monetization ကို လက်ရှိတွင် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ကြပြီး ၇၅ ရာခိုင်နှုန်းက ၂၀၂၇ ခုနှစ်မှသာ monetization သည် အရေးပါသော ဝင်ငွေရင်းမြစ်တစ်ခု ဖြစ်လာမည်ဟု မျှော်လင့် ထားကြသည်။

·         Cloud နည်းပညာ သုံးစွဲမှု ကုန်ကျစရိတ်ကို  ပိုမိုရှင်းလင်းစွာ သိရှိနိုင်ရန် ပြုလုပ်ခြင်း - Multi cloud နည်းပညာဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် မြင်သာအောင် ပုံဖော်နိုင်စွမ်း မရှိခြင်းနှင့် ထိန်းချုပ်နိုင်စွမ်း အားနည်းခြင်း တို့သည် စီးပွားရေးလုပ်ငန်းများ၏ အခြေခံစနစ်ထိ  တိုက်ရိုက် သက်ရောက်မှုရှိနိုင်ပါသည်။  Trailing အဖွဲ့အစည်းများမှာ Cloud ကုန်ကျစရိတ်နှင့် ပက်သက်သည့် အခက်အခဲကို တွေ့ကြုံရနိုင်ခြေရှိသည့်နှုန်းမှာ Cloud Smart နည်းပညာသုံးအဖွဲ့အစည်းများနှင့် နှိုင်းယှဉ်လျှင် နှစ်ဆထက်ပိုသည်ကို သိရသည်  (၃၂ ရာခိုင်နှုန်း မှ ၇၀ ရာခိုင်နှုန်း)။

·         ဒေတာအချက်အလက် စီမံခန့်ခွဲမှု နှင့် လွှမ်းမိုးချုပ်ကိုင်မှုများကို ဖြေရှင်းခြင်း - လုပ်ငန်းအဖွဲ့အစည်းများက ကမ္ဘာတစ်ဝန်းရှိ သုံးစွဲသူများ၏ ဒေတာများကို ကောက်ယူမှုနှုန်းမှာ ယခင်ကထက် တိုးလာသည်ကို တွေ့ရသည်။ ထိုနည်းတူစွာ အစိုးရအာဏာပိုင်များကလည်း စီးပွားရေးလုပ်ငန်းများအား သက်ဆိုင်ရာ နယ်နိမိတ်အတွင်း ကောက်ယူထားရှိသော ဒေတာအချက်အလက်များကို သိမ်းဆည်းထားရန် သတ်မှတ်လာကြသည်။ လုပ်ငန်းအဖွဲ့အစည်းများ ထည့်သွင်းစဉ်းစားရန် လိုအပ်လာသည့် ကြီးထွားလာသော ဒေတာလွှမ်းမိုးချုပ်ကိုင်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်  multi-cloud နည်းပညာမှ ကူညီပေးလျက်ရှိသည်။ ၉၂ ရာခိုင်နှုန်းသော Cloud Smart နည်းပညာသုံး စီးပွားရေးလုပ်ငန်းများသည် မည်သည့်နိုင်ငံတွင်မဆို ဒေတာကို စီမံခန့်ခွဲရန် လွယ်ကူသည်ဟုပြောကြားခဲ့ပြီး Trailing အဖွဲ့အစည်းများအနက်မှ ၆၃ ရာခိုင်နှုန်းကသာ ထိုသို့ ဖြေကြားခဲ့သည်။ ထို့အပြင် Cloud Smart နည်းပညာသုံးစီးပွားရေးလုပ်ငန်းများ၏  ၈၉ ရာခိုင်နှုန်းသည် မည်သည့်နိုင်ငံတွင်မဆို ဒေတာကို လုံခြုံစွာ သိမ်းထားနိုင်ရန် လွယ်ကူသည်ဟု တင်ပြခဲ့သော်လည်း Trailing အဖွဲ့အစည်းများအနက် အလားတူ ဖြေကြားခဲ့သည်မှာ ၆၀ ရာခိုင်နှုန်းသာ ရှိခဲ့သည်။

