မိတ္တူပွားသည့် တရုတ်လျှပ်စစ်ကား ဝဘ်ဆိုက် စာမျက်နှာ ဒီဇိုင်း

(UNICODE+ZAWGYI) Tesla သည် တရုတ် EV ကုမ္ပဏီတစ်ခုဖြစ်သော Xpeng သည် ၎င်း၏ဉာဏပစ္စည်းအချို့ကိုခိုးယူသည်ဟု စွပ်စွဲထားခဲ့ပြီး

ယခုအခါ Tesla ရဲ့ ၀က်ဘ်ဆိုက်ဒီဇိုင်းကို Xpeng ရဲ့ ဝဘ်ဆိုက်က ထပ်တူပြုမိတ္တူကူးထားကို တွေကြရတယ်။

ပြီးခဲ့သည့်နှစ်က Tesla က အလိုအလျောက်ထိန်းကျောင်းမောင်းနှင် စနစ် Autopilot engineer ဖြစ်သူ Guangzhi Cao ကို တရားစွဲဆိုခဲ့ပါတယ်။ Cao က အမေရိကန်အခြေစိုက် လျှပ်စစ်ကား ကုမ္ပဏီ Tesla မှာ လုပ်ကိုင်ခဲ့စဉ် Autopilot အတွက် အရင်းအမြစ်ကုဒ် source code တွေကို သူ့ကိုယ်ပိုင် ကိရိယာထဲ ကူးယူခဲ့တယ်။ နောက်တော့ Cao က တရုတ်ပြည်မှ လျှပ်စစ်ကား လုပ်ငန်းသစ်ကို အဲဒီ source code တွေ ရောင်းစားခဲ့တယ်။ Xpeng ရဲ့ ကားတွေအတွက် Autopilot တွေမှာ သုံးစွဲထားတယ်လို့ Tesla က စွပ်စွဲခဲ့ပါတယ်။

Tesla က Xpeng သည် ၎င်း၏ Autopilot အရင်းအမြစ်ကုဒ်ကို ၎င်း၏ကိုယ်ပိုင် driver-assist features များအနေဖြင့်အသုံးမပြုထားပြီး Tesla နှင့်အလွန်ဆင်တူနေတယ်လို့ ဆိုပါတယ်။

ယခုအခါ Xpeng ရဲ့ ၀ က်ဘ်ဆိုက်မှာ ၎င်းရဲ့ P7 လျှပ်စစ် sedan အသစ်ကို တင်ပြထားတာမှာ Tesla ရဲ့ ဝက်ဘ်ဒီဇိုင်းကို ပုံတူ ထပ်တူထပ်မျှ ပြုထားပါတယ်။

 

၂၀၁၄ ခုနှစ်တွင် Xpeng ကိုတည်ထောင်ခဲ့သူ Henry Xia က သူ့အပေါ် Tesla က ဩဇာလွှမ်းမိုးမှု ရှိကြောင်း၊ Tesla က သူတို့၏မူပိုင်ခွင့်များကို မည်သူမဆို အခမဲ့ ယူသုံးဖို့ ဖွင့်ပေးထားတဲ အရင်းအမြစ်များ open-source ဟု သတ်မှတ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်ကလည်း သူ့အပေါ် ဩဇာညောင်းပါကြောင်း ပြောကြားခဲ့သည်။
Xpeng သည် Tesla ၏ မူပိုင်ခွင့်များကို တကယ့်လက်တွေ့တွင် အမှန်တကယ် အခမဲ့ ရယူ အသုံးပြုသည့် ပထမဆုံး ကုမ္ပဏီ ဖြစ်သည်။
သိုံသော် Tesla သည် မူပိုင်ခွင့်ကို open-source အမှန်တကယ် အရင်းအတိုင်း ပေးကမ်းခြင်း မရှိချေ။ စကားအဖြစ် ပြောဆိုခြင်းသာ ဖြစ်ပြီး မူပိုင်ခွင့်များကို ရယူသုံးစွဲသူ မည်သူမဆိုကို တရားစွဲဆိုမည် မဟုတ်ကြောင်း ကတိပေးခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့ ရယူသုံးစွဲရာတွင် စိတ်ရင်းမှန်ဖြင့် အသုံးပြု၍ လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်ရန် အတွက်သာ ဖြစ်သည်ဟု ဆိုသည်။
၎င်း၏ ဒီဇိုင်းပိုင်းကို မိတ္တူပွားပြီး ယူသုံးပါက တရားစွဲဆိုမည်ဟုလည်း ပြောကြားထားသည်။

Xpeng P7 တွင် Tesla ၏ လျှပ်စစ်ကားနှင့် ဆင်ဆင်တူသည်များ ပါဝင်နေသော်လည်း ကွာခြားနေသည်များလည်း ရှိနေသည်။ ဆင်ဆင်တူနေသည်မှာ Autopilot ဒိုင်ခွက် ဖြစ်သည်။

