Google Maps ကိုယ်ပိုင် newsfeed စတင်

Google Maps က Facebook လိုမျိုး newsfeed ကို စတင်လိုက်တယ်။


မြေပုံပေါ်မှာ ရောက်ရှိနေတဲ့ အရပ်အတွက် တင်ချင်တာလေးတွေ တင်ဖို့ ဖြစ်ပါတယ်။
အဲဒီဟာကို Google က “Community Feed” လို့ အမည်ပေးထားတယ်။
ဒါပေမဲ့ တခြား newsfeed လိုပဲ လက်မထောင်ပြထားတဲ့ အိုင်ကွန်ကို တို့ထိပြီး “Like” လုပ်ဖို့ စီစဉ်ပေးထားတယ်။ တင်ပြထားတာတွေကို လိုက်ကြည့်ဖို့ ပွတ်ဆွဲ scroll down တာလည်း တခြား newsfeed လိုပဲ ဖြစ်ပါတယ်။
အရပ်ဒေသအတွက် လတ်တလော သတင်းတွေ၊ အချိန်နဲ့တစ်ပြေးညီ ဖော်ပြချက်တွေ၊ ကောင်းချက် ဆိုးချက်တွေ တင်ပြနိုင်မှာ ဖြစ်ပါတယ်။
လုပ်ငန်းရှင်တွေအနေဖြင့် Google My Business ကို သုံးပြီး ကမ်းလှမ်းချက် အသစ်တွေ၊ ပစ္စည်းအသစ်ရောက်တဲ့အကြောင်းတွေ၊ အရောင်းမြှင့်တင်တာတွေ တင်ပြအသိပေးလို့ ရမှာ ဖြစ်ပါတယ်။

စားသောက်ဆိုင်များအနေဖြင့် ရနိုင်တဲ့ စားသောက်ဖွယ်ရာများ၊ အထူးလျှော့ဈေး စတာတွေ တင်ပြအသိပေးနိုင်မှာ ဖြစ်ပါတယ်။

သုံးစွဲသူတွေအနေဖြင့် follow လုပ်ထားတဲ့ Google users တွေ တင်လိုက်တဲ့ ပို့စ်တွေကို မြင်နိုင်မှာ ဖြစ်ပါတယ်။

မြေပုံကို မြေပုံအဖြစ်သာ သုံးစွဲတဲ့အတွက် နေ့တိုင်းလိုလို မသုံးဖြစ်ကြဘူး။ တည်နေရာတစ်ခုခု ရှာဖို့ လိုမှ သုံးဖြစ်တယ်။ သွားချင်တဲ့နေရာ ဘယ်လို သွားရမလဲ လမ်းညွှန်ချက် သိဖို့အတွက် လိုအပ်မှပဲ ဖွင့်သုံးဖြစ်တယ်။

အခုလို “Community Feed” ကို တပ်ဆင်ပေးလိုက်တော့ Google Maps ကို ကြည့်ဖြစ်တဲ့ ကြိမ်ရေ ပိုစိပ်ပြီး ပိုများသွားမှာ ဖြစ်ပါတယ်။

အဲဒီ Google Maps ကို တစ်ကမွာလုံး ဖြန့်ဖြူးပေးမှာ ဖြစ်ပြီး iOS နဲ့ Android ၂မျိုးစလုံးကို တစ်ပြိုင်နက်တည်း ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

 

 

Read times
Rate this item
(0 votes)