·         လုံခြုံရေးနှင့် ထိန်းချုပ်နိုင်စွမ်းကို ပိုမိုခိုင်မာအောင် ပြုလုပ်ခြင်း - Cloud နည်းပညာသုံးစွဲမှု ပိုမိုများပြားလာသည်နှင့်အမျှ ပြင်ပအန္တရာယ်များ ဝင်ရောက်လာနိုင်သည့် ဝင်ပေါက်များ ပေါ်ပေါက်လာသည့်အတွက် “မြင့်တက်လာသော ဆိုင်ဘာလုံခြုံရေး အန္တရာယ်” သည် multi-cloud နည်းပညာဆိုင်ရာ အခက်အခဲတစ်ခု ဖြစ်ကြောင်း အဖွဲ့အစည်းများ၏ ၄၂ ရာခိုင်နှုန်းမှ ဖြေကြားခဲ့ကြသည်။

 .

Multi-cloud နည်းပညာစနစ်နှင့် ပတ်သက်၍ မြင်သာမှုအောင် ပုံဖော်နိုင်စွမ်း နှင့် ထိန်းချုပ်နိုင်စွမ်း မရှိခြင်းတို့ကို ထည့်သွင်းစဉ်းစားမည်ဆိုပါက စစ်တမ်းကောက်ယူခဲ့သော  APJ အဖွဲ့အစည်းများ၏ ၆၁ ရာခိုင်နှုန်းသည် အက်ပလီကေးရှင်းများနှင့် ဒေတာများကို clouds အများအပြားပေါ်တွင် လုံခြုံစွာ ထားရှိနိုင်ရန်အတွက် ဆိုင်ဘာလုံခြုံရေး နည်းဗျူဟာ ကို တိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်နေသည်ဟု ဖြေကြားကြခြင်းမှာ  အံ့အားသင့်ဖွယ် မရှိပါ။ နှိုင်းယှဉ်ကြည့်ပါက Cloud Smart နည်းပညာသုံးအဖွဲ့အစည်း ၁၀ ခုတွင် ၉ ခုထက် ပိုသော အဖွဲ့အစည်းများမှာ ၄င်းတို့၏ စီးပွားရေးဒေတာအချက်အလက်များကို လုံခြုံအောင် ဆောင်ရွက်ရာတွင် ထပ်မံပြင်ဆင်စရာ မရှိသလောက်နည်းသည်ဟု ဖြေကြားခဲ့ကြပါသည်။ ရာခိုင်နှုန်းအရဆိုလျှင် အဖွဲ့အစည်းများ၏ ၉၃ ရာခိုင်နှုန်းက အဖွဲ့အစည်း ဒေတာအချက်အလက်များ အတွက်၊ ၉၃ ရာခိုင်နှုန်းက ကုမ္ပဏီဝန်ထမ်း ဒေတာများအတွက်၊ ၉၂ ရာခိုင်နှုန်းက သုံးစွဲသူ ဒေတာများ အတွက် လုံခြုံအောင်ဆောင်ရွက်ရန် ထပ်မံပြင်ဆင်စရာ မရှိသလောက်နည်းပါးကြောင်း ဖြေကြားခဲ့ ကြသည်။

·         နည်းပညာရပ်ဆိုင်ရာကျွမ်းကျင်မှု ကွာဟချက်ကို  လျှော့ချပေးခြင်း - Multi-cloud နည်းပညာကို အောင်မြင်စွာသုံးစွဲနိုင်ရန် ကြိုးပမ်းရာတွင် ကြုံတွေ့ရသော အခက်အခဲတစ်ခုမှာ ကျွမ်းကျင်မှု ကွာဟချက်ပင်ဖြစ်သည်။ အာရှ-ပစိဖိတ်မှ စစ်တမ်း ဖြေကြားသူများအနက် ၄၆ ရာခိုင်နှုန်းက ၎င်းတို့ အလုပ်လုပ်ကိုင်လျက်ရှိသော အဖွဲ့အစည်းများရှိ ဝန်ထမ်းများမှာ multi-cloud နည်းပညာကို အသုံးပြုရန် ကျွမ်းကျင်မှု လိုအပ်နေသေးကြောင်း သိရှိကြသည်။ Cloud Smart နည်းပညာသုံး အဖွဲ့အစည်းများ၏  ၄၂ ရာခိုင်နှုန်းတွင်လည်း အလားတူ အခက်အခဲကို ရင်ဆိုင် နေကြရသည်။ အာရှ-ပစိဖိတ်မှ စစ်တမ်းဖြေကြားသူများ၏ ၉၁ ရာခိုင်နှုန်းသည် ကျွမ်းကျင်မှု ရှိသူများကို ခန့်အပ်ထားရှိရာတွင် ရှင်းလင်းတိကျသော multi-cloud နည်းပညာဗျူဟာ တစ်ရပ်ကို ရေးဆွဲ ကျင့်သုံးခြင်းသည် အလွန်အရေးပါကြောင်း သဘောတူညီခဲ့ကြသည်။

