AirPods max ဆူညံသံချေဖျက်ထားတဲ့ နားကြပ်

Apple က ပြင်ပဆူညံသံတွေကို ဖျက်သိမ်းနိုင်တဲ့ နားကြပ် AirPods max ကို စတင်ရောင်းချပါတယ်။


နားကြပ်တစ်ခုကို အမေရိကန်ဒေါ်လာ ၅၄၉ ဖြစ်ပြီး ကြိုတင်အမှာစာတွေ စတင်လက်ခံနေပါပြီ။
၂၀၂၀ ဒီဇင်ဘာလ ၁၅ ရက် ကျရင် ပစ္စည်း စတင်ပေးပို့မှာ ဖြစ်ပါတယ်။

Apple ရဲ့ နားကြပ်သစ်မှာ ဘာတွေလုပ်ပေးထားသလဲ။
အရောင် ငါးမျိုး ရွေးချယ်စရာ လုပ်ပေးထားတယ်။ မီးခိုး၊ ငွေရောင်၊ ကောင်းကင်ပြာ၊ အစိမ်းနဲ့ ပန်းနုရောင်တို့ ဖြစ်ပါတယ်။

 apple-airpods-max-designboom-1800X2.png


ခေါင်းမှာ တပ်ထားတဲ့အခါ နားရွက်တွေပေါ် တအား ပိမနေအောင် ကိုင်းကွေးကို ဒီဇိုင်းလုပ်ထားပြီး တစ်ဖက်နဲ့ တစ်ဖက် မျှမျှတတ ဖြစ်နေအောင်လည်း လုပ်ပေးထားတယ်။ အတွင်းမှာ စတိန်းလက်စ်စတီး ဖရိန်ပါတာမို့ တောင့်တင်းခိုင်မာနေစေတယ်။ ကွေးညွှတ်လို့ ရအောင်လည်း လုပ်ပေးထားတာမို့ ခေါင်းအကြီးအသေး အမျိုးမျိုးမှာ အံဝင်ခွင်ကျ ဖြစ်နေစေမယ်။ ခေါင်းပုံပန်းသဏ္ဍာန်အရလည်း အဆင်ပြေနေစေမယ့်ကိုင်းကွေး ဖြစ်ပါတယ်။

 

apple-airpods-max-designboom-02.png

 

ဖွင့်လက်စသီချင်းကို ခဏရပ်စေချင်ရင် နားမှာ ကပ်ထားတဲ့ နားကြပ်တစ်ဖက်ကို ဖယ်လိုက်ရင် သီချင်းရပ်ဆိုင်းသွားမှာ ဖြစ်ပါတယ်။
ပြင်ပမှ ဆူညံသံတွေ သီချင်းသံထဲ ရောဝင်လို့ မရအောင် နားကြပ်က ဆန်ကာစစ်ပြီး တားဆီးပေးထားမှာ ဖြစ်ပါတယ်။
ဝါယာလက်နားကြပ်ဖြစ်ပြီး ဘက်ထရီ အားအပြည့် သွင်းထားရင် နာရီ ၂၀ ကြာတဲ့အထိ နားထောင်လို့ ရပါတယ်။

အသုံးမပြုတဲ့အခါ သိမ်းဆည်းဖို့ အိတ်လည်း အဆင့်သင့် ပါပါတယ်။ 

apple-airpods-max-designboom-06.png

 

 

 apple_airpods-max_designboom-02.gif

 

 

 apple-airpods-max-designboom-07.png

 

apple-airpods-max-designboom-04.jpg

 

 

apple-airpods-max-designboom-03.png

Read times
Rate this item
(0 votes)