အိုင်ဖုန်းထုတ်လုပ်တဲ့စက်ရုံ မီးလောင်ဖျက်စီးခံရ

အိုင်ဖုန်းထုတ်လုပ်တပ်ဆင်တဲ့စက်ရုံမှ အလုပ်သမားများရဲ့ပြောကြားချက်အရ သူတို့တွေလစာ မရတာ ကြာမြင့်နေခဲ့ပါပြီ ဒါကြောင့်လစာမရမဲ့အတူတူ ပြတင်းပေါက်တွေကို ထုခွဲ ရိုက်ခွဲဖြစ်တယ်လို့သိရပါတယ်။

 

အခုဆိုရင် အိန္ဒိယထုတ်လုပ်ရေးစက်ရုံမှ အလုပ်သမားတွေဖျက်စီးလိုက်ပြီမို့ ပျက်စီးဆုံးရှုံးမှုအားဖြင့် ၇ သန်း တန်ဖိုးလောက်ရှိနေပြီ သိရတယ်ဆိုကာ Reuters သို့ပြောကြားလိုက်ပါတယ်။အဆိုပါ iPhone စက်ရုံကို ထိုင်ဝမ် အခြေစိုက်လုပ်ငန်းစု Wistron မှ ပိုင်ဆိုင်တာဖြစ်ပြီးအလုပ်သမားများအနေနဲ့ သူတို့လုပ်သလောက် ထိုက်တန်တဲ့လုပ်အားခ ကြေးငွေ ကိုမရရှိတာမို့ထိုကဲ့သို့လုပ်တယ်သိရပါတယ်။

 

အဆိုပါ အိန္ဒိယ မှ သောင်းကျန်းနေတဲ့ဗီဒီယိုတက်လာတဲ့ အခါမှာ အလုပ်သမား အယောက် ၂၀၀၀ လောက်သူတို့ညဘက်ပိုင်းအလုပ်ဆင်းအပြီး ၎င်းတို့ လုပ်ငန်းစုအပိုင် ပရိဘောဂများ ၊ စုဝေးနေရာများကို ဖျက်စီးကာ ၊ လူကြီးပိုင်းများရဲ့ ကားများကို မီးလောင်တိုက်သွင်းခဲ့ကြပါတယ်။

 

စက်ရုံထဲမှာ အလုပ်သမားတွေကို လစာပေးနှုန်းထားကတော့ ပုံမှန်အားဖြင့် စက်မှုကျောင်းဆင်းဘွဲ့ရအလုပ်သမားတစ်ယောက်ကို အမေရိကန်ဒေါ်လာ ၂၈၆ ( မြန်မာငွေ- ၃၈၆၁၀၀ ) ပေးထားပါတယ်။ထိုသူတို့ရဲ့လစာကို ယခုလတွေမှာအမေရိကန် ဒေါ်လာ ၁၆၃ ( မြန်မာငွေ - ၂၂၀၀၀၀ ) သာရရှိပါတော့တယ်။

 

စက်မှုကျောင်းဆင်းမဟုတ်တဲ့ အလုပ်သမားတစ်ယောက်ကို လစာအနေတော့ အမေရိကန် ဒေါ်လာ ၁၀၉ ( မြန်မာကျပ်ငွေ ၁၄၇၁၅၀ ) ရနေရင်းကနေ သူတို့ ဘဏ်အကောင့်ထဲကို လစာငွေ အမေရိကန်ဒေါ်လာ ၆ ကျပ် ( မြန်မာငွေ ၈၀၀၀ ) လောက်သာ ရရှိတာမျိုးနဲ့ ကြုံလာပါတယ်။

 

Wistron လုပ်ငန်းစုဟာဆိုရင်တော့ Apple ရဲ့ ထိပ်သီး Supplier ဖြစ်ပြီးအဆိုပါ ကိစ္စရပ်ဟာ Apple ရဲ့ Supplier လမ်းစဉ်နဲ့အတော်လေးသီးခြားဖြစ်နေတာတွေ့ရပါတယ်ဆိုကာ Apple လုပ်ငန်းစုမှ ပြောကြားသွားပါတယ်။အိန္ဒိယဟာဆိုရင်တော့ တရုတ်ပြည်ပြီးရင် စမတ်ဖုန်း မားကတ် ကို ဒုတိယ ဦးဆောင်နေတာဖြစ်ပြီး အိန္ဒိယ ရဲ့ စျေးကွက်မှာ Apple အနေနဲ့ အတော်လေး နေရာရအောင်ကြိုးစားနေရတာပါ အိန္ဒိယ စျေးကွက်ရဲ့ ၃ ရာခိုင်နှုန်းကိုသာ Apple ကရရှိထားတာပါ။

 

အိန္ဒိယစျေးကွက်သို့ထိုးဖောက် ၀င်ရောက်လိုပါက Apple သည်ကုန်ကျစရိတ်များကိုလျှော့ချရန်လိုအပ်လိမ့်မည်။ အိန္ဒိယ ၀င်ငွေနည်းခြင်းနှင့်အိုင်ဖုန်း၏မြင့်မားသောစျေးနှုန်းများသည်အိန္ဒိယတွင် iPhone ရောင်းအားအလွန်နည်းပါးတာတွေ့ရပါတယ်။ Bloomberg ၏ပြောကြားချက်အရ ၂၀၁၈ ခုနှစ်တွင်အိန္ဒိယမှလူများသည်စမတ်ဖုန်းသန်း ၁၄၀ ကိုဝယ်ယူခဲ့သော်လည်း Apple မှ အလုံးရေ ၁.၇ သန်းသာရောင်းချနိုင်ခဲ့တယ်သိရပါတယ်။

 

Ref : Arstechnica

 

Myanmar ICT Guide

Read times
Rate this item
(0 votes)