 

 

ဝဘ်ဆိုက် စာမျက်နှာမှာ တစ်ထေရာတည်း ဖြစ်နေသည်။
Xpeng ကုမ္ပဏီက Tesla လျှပ်စစ်ကားကို အားကျသဖြင့် “Tesla clone” ဟု အခေါ်ခံရသည့် လျှပ်စစ်ကားများ ထုတ်လုပ်ကြောင်း ပြောကြားသည်။

Tesla က တရုတ်အစိုးရ၏ ထောက်ခံအားပေးမှုများ ရရှိနေပြီး တရုတ်ဈေးကွက်အတွက် Tesla လျှပ်စစ်ကားများကို ရှန်ဟိုင်းမြို့တွင် ၂၀၁၉ ခုနှစ်မှာ စက်ရုံဆောက်ပြီး ထုတ်လုပ် ရောင်းချသည့်အခါ တရုတ်ပြည်တွင်း လျှပ်စစ်ကားဈေးကွက်ကို လွှမ်းမိုး အနိုင်ယူခဲ့သည်။ ပြည်တွင်း လျှပ်စစ်ကား လုပ်ငန်းငယ်များ အကျပ်ရိုက်သွားစေခဲ့သည်။
Tesla ၏ Model 3 လျှပ်စစ်ကားများကို တရုတ်အစိုးရထံမှ ထောက်ပံ့ငွေ ရယူပြီး ဈေးလျှော့ ရောင်းချခဲ့သည်။ အစိုးရ ထောက်ပံ့ငွေ ရယူသော လျှပ်စစ်ကားလုပ်ငန်းများသည် ကားရောင်း'ဈေးကို လျှော့ပြီး ရောင်းချရန် ကတိပြုထားရပြီး မလွဲမသွေ လိုက်နာကြရသည်။

 

မိတၱဴပြားသည့္ တ႐ုတ္လွ်ပ္စစ္ကား ဝဘ္ဆိုက္ စာမ်က္ႏွာ ဒီဇိုင္း

Tesla သည္ တ႐ုတ္ EV ကုမၸဏီတစ္ခုျဖစ္ေသာ Xpeng သည္ ၎၏ဉာဏပစၥည္းအခ်ိဳ႕ကိုခိုးယူသည္ဟု စြပ္စြဲထားခဲ့ၿပီး ယခုအခါ Tesla ရဲ႕ ၀က္ဘ္ဆိုက္ဒီဇိုင္းကို Xpeng ရဲ႕ ဝဘ္ဆိုက္က ထပ္တူျပဳမိတၱဴကူးထားကို ေတြၾကရတယ္။

ၿပီးခဲ့သည့္ႏွစ္က Tesla က အလိုအေလ်ာက္ထိန္းေက်ာင္းေမာင္းႏွင္ စနစ္ Autopilot engineer ျဖစ္သူ Guangzhi Cao ကို တရားစြဲဆိုခဲ့ပါတယ္။ Cao က အေမရိကန္အေျခစိုက္ လွ်ပ္စစ္ကား ကုမၸဏီ Tesla မွာ လုပ္ကိုင္ခဲ့စဥ္ Autopilot အတြက္ အရင္းအျမစ္ကုဒ္ source code ေတြကို သူ႔ကိုယ္ပိုင္ ကိရိယာထဲ ကူးယူခဲ့တယ္။ ေနာက္ေတာ့ Cao က တ႐ုတ္ျပည္မွ လွ်ပ္စစ္ကား လုပ္ငန္းသစ္ကို အဲဒီ source code ေတြ ေရာင္းစားခဲ့တယ္။ Xpeng ရဲ႕ ကားေတြအတြက္ Autopilot ေတြမွာ သုံးစြဲထားတယ္လို႔ Tesla က စြပ္စြဲခဲ့ပါတယ္။

Tesla က Xpeng သည္ ၎၏ Autopilot အရင္းအျမစ္ကုဒ္ကို ၎၏ကိုယ္ပိုင္ driver-assist features မ်ားအေနျဖင့္အသုံးမျပဳထားၿပီး Tesla ႏွင့္အလြန္ဆင္တူေနတယ္လို႔ ဆိုပါတယ္။

ယခုအခါ Xpeng ရဲ႕ ၀ က္ဘ္ဆိုက္မွာ ၎ရဲ႕ P7 လွ်ပ္စစ္ sedan အသစ္ကို တင္ျပထားတာမွာ Tesla ရဲ႕ ဝက္ဘ္ဒီဇိုင္းကို ပုံတူ ထပ္တူထပ္မွ် ျပဳထားပါတယ္။

