SpaceX ဂြိုဟ်တုငယ် ၁၂၀၀၀ အသုံးပြုသည့် Starlink အင်တာနက် စီမံကိန်း

ဂြိုဟ်တုငယ် ၁၂၀၀၀ အသုံးပြုသည့် အင်တာနက် ကွန်ရက်ဖြင့် မြန်နှုန်းမြင့် အင်တာနက်ကို

ကမ္ဘာ့ မည်သည့်နေရာအတွက်မဆို ပေးအပ်မည့် Starlink အင်တာနက် စီမံကိန်းသည် များမကြာမီတွင် ကုမ္ပဏီ၏ ဘီတာ စမ်းသပ်ခြင်း beta test ကို ဆောင်ရွက်မည်/ ထို့နောက် လူထုအကြား beta test ကို စမ်းသပ်သွားမည်ဟု ကြေညာသည်။

SpaceX အကြီးအကဲ Gwynne Shotwell က Starlink ကွန်ရက် ထူထောင်ရန် အမေရိကန်ဒေါ်လာ ၁၀ ဘီလျံခန့် ကုန်ကျမည်ဟုဆိုသည်။ ၂၀၁၉ ခုနှစ်မှစတင်ပြီး ရင်းနှီးမြှုပ်နှံငွေ ရှာဖွေခဲ့ရာ ယခုအထိ ၁ .၇ ဘီလျံသာ ငွေလုံးငွေရင်း ရရှိသေးသော်လည်း ဆက်လက် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

Starlink အင်တာနက်သည် မြန်နှုန်းမြင့် အင်တာနက်လိုင်းကို အင်တာနက် မရရှိသောနေရာဒေသများ၊ ရသော်လည်း လိုင်းမကောင်းသည့် နေရာများ၊ ဈေးကြီးလွန်းနေသည့်နေရာများသို့ ချိတ်ဆက်ပေးရန် ရည်ရွယ်ထားသည်။
ယခုအခါ SpaceX သည် Starlink ဂြိုဟ်တု ၄၈၂ လုံးကို ကမ္ဘာပတ်လမ်းထဲမှာ နေရာချထားပြီးပြီ ဖြစ်သည်။

 

SpaceX ၿဂိဳဟ္တုငယ္ ၁၂၀၀၀ အသုံးျပဳသည့္ Starlink အင္တာနက္ စီမံကိန္း


ၿဂိဳဟ္တုငယ္ ၁၂၀၀၀ အသုံးျပဳသည့္ အင္တာနက္ ကြန္ရက္ျဖင့္ ျမန္ႏႈန္းျမင့္ အင္တာနက္ကို ကမာၻ႔ မည္သည့္ေနရာအတြက္မဆို ေပးအပ္မည့္ Starlink အင္တာနက္ စီမံကိန္းသည္ မ်ားမၾကာမီတြင္ ကုမၸဏီ၏ ဘီတာ စမ္းသပ္ျခင္း beta test ကို ေဆာင္႐ြက္မည္/ ထို႔ေနာက္ လူထုအၾကား beta test ကို စမ္းသပ္သြားမည္ဟု ေၾကညာသည္။

SpaceX အႀကီးအကဲ Gwynne Shotwell က Starlink ကြန္ရက္ ထူေထာင္ရန္ အေမရိကန္ေဒၚလာ ၁၀ ဘီလ်ံခန႔္ ကုန္က်မည္ဟုဆိုသည္။ ၂၀၁၉ ခုႏွစ္မွစတင္ၿပီး ရင္းႏွီးျမႇဳပ္ႏွံေငြ ရွာေဖြခဲ့ရာ ယခုအထိ ၁ .၇ ဘီလ်ံသာ ေငြလုံးေငြရင္း ရရွိေသးေသာ္လည္း ဆက္လက္ လုပ္ကိုင္သြားမည္ဟု ဆိုသည္။

Starlink အင္တာနက္သည္ ျမန္ႏႈန္းျမင့္ အင္တာနက္လိုင္းကို အင္တာနက္ မရရွိေသာေနရာေဒသမ်ား၊ ရေသာ္လည္း လိုင္းမေကာင္းသည့္ ေနရာမ်ား၊ ေဈးႀကီးလြန္းေနသည့္ေနရာမ်ားသို႔ ခ်ိတ္ဆက္ေပးရန္ ရည္႐ြယ္ထားသည္။
ယခုအခါ SpaceX သည္ Starlink ၿဂိဳဟ္တု ၄၈၂ လုံးကို ကမာၻပတ္လမ္းထဲမွာ ေနရာခ်ထားၿပီးၿပီ ျဖစ္သည္။

Read times
Rate this item
(0 votes)