သေဆုံးခဲ့တဲ့ စူပါစတားတစ်ယောက်ရဲ့အသံကို AI သုံးပြီး စင်မြင့်ပေါ်တင်မည်

တောင်ကိုးရီးယားနိုင်ငံရဲ့ ရုပ်သံလွှင့်ဌာန SBS က Artificial Intelligence (AI) နည်းပညာကိုသုံးပြီး စူပါစတား Kim Kwang-seok ရဲ့အသံကိုပြန်လည်ကြားစေရန် စီစဉ်ခဲ့ပါတယ်။

 Kim Kwang-seok သေဆုံးပြီး ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်လုပ်တဲ့ အစီအစဉ်ပါ။ အစီအစဉ်ရဲ့နာမည်ကတော့ “Competition of the Century: AI vs Human” ဖြစ်ပြီး နောက်တစ်ပတ်အတွင်းထုတ်လွှင့်မယ်လို့ သိရပါတယ်။ တောင်ကိုးရီးယားနိုင်ငံရဲ့ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်အသံကို AI နည်းပညာသုံးပြီး ဖျော်ဖြေပွဲလုပ်တာဟာ ပထမဆုံးအကြိမ်မဟုတ်ပါဘူး။

 

ဂန္တဝင်တေးသံရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ AI နည်းပညာကိုသုံးပြီး “One More Time” ဆိုတဲ့အစီအစဉ်ကို ဂီတရုပ်သံလိုင်း Mnet က ဒီဇင်ဘာလမှာ ထုတ်လွှင့်ခဲ့ပါတယ်။


ဒါ့အပြင် K-Pop စူပါစတားဖြစ်တဲ့ BTS ဟာ ၂၀၁၄ ခုနှစ်က သေဆုံးခဲ့တဲ့ အဆိုတော် Shin Hae-chul ရဲ့ သီချင်းတွေကို AI version နဲ့ New Year’s Eve အွန်လိုင်းဖျော်ဖြေပွဲမှာ ဖျော်ဖြေခဲ့ပါတယ်။ လက်ရှိမှာ AI နည်းပညာနဲ့ ဖျော်‌ဖြေပွဲတွေဟာ သူတို့ရဲ့သီချင်းကို ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေအတွက် ရင်ခုန်စရာကောင်းပေမယ့် တချို့ကတော့ သေဆုံးသူရဲ့အသံကို ပြန်သုံးတာဖြစ်တဲ့အတွက် ကျင့်ဝတ်ပိုင်းနဲ့ ဥပဒေနဲ့ကိုက်ညီမှုရှိမရှိကို စိုးရိမ်နေကြပါတယ်။ AI နည်းပညာနဲ့ သေဆုံးသူတွေရဲ့ အသံကို ဖန်တီးမှုအသစ်အနေနဲ့ ပြုလုပ်ခြင်းဟာ မူပိုင်ခွင့်ပြဿနာကို ဖြစ်စေနိုင်ပါတယ်။

 

အခုလို AI ဖန်တီးမှုအသစ်ရဲ့ ပိုင်ရှင်က AI program ကို ဖန်တီးခဲ့တဲ့သူက ပိုင်ဆိုင်မှာလား။ AI system ကပဲ ပိုင်ဆိုင်တယ်လို့ ယူဆရမှာလားဆိုတာ ဘယ်သူက အဆုံးအဖြတ်ပြုပေးရမလဲဆိုတာတော့ မသိနိုင်သေးပါဘူး။

Read times
Rate this item
(1 Vote)