Xiaomi ထွင်းဖောက်မြင် တီဗီ စတင်ရောင်းချ

တရုတ်ပြည်မှ နည်းပညာမဟာလုပ်ငန်းကြီး Xiaomi က ဒိုးယိုပေါက် ထွင်းဖောက်မြင်နေရတဲ့

တီဗီ Mi TV LUX OLED Transparent Edition ကို တရုတ်ပြည်တွင်းဈေးကွက်မှာ စတင်ရောင်းချပါတယ်။
Xiaomi ရဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ရောင်းချတာလို့ ဆိုပါတယ်။
ကမ္ဘာ့ ပထမဆုံး အမြောက်အမြားထုတ်လုပ်တဲ့ ထွင်းဖောက်မြင်တီဗီလို့ ကြော်ငြာပါတယ်။
ဈေးနှုန်းက ယွမ် ၄၉,၉၉၉ ဆိုတော့ ယွမ် ငါးသောင်းလို့ ဆိုနိုင်ပါတယ်။ အမေရိကန်ဒေါ်လာ ၉,၈၇၉ ဖြစ်ပါတယ်။
၅၅ လက်မ အရွယ်အစားဖြစ်ပြီး Full HD OLED panel ဖြစ်ပြီး တစ်ပြင်လုံးကို ထွင်းဖောက်မြင်ရအောင် လုပ်ပေးထားတယ်။ အထူ ၅.၇ လက်မ ရှိပါတယ်။ တီဗီက ပြသတဲ့ ပုံတွေက လေထဲမှာ ပေါ်နေသလိုမျိုး ရှုမြင်ရပါတယ်။ refresh rate က 120Hz ဖြစ်ပါတယ်။
အသံပိုင်းဆိုင်ရာက 2 x 8W sound system ဖြစ်ပြီး Dolby Digital Plus, DTS-HD နဲ့ Dolby Atmos decoding တို့ကို အသုံးပြုနိုင်အောင် လုပ်ပေးထားတယ်။

Read times
Rate this item
(1 Vote)