 .

အဖွဲ့အစည်းများတွင် Cloud နည်းပညာအသုံးပြုမှု အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို တစ်ဆင့်ချင်း ဆောင်ရွက်သွားရာတွင် ကူညီပံ့ပိုးနိုင်ရန် အတွက် သုံးစွဲသူများ၏ စီးပွားရေးလုပ်ငန်းဆောင်တာများကို ပုဂ္ဂလိက နှင့် အများသုံး cloud များပေါ်နှင့် edge တို့တွင် လည်ပတ်ဆောင်ရွက်ခြင်း၊ တိုးချဲ့လျှော့ချခြင်းနှင့် လုံခြုံအောင် အကာအကွယ်ပေးခြင်းတို့ကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး အကူအညီပေးနိုင်ရန် ရည်ရွယ်သည့် ဝန်ဆောင်မှုများကို Vmware မှ မကြာသေးမီက စတင်မိတ်ဆက်ခဲ့ပါသည်။ Multi-cloud စနစ်များကို Cloud Smart ပုံစံအသုံးပြုနိုင်ရန် အဆင့်မြှင့်တင်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်မိတ်ဆက်ခြင်းလည်း ဖြစ်ပါသည်။

 .

စီးပွားရေးလုပ်ငန်းများအနေဖြင့် အဓိပ္ပာယ်ပြည့်ဝပြီး အကျိုးရလဒ် ခိုင်ခိုင်မာမာရှိသည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် multi-cloud နှင့် လုပ်ကိုင်လုပ်ကိုင်ရာတွင် cloud-smart ပုံစံဖြင့် ဆောင်ရွက်နိုင်ရန် နှင့် အာရှ-ပစိဖိတ်ဒေသအတွင်း စီးပွားရေးနှင့် တီထွင်ဖန်တီးမှုအခွင့်အလမ်းတို့ကို ရရှိအောင် ကူညီစွမ်းဆောင်ပေးနိုင်မည့် စိစစ်အကဲဖြတ်မှုကိရိယာထုတ်ကုန်သစ်များကိုလည်း Vmware မှ မိတ်ဆက်သွားမည် ဖြစ်ပါသည်။

 .

စျေးကွက်နှင့် လုပ်ငန်းမျိုးစုံမှ အဖွဲ့အစည်းများအတွက် Cloud Smart နည်းပညာ၏ အရေးပါပုံနှင့်ပတ်သက်၍ Vmware သုံးစွဲသူများ နှင့် မိတ်ဖက်များ၏ မှတ်ချက်များကို ပြန်လည်ဝေမျှလိုက်ပါသည် - 

