Microsoft မှ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းစတင်လုပ်ကိုင်မည့်သူများကို "Highway to a 100 Unicorns" အစီအစဉ် ဖြင့်ကူညီပံ့ပိုးပေးမည်

အာရှပစိဖိတ်ဒေသရှိ နိုင်ငံများ၏ စွန့်ဦးတီထွင် လုပ်ငန်းသစ်များကို ပိုမိုခိုင်မာလာစေရန်ရည်ရွယ်၍

Microsoft for Startups မှ Highway to a 100 Unicorns စီမံကိန်းကို စတင်လိုက်ပြီ ဖြစ်သည်။
‌အဆိုပါ စီမံကိန်းသည် အိန္ဒိယနိုင်ငံတွင် အောင်မြင်မှုရရှိလာခဲ့ပြီး Emerge X အစီအစဉ်အတွက် စီးပွားရေး စတင်လုပ်ကိုင်နေသည့်လုပ်ငန်း (၁၅၀၀၀) ကျော်ရှိသည့် ပြည်နယ် (၆) ခုမှ လုပ်ငန်း (၅၆) ခုသာရွေးချယ်ခံခဲ့ရခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
The Emerge X အစီအစဉ်မှ အနိုင်ရရှိသွားသူများသည် နိုင်ငံတကာ ဈေးကွက် ရှာဖွေရေး အခွင့်အလမ်း၊ ကမ္ဘာ့အဆင့်မီ စီးပွားရေးလုပ်ငန်းရှင်များ၊ နည်းပြများနှင့် (၃) ရက်တာ တွေ့ဆုံခွင့် founder bootcamp နှင့် ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု၊ Azure တွင် လမ်းညွှန်ချက်တို့ အပါအဝင် ဆောင်ရွက်နေဆဲ Mentorship (လမ်းညွှန်မှုပေးခြင်း) တွင် ပါဝင်ခွင့်၊ လူလုပ်အသိဉာဏ် AI ၊ စက်မှအလိုအလျောက် သင်ယူသော ML တို့ အခြားသော အကြောင်းအရာများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။
အဆိုပါ Emerge X ပြိုင်ပွဲ Highway to a 100 Unicorns စီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့်ရှ်၊ ဘူတန်၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မောဒီ၊ မြန်မာ၊ နီပေါ၊ နယူးဇီလန်၊ ဖိလစ်ပိုင်၊ သီရီလင်္ကာ၊ စကာၤပူ၊ ထိုင်း၊ ဗီယက်နမ် အစရှိသည့် (၁၆) နိုင်ငံတို့မှ ဆန်းသစ်တီထွင်သူများနှင့် စွန့်ဦးတီထွင်သူများကို ဖိတ်ခေါ်မည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာ နိုင်ငံ၏ Emerge X ပြိုင်ပွဲများတွင် ပါဝင်ရန် စာရင်းပေးသွင်းရမည် ဖြစ်သည်။
Emerge X ကိုပါဝင်ရန် လိုအပ်သည့် သတ်မှတ်ချက်များဖြစ်သည့် အနည်းဆုံး client ၃ - ၄ ဦးမှ ရရှိသော အမြတ်ငွေဖြင့် လည်ပတ်နေသည့် လုပ်ငန်းပိုင်းဆိုင်ရာဈေးကွက်နှင့် ကိုက်ညီသည့် B2B ကုမ္ပဏီများ (Business-to-Business) ၊ပျမ်းမျှသုံးစွဲသူ ၁၀၀,၀၀၀ ကျော်အထက်ရှိသော B2C ကုမ္ပဏီများ (Business-to-Customer) ၊လက်ရှိ ရင်းနှီးမြှုပ်နှံမှုရရှိထားသူများကို အားသာချက်တစ်ချက်အနေဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း သိရသည်။
Emerge X တွင် ပါဝင်ယှဉ်ပြိုင်ကြသူများအားလုံးသည် လုပ်ငန်းပိုင်းဆိုင်ရာ နှင့် နည်းပညာ အလုပ်ရုံဆွေးနွေးပွဲများ သာမက GitHub နှင့် Azure တို့အား အခမဲ့အသုံးပြုခွင့်တို့ကို ရရှိသွားမည်ဖြစ်ကာ နိုင်ငံတစ်နိုင်ငံစီမှ ဆန်ကာတင် (၃) ဦးစီကို လာမည့် နိုဝင်ဘာလအတွင်း ကြေညာပေးသွားမည်ဖြစ်သည်။
အဆိုပါ ဆန်ကာတင် (၃)ဦးသည် Founder Bootcamp (၃)ရက်ကျော် တက်ရောက်ခွင့်၊ နည်းပညာနှင့် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဆွေးနွေးသင်ကြားပေးမည့် တစ်နှစ်တာ mentorship အစီအစဉ်၊ Microsoft ၏ တစ်မူထူးခြားသော co-sell program မှတစ်ဆင့် စီးပွားရေး မိတ်ဖက်များ ရှာဖွေနိုင်ခြင်းတို့အပြင် Microsoft ကျွမ်းကျင်သူများနှင့် နယ်ပယ် တစ်ခုတည်းတွင် အခိုင်အမာ အခြေကျပြီးသော ပညာရှင်များနှင့် တွေ့ဆုံနိုင်ခွင့် စသည့် အခွင့်အရေးများကိုလည်း ရရှိမည် ဖြစ်သည်။
ယင်း Emerge X ပြိုင်ပွဲသို့ ဝင်ရောက်ရန် အတွက် GrowthEnabler ဝက်ဘ်ဆိုက်တွင် https://aka.ms/highway စာရင်းပေးသွင်းရန်လိုအပ်ပြီး GrowthEnabler အတွက် လုပ်ငန်းအကျဉ်းကို ၈၀ % အထိဖော်ပြပေးကာ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်သည်။
ထိုပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်စုံစမ်းရန် This email address is being protected from spambots. You need JavaScript enabled to view it. သို့ဆက်သွယ်နိုင်မည်ဖြစ်သည်။

 
 
Read times
Rate this item
(0 votes)