Apple က နှုတ်ခမ်းလှုပ်တာ မြင်သာတဲ့ မတ်စ် ထုတ်လုပ်မည်

အက်ပဲလ်ဒီဇိုင်းအဖွဲ့များသည် Apple ဝန်ထမ်းများအတွက် မတ်စ်တစ်ခု ဖန်တီးပေးခဲ့သည်။


အဆိုပါ မတ်စ်သည် ထူးခြားသော ပုံသဏ္ဍာန်ရှိပြီး နှာခေါင်းနှင့် မေးစေ့ကို ဖုံးလွှမ်းထားသည်။
ကူးစက်ရောဂါဖြစ်ပွားပြီးကတည်းက Apple သည် ကျန်းမာရေးစောင့်ရှောက်မှုလုပ်သားများကိုမျက်နှာကာများကို ထောက်ပံ့ခဲ့သည်။
Mac. iPod. iPhone. iPad. Apple Watch. AirPods. ယခု Apple Face Mask လာပါပြီ။
iPhone နှင့် iPad အတွက် လုပ်ကိုင်သော အင်ဂျင်နီယာအဖွဲ့က Apple ဝန်ထမ်းများအတွက် အထူးမျက်နှာကာတစ်ခု ဒီဇိုင်းထုတ်ပေးခဲ့ကြသည်။
မတ်စ်အသစ်၏ ပုံများကို ထုတ်ပြန်ကြေညာပေးခြင်း မရှိသေးသော်လည်း တစ်မူထူးခြားသည့် အသွင်အပြင် ရှိသည်ဟု ဆိုသည်။ အထူးသဖြင့် နှာခေါင်းနှင့် မေးစေ့တို့ကို လုံခြုံနေအောင် ကာပေးထားသည်။ လိုတိုးပိုလျှော့ ချိန်ညှိရန် ကြိုးပါသည်။ သုံးလွှာ မတ်စ် ဖြစ်ပြီး ၅ ကြိမ်အထိ လျှော်ဖွတ်နိုင်သည်။

မတ်စ် ထုတ်လုပ်ရန်အတွက် သုံးစွဲသော ပစ္စည်းများသည် လက်ရှိ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ personal protective equipment PPE ထုတ်လုပ်ရန် သုံးစွဲသည့် ပစ္စည်းများ ရှားပါးပြတ်လပ်မှု မဖြစ်ရအောင် ယင်းပစ္စည်းများ သုံးစွဲခြင်းမှာ ရှောင်ကြဉ်ထားသည်ဟု ဆိုသည်။

အဆိုပါ မတ်စ်ကို Apple ဝန်ထမ်းများနှင့် Apple လက်လီအရောင်းဆိုင် ဝန်ထမ်းများအတွက်သာ ထုတ်လုပ်မည်ဖြစ်ပြီး ပြင်ပသို့ ထုတ်လုပ်ရောင်းချမည်မဟုတ်ဟု သိရသည်။
Apple မှ ဒီဇိုင်းထုတ်ထားသော Apple Mask အပြင် ထွင်းဖောက်မြင်သာသည့် မတ်စ်များကို လည်း လက်လီဆိုင်ဝန်ထမ်းများအတွက် ထုတ်လုပ်မည် ဖြစ်သည်။ နားကောင်းကောင်း မကြားသူများအနေဖြင့် လက်လီဆိုင်ဝန်ထမ်း နှုတ်ခမ်းများ လှုပ်သည်ကို ကြည့်ပြီး ပြောနေသည့်စကားကို ဖတ်နိုင်ရန် ရည်ရွယ်သည်။ ထိုမတ်စ်သည် ခွဲစိပ်ခန်းသုံးမတ်စ် အမျိုးအစားဖြစ်ပြီး နှုတ်ခမ်းလှုပ်သည်ကို မြင်သာအောင် စီမံထားခြင်း ဖြစ်သည်။ FDA မှ အတည်ပြုချက် ရရှိပြီး ဖြစ်သည်။

 

 

Read times
Rate this item
(0 votes)