သူ့ကို မက်ဆေ့ချ်တွေအများကြီးပို့ခဲ့တဲ့ သူကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ Elon Musk

တူညီတဲ့မက်ဆေ့ချ်ပေါင်း ၁၅၄စောင်တောင် Elon Musk ကိုပေးပို့ခဲ့တာပါ။

 

Video Gameတွေရေးတဲ့ သူတစ်ယောက်ဖြစ်တဲ့ Lyubomir Vladimirov ဆိုတဲ့ သူဟာ Elon Musk ကို တူညီတဲ့ မက်ဆေ့ချ်ပေါင်း ၁၅၄စောင်ကို ရည်ရွယ်ချက်ရှိရှိပို့ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ Elon Musk ရဲ့ အာရုံစိုက်မှုကို လိုချင်တာပါ။ ဘာကြောင့်လဲဆိုတော့ Elon Musk ရဲ့ SpaceX ကိုအခြေခံပြီး Video Game ရေးချင်လို့ပဲ ဖြစ်ပါတယ်။

 

သူပို့ခဲ့တာကတော့ "Elon ခင်ဗျ၊ ကျွန်တော်က Game ရေးတဲ့သူတစ်ယောက်ပါ၊ ကျွန်တော် အာကာသမှာနယ်မြေသိမ်းပိုက်တဲ့ Game တစ်ခုကိုရေးချင်ပါတယ်၊ အဲ့မှာ အင်္ဂါဂြိုလ်အပြင် Elon ရဲ့ SpaceX ကုမ္ပဏီကိုပါထည့်သွင်းချင်ပါတယ်၊ Elon သာခွင့်ပြုမယ်ဆိုရင် ကျွန်တော် Elon ရဲ့နာမည်နဲ့ SpaceX logo ကိုအသုံးပြုချင်ပါတယ်၊ ကျွန်တော်ဒီစာကို Elon 'yes or no' မပြောမချင်း တစ်နှစ်ပတ်လုံးပို့နေမှာပါ( 154/365)"   လို့ ပေးပို့ခဲ့တာဖြစ်ပါတယ်။အဆိုပါလူငယ်လေးဟာ ၁၅၄ကြိမ်အထိ Twitter မှတစ်ဆင့် နေ့စဉ်မက်ဆေ့ချ်တစ်စောင်ဆီ ပို့ခဲ့တဲ့အခါမှာတော့ SpaceX ရဲ့ CEOဖြစ်တဲ့ Elon Musk သတိထားမိခဲ့ပြီး သူ့ကိုပြန်လည် တုံ့ပြန်ခဲ့ပါတယ်။

 

"မင်း ငါ့နာမည်ရော၊ ငါ့ကုမ္ပဏီလိုဂိုကိုပါ ခိုးသုံးနိုင်ပါတယ်။ မင်းကိုငါ တရားမစွဲပါဘူး" ဆိုပြီး Elon Musk က လူငယ်လေးကို ပြန်ပြီး ပို့ခဲ့တာဖြစ်ပါတယ်။ ၂၂ပတ်ကြာ ကြိုးစားခဲ့တဲ့ လူငယ်လေးရဲ့ကြိုးစားမှုက အောင်မြင်ခဲ့တယ်လို့ပဲ ပြောရမှာပါ။Elon Muskရဲ့ အကြောင်းပြန်ပြီးချိန်မှာတော့ SpaceX ကိုအခြေခံပြီး ထုတ်လုပ်မယ့် လူငယ်လေးက ဂိမ်းမှ ရရှိလာမယ့် အကျိုးအမြတ်တွေကို SpaceX ထံ ပေးအပ်မှာဖြစ်ကြောင်းလည်း ကတိပေးပါတယ်။ 

 

"ကျွန်တော့်Game ရဲ့ ၈၀ရာခိုင်နှုန်းအမြတ်ကို SpaceX ကိုပေးချင်ပါတယ်။လူတွေကိုဖျော်ဖြေဖို့အတွက်ပဲ ရည်ရွယ်တာမဟုတ်ပါဖူး၊ အင်္ဂါဂြိုလ်အပေါ်လူတွေစိတ်ဝင်စားမှုကို နှိုးဆွနိုင်ဖို့လည်း ရည်ရွယ်ပြီး၊ ဒါက အာကာသ ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Elon Musk ရဲ့ SpaceX ကိုလည်း အကျိုးရှိစေဖို့ ကျနော်ရည်ရွယ်ပါတယ်” ဆိုပြီး Vladimirov ကပြောခဲ့ပါတယ်။

 

Vladimirov ဟာ သူ့အနေနဲ့ အချိန်ဖြုန်းတတ်သူတစ်ယောက်မဟုတ်ဖူးဆိုတာလည်း ပြထားတာတစ်ခုရှိပါတယ်။ Elon Musk ရဲ့ ခွင့်ပြုချက်ကိုစောင့်နေရင်းမှာပဲ game ရဲ့ interface ကိုပြထားတဲ့ video တစ်ခုကို သူ့ရဲ့ instagram မှာတင်ထားပါတယ်။ကြည့်လိုက်ရအောင်။

 

နောက်ထပ်video တွေကိုလည်း သူ့ instagram profile ကိုထောက်ကြည့်ပြီး ကြည့်နိုင်ပါတယ်။

 

Ref: entrepreneur.com

 

 

Read times
Rate this item
(0 votes)