စင်ကာပူတွင် Apple ရေပေါ်စတိုးဆိုင် ဖွင့်လှစ်မည်

စင်ကာပူတွင် Apple ၏ တတိယစတိုးဆိုင်ကို မကြာမီဖွင့်လှစ်တော့မည်ဖြစ်ရာ

ထူးထူးခြားခြား ရေပေါ်တွင် မျောနေမည် စတိုးဆိုင်ဖြစ်သည်။

Marina Bay Sands တွင် တည်ရှိသည့်ဆိုင်သစ်သည် ကမ္ဘာပေါ်တွင်ပထမဆုံးရေပေါ် ပေါလောပေါ် စတိုးဆိုင် ဖြစ်လာမည်ဟု ဆိုသည်။

၎င်းကို ယခင်က Marina Bay တွင် ၂၀၁၁ မှ ၂၀၁၆ အထိ ပေါလောပေါ် Avalon နိုက်ကလပ်တွင် ဖွင့်လှစ်ခဲ့သော နေရာတွင် ထားရှိမည်။

"ဒီဟာကအသစ်တစ်ခုကိုစူးစမ်းဖို့၊ ဆက်သွယ်ဖို့နဲ့ ဖန်တီးဖို့အတွက် နေရာတစ်ခုဖြစ်လိမ့်မယ်" ဟု Apple ၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသည်။

Apple သည် ၂၀၁၇ ခုနှစ်တွင် Orchard လမ်းရှိ Knightsbridge အဆောက်အအုံတွင်စင်ကာပူ၏ ပထမဆုံးစတိုးဆိုင်ကို ဖွင့်လှစ်ခဲ့သည်။ ၎င်း၏ ဒုတိယစတိုးသည် Jewel Changi လေဆိပ်တွင် ပြီးခဲ့သည့်နှစ် ဇူလိုင်လ၌ ဖွင့်လှစ်ခဲ့သည်။

ပြီးခဲ့သည့်အပတ်က အက်ပဲလ်သည် Covid-19 ကူးစက်ပျံ့နှံ့မှုကြားတွင် ၀ယ်လိုအား ဆက်ဆက်တောင့်တင်းနေမှုကြောင့် ရှယ်ယာများစျေးကွက်တန်ဖိုး စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၂ ထရီလီယံသို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိသော အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်လာခဲ့သည်။

Read times
Rate this item
(0 votes)