“International SOS ဆိုတာက လူတွေရဲ့ အသက်ကို ကယ်တင်ပေးတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ကျွန်တော်တို့  အကူအညီပေးနေတဲ့ ကမ္ဘာတစ်ဝန်းက အဖွဲ့အစည်း (၉,၀၀၀) ကျော်ဆီက လာတဲ့ သန်းနဲ့ချီတဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုတွေကို လျင်မြန်စွာ တုံ့ပြန်ကူညီ ပေးနိုင်ဖို့အတွက် အမြဲအဆင်သင့်ဖြစ်နေတဲ့ IT အဖွဲ့တစ်ခုရှိဖို့ လိုအပ်ပါတယ်။” ဟု International SOS ၏ Infrastructure and Operations ဌာန၊ Group Cloud ၏ အထွေထွေ မန်နေဂျာ Henk Van Rossum မှ ပြောကြားသည်။ “Multi cloud နည်းပညာကသာ ဒီလို သေချာမှုမျိုး၊ ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိမှုမျိုးနဲ့ ယုံကြည်စိတ်ချရမှုမျိုးကို ပေးနိုင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ clouds တွေ အများကြီးကို သင့်တင့်တဲ့စျေးနှုန်းနဲ့ အကျိုးရှိရှိတော့ အသုံးချနိုင်ဖို့ လိုအပ်နေပါတယ်။ ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ ဆေးဘက်ဆိုင်ရာ၊ လုံခြုံရေး နဲ့ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍက ကျွမ်းကျင်သူပေါင်း အယောက် (၁၃,၀၀၀) က လူ သန်းပေါင်းများစွာကို အကျိုးသက်ရောက်မှုရှိရှိ ကူညီပေးနိုင်ဖို့အတွက် ကျွန်တော်တို့က Cloud Smart နည်းပညာကို အသုံးပြုနေပါတယ်။ Cloud Smart ကြောင့် ဘယ် cloud မှာ မဆို ကျွန်တော်တို့ရဲ့ ဒေတာအချက်အလက်တွေ၊ အက်ပလီကေးရှင်းတွေ၊ စနစ်တွေ အားလုံးနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုနဲ့ လုံခြုံမှုရှိရှိ ထိန်းချုပ်နိုင်တာ ဖြစ်ပါတယ်။ ဒီလိုမျိုး လူတွေအများကြီးရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့အတွက် Vmware နဲ့ မိတ်ဖက်ပြီး multi cloud နည်းပညာကို အကောင်းဆုံး အသုံးပြုလာနိုင်လို့ ဝမ်းသာမိပါတယ်။”

 .

“ဒေတာအချက်အလက်ဆိုတာက ဒီနေ့ခေတ် စီးပွားရေး၊ တိုးတက်ရေးနဲ့ တီထွင်မှုတွေအတွက် အဓိက အသက်သွေးကြောဖြစ်ပါတယ်။ ဒါပေမယ့် သေချာ ဂရုတစိုက်နဲ့ တာဝန်ရှိရှိ အသုံးပြုဖို့တော့ လိုအပ်ပါတယ်။ Cloud နည်းပညာ တစ်ခုခုကို အလွယ်အတူ ဝယ်သုံးလိုက်တာမျိုးထက် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မှန်ကန်တဲ့ ဒေတာကို အပြည့်အဝ ပိုင်ဆိုင်နိုင်ဖို့၊ ယုံကြည်စိတ်ချမှုရယူနိုင်ဖို့၊ ထိန်းချုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ cloud ကို ရွေးချယ်သင့်ပါတယ်။” ဟု AIS Business မှ Chief Enterprise Business Officer ဖြစ်သူ Tanapong Ittisakulchai မှ ပြောကြားခဲ့သည်။ “စီးပွားရေးလုပ်ငန်းတွေအနေနဲ့ တရားဥပဒေပိုင်းနဲ့ စီမံခန့်ခွဲရေးပိုင်း လိုအပ်ချက်တွေနဲ့ ရှုပ်ထွေးနေတာတွေကို စိတ်ပူပန်နေစရာမလိုဘဲ စိတ်အေးလက်အေးဖြစ်နိုင်ဖို့ မကြာခင်မှာ အရှေ့တောင်အာရှမှာ ပထမဦးဆုံးတွေထဲက တစ်ခုအနေနဲ့ ကျွန်တော်တို့ရဲ့ Sovereign Cloud (ပြည်တွင်းသုံး Cloud) ကို စီးပွားရေးလုပ်ငန်းတွေနဲ့ မိတ်ဆက်ပေးသွားဖို့ ရှိပါတယ်။ ဒါမှသာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ရေရှည် တိုးတက်အောင် ဆောင်ရွက်ဖို့နဲ့ တီထွင်မှုတွေအတွက် အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။”

 .

