ထွန်းပေါက် အောင်မြင်နေတဲ့ Games Workshop

စားပွဲပေါ်တင်ပြီး ဆော့ကစားရဲ့ ဂိမ်းကို သိပ္ပံစိတ်ကူးယဉ် နဲ့ စိတ်ကူးယဉ်လောက ရောမွှေပြီး ဖန်တီးရောင်းချတဲ့ Games Workshop ဟာ ကိုဗစ်ကပ်ကာလအတွင်းမှာ ရောင်းအားတက်တယ်။

ဒီတော့ အစုရှယ်ယာတွေလည်း ဈေးထိုးတက်ခဲ့ပါတယ်။

 

578.jpg

 

လော့ဒေါင်းအတွင်း အိမ်မှာနေကြရလို့ ဆော့ကစားစရာ ဝယ်လိုအားတက်ခဲ့တယ်။ နဂိုက နာမည်ရပြီး Games Workshop အဖို့ ထွန်းပေါက်အောင်မြင်တဲ့ အခြေအနေထဲ ရောက်ရှိသွားခဲ့တယ်။

စလုံးရေ စခဲ့စဉ်က လန်ဒန်မြို့အနောက်ပိုင်းမှာ တည်ရှိတဲ့ တိုက်ခန်းတစ်ခန်းမှာ John Peake, Ian Livingstone နဲ့ Steve Jackson ဆိုတဲ့ သူငယ်ချင်း သုံးယောက်က ဘုတ်ပြားသုံးပြီး ကစားရတဲ့ ဂိမ်းတွေ ရောင်းချခဲ့ကြတယ်။ ဝါသနာအိုးများအတွက် မဂ္ဂဇင်းကိုလည်း စာတိုက်မှ ပေးပို့တဲ့စနစ်ဖြင့် ရောင်းချခဲ့ကြတယ်။

စိတ်ကူးယဉ် role-playing brand ဖြစ်တဲ့ Warhammer ကြောင့် အကြီးအကျယ်အောင်မြင်ခဲ့ပြီး ဇူလိုင်လကုန်မှာ ဝန်ထမ်းတိုင်းကို ဆုကြေး ပေါင် ၅,၀၀၀ (ကန်ဒေါ်လာ ၇,၀၀၀ နီးပါး) ချီးမြှင့်ခဲ့တယ်။ ကုမ္ပဏီရဲ့ အမြတ်အစွန်းက ကပ်ရောဂါကာလအတွင်း တစ်ဟုန်ထိုး မြင့်တက်သွားခဲ့လို့ ဖြစ်ပါတယ်။

 

Games_Workshop_logo.svg.png

 

Games Workshop က ဂိမ်းဇာတ်ကောင်တွေကို ပလတ်စတစ် အရုပ်အသေးစားလေးတွေ ပြုလုပ်ပြီး ရောင်းချခဲ့ရာမှာ ခိုင်မာတဲ့ ဂိမ်းပရိတ်ကို ရရှိခဲ့တယ်။ စိတ်ကူးယဉ် ဇာတ်လမ်းတွေထဲမှာ ဇာတ်ကောင်အရုပ်တွေလည်း ထုတ်လုပ်ရောင်းချတယ်။

ကုမ္ပဏီသက်တမ်းက နှစ် ၄၀ ရှိပြီ။ အင်တာနက်ခေတ်မှာ အွန်လိုင်းဂိမ်းတွေ ပေါ်ပေါက်လာတဲ့အတွက် ဇာတ်ကောင် အရုပ်တွေ ပိုများလာခဲ့တယ်။ ပိုစုံလင်လာခဲ့တယ်။ အွန်လိုင်းမှာ ကစားကြသူတွေက သူတို့ စားပွဲပေါ်မှာ သူအရူးအမူးဖြစ်တဲ့ ဇာတ်ကောင်ရဲ့ အရုပ်ကလေးတွေ တင်ထားချင်ကြတာကြောင့် ဝယ်ဖို့ စဉ်းစားရင် အရုပ်တွေ အစုံဆုံးဖြစ်တဲ့ Games Workshop ဆီမှာ ဝယ်ဖြစ်ကြရင်း ဖောက်သည်တွေ ဖြစ်လာကြတယ်။

Games Workshop က ဘုတ်ပြားဂိမ်းတွေနဲ့ ဂိမ်းသတင်းလွှာတွေ ရောင်းချရင်း နာမည်ရလာချိန်မှာ ကစားတဲ့သူတွေ သန်းချီရှိတဲ့ Dungeons & Dragons ဖန်တီးသူက သူတို့ကို ယူကေအတွက် ဖြန်ချိရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တယ်။