၂၀၁၄ ခုႏွစ္တြင္ Xpeng ကိုတည္ေထာင္ခဲ့သူ Henry Xia က သူ႔အေပၚ Tesla က ဩဇာလႊမ္းမိုးမႈ ရွိေၾကာင္း၊ Tesla က သူတို႔၏မူပိုင္ခြင့္မ်ားကို မည္သူမဆို အခမဲ့ ယူသုံးဖို႔ ဖြင့္ေပးထားတဲ အရင္းအျမစ္မ်ား open-source ဟု သတ္မွတ္ေၾကာင္း လူသိရွင္ၾကား ေၾကညာခဲ့သည္ကလည္း သူ႔အေပၚ ဩဇာေညာင္းပါေၾကာင္း ေျပာၾကားခဲ့သည္။
Xpeng သည္ Tesla ၏ မူပိုင္ခြင့္မ်ားကို တကယ့္လက္ေတြ႕တြင္ အမွန္တကယ္ အခမဲ့ ရယူ အသုံးျပဳသည့္ ပထမဆုံး ကုမၸဏီ ျဖစ္သည္။
သိုံေသာ္ Tesla သည္ မူပိုင္ခြင့္ကို open-source အမွန္တကယ္ အရင္းအတိုင္း ေပးကမ္းျခင္း မရွိေခ်။ စကားအျဖစ္ ေျပာဆိုျခင္းသာ ျဖစ္ၿပီး မူပိုင္ခြင့္မ်ားကို ရယူသုံးစြဲသူ မည္သူမဆိုကို တရားစြဲဆိုမည္ မဟုတ္ေၾကာင္း ကတိေပးခဲ့ျခင္းသာ ျဖစ္သည္။ ထိုသို႔ ရယူသုံးစြဲရာတြင္ စိတ္ရင္းမွန္ျဖင့္ အသုံးျပဳ၍ လွ်ပ္စစ္ေမာ္ေတာ္ယာဥ္မ်ားထုတ္လုပ္ရန္ အတြက္သာ ျဖစ္သည္ဟု ဆိုသည္။
၎၏ ဒီဇိုင္းပိုင္းကို မိတၱဴပြားၿပီး ယူသုံးပါက တရားစြဲဆိုမည္ဟုလည္း ေျပာၾကားထားသည္။

Xpeng P7 တြင္ Tesla ၏ လွ်ပ္စစ္ကားႏွင့္ ဆင္ဆင္တူသည္မ်ား ပါဝင္ေနေသာ္လည္း ကြာျခားေနသည္မ်ားလည္း ရွိေနသည္။ ဆင္ဆင္တူေနသည္မွာ Autopilot ဒိုင္ခြက္ ျဖစ္သည္။
ဝဘ္ဆိုက္ စာမ်က္ႏွာမွာ တစ္ေထရာတည္း ျဖစ္ေနသည္။
Xpeng ကုမၸဏီက Tesla လွ်ပ္စစ္ကားကို အားက်သျဖင့္ “Tesla clone” ဟု အေခၚခံရသည့္ လွ်ပ္စစ္ကားမ်ား ထုတ္လုပ္ေၾကာင္း ေျပာၾကားသည္။

Tesla က တ႐ုတ္အစိုးရ၏ ေထာက္ခံအားေပးမႈမ်ား ရရွိေနၿပီး တ႐ုတ္ေဈးကြက္အတြက္ Tesla လွ်ပ္စစ္ကားမ်ားကို ရွန္ဟိုင္းၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္မွာ စက္႐ုံေဆာက္ၿပီး ထုတ္လုပ္ ေရာင္းခ်သည့္အခါ တ႐ုတ္ျပည္တြင္း လွ်ပ္စစ္ကားေဈးကြက္ကို လႊမ္းမိုး အႏိုင္ယူခဲ့သည္။ ျပည္တြင္း လွ်ပ္စစ္ကား လုပ္ငန္းငယ္မ်ား အက်ပ္႐ိုက္သြားေစခဲ့သည္။
Tesla ၏ Model 3 လွ်ပ္စစ္ကားမ်ားကို တ႐ုတ္အစိုးရထံမွ ေထာက္ပံ့ေငြ ရယူၿပီး ေဈးေလွ်ာ့ ေရာင္းခ်ခဲ့သည္။ အစိုးရ ေထာက္ပံ့ေငြ ရယူေသာ လွ်ပ္စစ္ကားလုပ္ငန္းမ်ားသည္ ကားေရာင္း'ေဈးကို ေလွ်ာ့ၿပီး ေရာင္းခ်ရန္ ကတိျပဳထားရၿပီး မလြဲမေသြ လိုက္နာၾကရသည္။

 

Read times
Rate this item
(0 votes)