“စီးပွားရေးလုပ်ငန်းတွေက အမြဲတမ်း တီထွင်ကြံဆနေမှ ခေတ်ရေစီးကြောင်းနဲ့ အညီ ပြိုင်ဖက်တွေနဲ့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်။  ခေတ်ရှေ့ပြေးတဲ့ စီးပွားရေးလုပ်ငန်း ခေါင်းဆောင်တွေကတော့ cloud-native တည်ဆောက်မှု နည်းပညာကို အသုံးပြုဖို့ မျှော်မှန်းနေကြပြီ ဖြစ်ပါတယ်။ ဒါပေမယ့်  တော်တော်များများကတော့ multi-cloud အခြေပြု စီးပွားရေးလုပ်ငန်းမိုဒယ်တစ်ခုကို လည်ပတ်တဲ့အခါ ကြုံရတဲ့ နည်းပညာရှုပ်ထွေးမှုတွေကြောင့် နောက်ပိုင်းအဆင့်မြှင့်တင်မှုတွေ ဆက်လုပ်လို့ မရဘဲ ရပ်တန့်နေကြတာတွေ ရှိပါတယ်။ ဒီစာတမ်းမှာလည်း ဒီအချက်ကို တွေ့ရပါတယ်။” ဟု Genpact ၏ Vice President IT Infrastructure Engineering and Architecture ဖြစ်သူ Komal Narula မှ ပြောကြားသည်။ “ဒေတာအချက်အလက်တွေကို လက်ခံထိန်းသိမ်းထားနိုင်မယ့်နေရာ၊ ထိန်းချုပ်မယ့် တာဝါ၊ Guardrails လုံခြုံရေးစနစ် နဲ့ ပတ်ဝန်းကျင်နေရာအမျိုးမျိုးမှာရှိတဲ့ နည်းပညာ အဆင့်တွေကို သေချာ ခွဲခြမ်းစိတ်ဖြာပြီး၊ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ဖို့ Cloud လုံခြုံရေးကို အားဖြည့်တာက အဖွဲ့အစည်းတွေအတွက် အဓိကဦးစားပေး ကဏ္ဍတွေထဲက တစ်ခုဖြစ်သင့်ပါတယ်။ အဖွဲ့အစည်းတွေအနေနဲ့ သမားရိုးကျ နယ်နိမိတ်အခြေခံ လုံခြုံရေးစနစ်ကို ဆက်လက် အသုံးမပြုပဲ သေချာချမှတ်ထားတဲ့ ဘောင်စံနှုန်းရှိတဲ့ လုံခြုံရေး ပေါ်လစီတွေနဲ့ tagging-based approach (လိုအပ်သလို ရုပ်ပုံနဲ့ ဒေတာအချက်အလက်ကို စုစည်းပေးနိုင်မယ့် နည်းလမ်း) ရှိတဲ့ zero-trust စနစ်ကို ပြောင်းလဲဖို့ လိုအပ်ပါတယ်။”

 .

“ရှင်းလင်းချောမွေ့မှုရှိတဲ့ multi cloud နည်းဗျူဟာ နဲ့ဆိုရင် အာရှက ကမ္ဘာ့အဆင့်မီ တီထွင်နိုင်တဲ့ ဗဟိုချက်နေရာတစ်ခု အနေနဲ့ အတိုးတက်ဆုံးဖြစ်လာနိုင်ပါတယ်။” ဟု AsiaPac ရဲ့ Managing Director ဖြစ်တဲ့ Andrew Cheng မှ ပြောကြားသည်။ “Multi-cloud နည်းပညာကို အသုံးပြုတာက Open Source နည်းပညာနဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ တီထွင်မှုတွေကို အဟန့်အတားမရှိ တိုးတက်လာစေနိုင်ပြီးတော့ ကုန်ကျစရိတ်တွေ ကိုလည်း  လျှော့ချပေးနိုင်ပါတယ်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းတွေ အတွက် ရလာမယ့် အခွင့်အလမ်းတွေ ကိုလည်း စိတ်လှုပ်ရှားစွာ စောင့်မျှော်နေပါတယ်။ ပြီးတော့ Vmware နဲ့လည်း ဆက်လက် လက်တွဲသွားမှာ ဖြစ်ပြီး ကုမ္ပဏီတွေကို Cloud Smart ဖြစ်လာအောင် Cloud Provider တစ်ခုစီရဲ့ အကောင်းဆုံး အားသာချက်တွေကို သုံးပြီး လုပ်ဆောင်သွားပါမယ်။”

 .

