လေဆာတီဗီ

လေဆာတီဗီ သုတေသနနဲ့ ထုတ်လုပ်မှုတို့မှာ တရုတ်နိုင်ငံက ကမ္ဘာ့ဦးဆောင်နေရာမှာ ရောက်ရှိနေပါတယ်။


Chinese Academy of Engineering မှ ပညာရှင်တစ်ဦးဖြစ်သူ Xu Zuyan က “လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ အတွင်းမှာ လေဆာနဲ့ ပြသတာ သဘောတရားအဆင့်မှ နည်းပညာတစ်ခု ဖြစ်လာခဲ့ပြီး အခုတော့ ထုတ်လုပ်တဲ့အဆင့်ကို ရောက်ရှိနေပါပြီ” လို့ ပြောကြားပါတယ်။

လေဆာတီဗီက အရောင်အစစ်အမှန်တွေကို ပြသတယ်။ ပုံရိပ်သိပ်သည်းမှု မြင့်မားအောင် နည်းပညာပိုင်းမှာ တိုးတက်ဖြစ်ပေါ်ခဲ့လို့ လူ့မျက်လုံးဖြင့် အပြင်မှာ မြင်နေရတဲ့အတိုင်း တစ်ထေရာတည်းနီးပါး ပြသပေးနိုင်နေပြီလို့ သူက ပြောပြတယ်။

၂၀၁၉ နှစ်ကုန်ပိုင်းမှာ လေဆာတီဗီ လုပ်ငန်းနယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၂၇ ခု ရှိခဲ့ပြီး နှစ်စဉ်ဝင်ငွေ ယွမ် ၁၅ ဘီလျံ (ကန်ဒေါ်လာ ၂.၃ ဘီလျံ) ရရှိခဲ့ပါတယ်။ laser display အတွက် မူပိုင်ခွင့်များလည်း နိုင်ငံတကာအဆင့်ဖြင့် မှတ်ပုံတင်နိုင်ခဲ့တယ်။

ရှန်ဒေါင်းပြည်နယ် ရှင်ဒေါင်းမြို့မှာ အခြေစိုက်ထားတဲ့ အိမ်သုံးလျှပ်စစ်ပစ္စည်း အမျိုးမျိုး လုပ်ငန်း Hisense က လေဆာတီဗီကို အစောပိုင်းကလာကတည်းက လုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်မှာ သုတေသနလုပ်ငန်းကို စတင်ခဲ့ပြီး အမြောက်အမြား ထုတ်လုပ်ရောင်းချတာကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တယ်။ လေဆာတီဗီနဲ့ ပတ်သက်တဲ့ နိုင်ငံတကာ မူပိုင်ခွင့် ၁,၄၀၀ ကျော်ကို လျှောက်ထားခဲ့ပြီး ၅၇၅ ခုကို မှတ်ပုံတင်နိုင်ခဲ့ပါတယ်။

OLED, QLED နဲ့ လေဆာအပါဝင် အပြ အမျိုးမျိုး ပေါ်ထွက်ခဲ့တယ်။ အနာဂတ်မှာ လေဆာတီဗီကို ပိုသုံးလာကြလိမ့်မယ်လို့ Hisense က မျှော်မှန်းထားတယ်။
“သုံးစွဲသူတွေက အခန်းထဲမှာ တီဗီကြီးကြီးမားမား ထားချင်ကြတယ်။ လေဆာနဲ့ ထိုးပြီး ပြသတာက ပုံကြီးကြီး ပြသဖို့ ပိုလွယ်ကူတယ်” လို့ သူက ပြောပြတယ်။

သမားရိုးကျ liquid crystal display တွေထက် လေဆာတီဗီရဲ့ အားသာချက်က အရွယ်ကြီးမားတဲ့အတွက် ဈေးအရမ်းကြီးနေတာမျိုး မဟုတ်ဘဲ ဈေးသက်သက်သာသာဖြင့် ရောင်းဈေး သတ်မှတ်ပေးနိုင်တာ ဖြစ်ပါတယ်။

ဈေးကွက်ရောင်းအားကို ကြည့်ရင် Hisense ထုတ်လုပ်ရောင်းချတဲ့ လေဆာတီဗီတွေက တရုတ်ပြည်တွင်းဈေးကွက် တီဗီအရောင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ဝေစု ၁၅% မျှသာ ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာတော့ ၇၀% ဖြစ်လာပါတယ်။ လေဆာနည်းပညာအပေါ် သုံးစွဲသူတွေ ပိုမိုစိတ်ချလာကြပြီး လေဆာတီဗီကို ရွေးချယ်လာကြတာ ဖြစ်ပါတယ်လို့ သူက ပြောပြတယ်။


ဈေးကွက်သုတေသန လုပ်ငန်း Omdia ရဲ့ အဆိုအရ လက်မ ၈၀ နဲ့အထက် တီဗီအရွယ်အစားတွေမှာ ၂၀၂၀ ပြည့်နှစ်အတွင်း လေဆာတီဗီတွေ ကမ္ဘာတစ်လွှားမှာ ခုရေ ၂ သန်းနီးပါး ရောင်းချခဲ့ရပါတယ်။ ၂၀၂၅ ခုနှစ်မှာ ၄ သန်းအထိ ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။

Read times
Rate this item
(1 Vote)