စပိုင်ထည့်ထားတဲ့ ဘေကယ်ကြိုး

သာမန်ကေဘယ်ကြိုးအတိုင်း အပြင်ပန်းမှာ အတူတူ ဖြစ်ပေမဲ့ စကားဝှက်ကဲ့သို့သော ဒေတာမျိုးတွေကို ခိုးယူပေးပြီး ဟက်ကာထံသို့ ထုတ်လွှင့်ပေးပို့နိုင်တဲ့ ကေဘယ်ကြိုးကို "OMG Cable" အမည်ဖြင့် ထုတ်လုပ်ပါတယ်။

"OMG Cable က သာမန် အားသွင်းကြိုး USB cable နဲ့ တထေရာတည်း တူနေပြီး ကီးဘုတ် ရိုက်သမျှကို ရယူပြီး မှတ်သားပေးထားနိုင်တဲ့အပြင် မှတ်သားထားတာတွေကိုလည်း ဝိုင်ဖိုင်ဖြင့် ပေးပို့ပေးနိုင်တယ်။

 

o-mg-lighting-cable-log-keystrokes-malware-768x417.jpg

 

ကေဘယ်ထဲမှာ အလုပ်လုပ်ပေးဖို့ ချစ်ပ်တစ်ခု ထည့်ပေးထားပြီး သာမန်အားသွင်းကြိုးနဲ့ တူနေတာမို့ ချစ်ပ်ထည့်ထားတဲ့ ကြိုးဖြစ်ကြောင် မသိနိုင်ဘူး။ USB-C ချိတ်ဆက်ခေါင်းရဲ့ ထက်ဝက်စာလောက် နေရာယူပြီး ချစ်ပ်ကို ထိုင်ပေးထားတယ်။ ကြိုးကို အားသွင်းကြိုးအဖြစ် သုံးလို့ ရနေစေတယ်။

 

Screenshot_2021-09-05_135127.jpg

x-ray ပုံ


၂၀၁၉ ခုနှစ်မှာ လုံခြုံရေးသုတေသနလုပ်ငန်း MG က ဆန်းသစ်တီထွင်ခဲ့ပြီး ယခုအခါမှာ ဆိုင်ဘာလုံခြုံရေးပစ္စည်း အရောင်းလုပ်ငန်း Hak5 နဲ့ ပူးပေါင်းလုပ်ကိုင်ကာ အမြောက်အမြား ထုတ်လုပ်ရောင်းချတာ ဖြစ်ပါတယ်။ ရောင်းဈေးက အမေရိကန်ဒေါ်လာ ၁၂၀ ခန့် ဖြစ်ပါတယ်။

 

hackread.com

 

 

Read times
Rate this item
(0 votes)