Games Workshop ရဲ့ ပထမဆုံး စတိုးဆိုင်ကို ၁၉၇၈ ခုနှစ်မှာ ဖွင့်လှစ်ပြီး wargame တွေထဲမှာ ဇာတ်ကောင်တွေကို အရုပ်အသေးစားတွေ ထုတ်လုပ်ရောင်းချတယ်။ ၁၉၈၃ ခုနှစ်မှာ Warhammer ကို ဖန်တီးတယ်။ သွေးဆာနေတဲ့ တိုက်ပွဲတွေ orcs တွေနဲ့ elves တွေ တိုက်ကြတဲ့ ဂိမ်းတစ်မျိုး ဖြစ်ပါတယ်၊
Warhammer ဟာ ကမ္ဘာသိ brand အဖြစ်သို့ ရောက်ရှိလာတယ်။ အမာခံ ပရိသတ်တွေက ဘယ်လို ဖန်တီးရသလဲဆိုတာ သင်ယူလိုပါက သင်ယူလို့ရပြီး ဇာတ်ရုပ်တွေကို ဖန်တီးတာ၊ အရောင်ထည့်တာတွေ လုပ်လို့ရတယ်။ အဲဒီဇာတ်ရုပ်တွေနဲ့ ဂိမ်းဆော့လို့လည်း ရတယ်။

ဘူးတွေနဲ့ ထည့်ထားတဲ့ အစုံလိုက် ဂိမ်းရုပ်တွေ ဝယ်ပြီးရင်း ဝယ်ဖြစ်နေတာက စုဆောင်းတဲ့ဝါသနာတစ်ခု ဖြစ်ပါတယ်။ စုံလင်အောင် စုဆောင်းရင်း ဝယ်ဖြစ်သွားကြတယ်။ စုဆောင်းသူရဲ့ ဂိမ်းတပ်တော်မှာ အင်အားကြီးမားလာတာကို ကျေနပ်တယ်။ အားရတယ်။
အရုပ်သေးသေးလေးတွေကို တစ်စီစီ အံဝင်ခွင်ကျ ဆက်ပြီး အရုပ်တွေ ဖန်တီးလို့ ရတယ်။ အပိုင်းအစတွေ ရာဂဏန်းကို ချိတ်ဆက်ပြီး ဇာတ်ကောင်တစ်ကောင် အသစ်ဖန်တီးလို့ ရတယ်။ ပြီးရင် အရောင်ခြည်လို့ ရတယ်။ အဲဒီလို့ စိတ်ကူးဉာဏ် ကွန့်မြူးပြီး လုပ်ကိုင်ဖန်တီးရတဲ့ အရသာက ဘာနဲ့မှ မလဲနိုင်ဘူး။

ပြီးခဲ့တဲ့နှစ် ရောင်းအားပမာဏက ပေါင် ၃၆၁ သန်း ရှိတယ်။ အမြတ်မာဂျင်က ၄၃% ရှိတယ်။ ခေါက်ချိုးနီးပါး အမြတ်တွေ ရနေတာ ဖြစ်ပါတယ်။ Google ကို ပိုင်ဆိုင်တဲ့ Alphabet Group ရဲ့ အမြတ်မာဂျင်က ၂၅% ဝန်းကျင်ပဲ ရှိပါတယ်။ Games Workshop က Google ထက် နှစ်ဆနီးပါး သာနေပါတယ်။

 

3334.jpg

 

ဒီဇိုင်းထုတ်ခြင်း၊ ပြုလုပ်ခြင်းနဲ့ ရောင်းချခြင်းတို့ကို ကုမ္ပဏီဝန်ထမ်းတွေနဲ့ပဲ လုပ်ကိုင်တာမို့ ရောင်းရသမျှ သပိတ်ဝင် အိပ်ဝင် ဖြစ်ပါတယ်။ တခြားပြင်ပလုပ်ငန်းကို အခကြေး ပေးစရာ မလိုဘူး။ စက်ရုံပိုင်ရှင်တွေကို ပေးရတာ၊ လက်လီအရောင်းဆိုင်တွေကို ပေးရတာ မရှိဘူး။

ကုမ္ပဏီကမူဝါဒ ပြောင်းလဲလိုက်ပြီးတဲ့နောက်မှာ ဝန်ထမ်းတွေကို အမြတ်ဝေစုအဖြစ် ဆုကြေးပေးတယ်။ ရှယ်ယာပိုင်ခွင့်တွေ ပေးတယ်။

Read times
Rate this item
(0 votes)