“Gaming ကဏ္ဍမှာ ဦးဆောင်နေတဲ့ အာရှစျေးကွက်ရဲ့ အလားအလာကို အကောင်းဆုံး အခြေအနေရောက်အောင် ပြုလုပ်နိုင်ဖို့ အတွက် cloud အခြေပြုစနစ်ကို တည်ဆောက်ပြီး သုံးစွဲသူ အတွေ့အကြုံတွေ ပိုမိုကောင်းမွန်လာစေဖို့နဲ့ ပြောင်းလွယ်ပြင်လွယ်ရှိတဲ့ ဖွံ့ဖြိုးမှုတစ်ရပ်ကို ဖော်ဆောင်နိုင်အောင် ကြိုးစားဖို့ အရေးကြီးပါတယ်။”ဟု NCSOFT ရဲ့ IT system Team Leader ဖြစ်သူ Yoo Yeongsoo မှ ပြောကြားခဲ့သည်။ “NCSOFT က Cloud-native ဖြစ်တဲ့ အက်ပလီကေးရှင်းတွေအတွက် Kubernetes အခြေခံစနစ်တွေကို ဆောက်တည်ပေးဖို့ စီးပွားရေးဆိုင်ရာ ဆော့ဖ်ဝဲနဲ့ အက်ပလီကေးရှင်း ဆန်းသစ်မှုတွေကို Cloud Smart စျေးကွက်မှာ ဦးဆောင်နေတဲ့VMware နဲ့ အတူ ပူးပေါင်းဆောင်ရွက်နေပါတယ်။”

 .

“Cloud နည်းပညာကို ပြောင်းပြီး အသုံးပြုရတာက မခက်ပါဘူး။ VMware နဲ့ မိတ်ဖက်ပူးပေါင်းမှုကတစ်ဆင့် ကျွန်တော်တို့ရဲ့ မြေပြင်က နယ်ခံ ကျွမ်းကျင်သူတွေရဲ့ အကောင်းဆုံး အဖြေရှာပေးနိုင်တဲ့ အရည်အချင်းတွေကို ပေါင်းပြီး  စီးပွားရေးလုပ်ငန်း အကြီး အသေး အကုန်လုံးကို ကူညီပေးနေပါတယ်။" ဟု Cloud HM ၏ Chief Executive Officer ဖြစ်သူ Na-pajra Umpudh မှ ပြောကြားခဲ့သည်။ "ဘယ်လို နည်းပညာနောက်ခံ ရှိတဲ့ စီးပွားရေးလုပ်ငန်းတွေမဆို Cloud နည်းပညာကို အသုံးပြုနိုင်ပြီး အဲ့ဒီကရတဲ့ လုံခြုံမှု၊ ယုံကြည်စိတ်ချရှု၊ စျေးနှုန်း သက်သာမှု ဆိုတဲ့ အကျိုးရလဒ်တွေကို ခံစားရနိုင်ဖို့ ဒီလုပ်ငန်းစဉ်ကို လွယ်ကူရိုးရှင်းသွားအောင် လုပ်ပေးဖို့က နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးအပ်သူတွေနဲ့ ကျွမ်းကျင်သူတွေ အနေနဲ့ ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပါတယ်။”

 .

“Multi-cloud ဗျူဟာ ကို စတင်အသုံးပြုလိုက်တာက ကျွန်တော်တို့ ဘဏ်ရဲ့ ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲမှုအတွက် အဓိက အရေးပါတဲ့မဏ္ဍိုင်တစ်ခု ဖြစ်ပါတယ်။ ဒီအချက်ကြောင့်ပဲ  ကျွန်တော်တို့အနေနဲ့ လုံခြုံရေး နဲ့ စီမံခန့်ခွဲရေးအပိုင်းက ပေါ်လစီတွေကိုလည်း လျှော့ချစရာမလိုဘဲနဲ့ အများသုံး cloud တော်တော်များများမှာ အလွယ်တကူ ထည့်သုံးနိုင်ခဲ့ပြီးတော့ လွယ်လွယ်ပြောင်းလဲလို့ရနိုင်တဲ့ ပေါင်းစပ် cloud ကွန်ယက် တစ်ခုကို တည်ဆောက်နိုင်ခဲ့တာဖြစ်ပါတယ်။"ဟု KASIKORN Business-Technology Group ၏ Chief Technology Officer ဖြစ််သော Tawan Jithavech မှ ပြောကြားခဲ့သည်။ "ကျွန်တော်တို့ တစ်နှစ်ကို အနည်းဆုံး ဒစ်ဂျစ်တယ်စနစ်ပြောင်းလဲပေးနေတဲ့ ပရောဂျက် ၂၀၀ လောက် လုပ်ပေးနိုင်ဖို့ ကူညီပေးတဲ့ အဓိက သော့ချက်က Multi-cloud နည်းပညာကဖြစ်ပါတယ်။ IT အရင်းအမြစ် တွေရဲ့  ၅၀ ရာခိုင်နှုန်းကို ရှင်းထုတ်ပေးလိုက်တဲ့အတွက် တီထွင်မှုဖက်ကို အာရုံပိုစိုက်လာနိုင်ပြီး စုစုပေါင်း စွမ်းအင်သုံးစွဲမှုကိုလည်း ၁၀ရာခိုင်နှုန်းလောက် လျော့ချနိုင်ခဲ့ပါတယ်။ ဒီတော့ တကယ်အရေးကြီးတာကို အာရုံစိုက်ပြီး ပိုပြီး ရေရှည်တည်တံ့နိုင်ပြီးတော့ လိုအပ်သလို ချဲ့ထွင်နိုင်တဲ့ စီးပွားရေးတစ်ခု ဖြစ်လာနိုင်မှာပါ။”

 .

Multi-Cloud Maturity Report အကြောင်း

VMware ၏ စီစဉ်ပံ့ပိုးမှုဖြင့် ၂၀၂၂ ခုနှစ် ဇွန်လမှ ဩဂုတ်လ အထိ Vanson Bourne မှ ပြုလုပ်ခဲ့သည့် Multi Cloud Maturity Research တွင် APJ ဒေသမှ ကုမ္ပဏီအဖွဲ့အစည်း ၁၉၀၀ ကျော် ပါဝင်ခဲ့ပြီး C-suite ဦးဆောင်သူများ၊ Cloud Architect များ၊ DevOps၊ AppSev Pro စသည့် ကျွမ်းကျင်သူ အယောက် (၅,၇၀၀) ကျော်နှင့် နိုင်ငံ ၁၉ခုမှ စီးပွားရေး ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ ပါဝင်ဖြေဆိုခဲ့ကြပါသည်။ 

.

VMware အကြောင်း

VMware သည် အက်ပလီကေးရှင်းများအားလုံးအတွက် multi-cloud ဝန်ဆောင်မှုများ ပေးအပ်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများအတွက် စီမံထိန်းချုပ်မှုများကို ခေတ်မီ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အသုံးချ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက် ရှိပါသည်။ ဆန်းသစ်တီထွင်မှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် VMware ဆော့ဖ်ဝဲလ်သည် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ လိုအပ်ချက်အလိုက် အသုံးပြုနိုင်ရန်၊ အနာဂတ်အတွက် လိုအပ်သော နည်းစနစ်များကို ရွေးချယ်နိုင်ရန် ဝန်ဆောင်ပေးနေပါသည်။ ကယ်လီဖိုးနီးယားနိုင်ငံ ပါလိုအယ်တိုမြို့တွင် ရုံးချုပ်တည်ရှိပြီး VMware သည် ကုမ္ပဏီ၏ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်သွားမည်ဟု ကတိကဝတ် ပြုထားပါသည်။ ပိုမို သိရှိလိုပါက www.vmware.com/company တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

Read times
Rate this item
(0 votes)