Apple ရဲ့ Sept 14 Event သတင်းပလင်း

Apple က လာမယ့်သီတင်းပတ် အင်္ဂါနေ့ စက်တင်ဘာလ ၁၄ ရက်မှာ အွန်လိုင်းပွဲ ကျင်းပမယ်လို့ စက်တင်ဘာလ ၇ ရက်က တရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Apple ရဲ့ Sept 14 Event နဲ့ ပတ်သက်တဲ့ သတင်းပလင်းတွေလည်း ထွက်ပေါ်လာပါတယ်။

၂၀၁၃ ခုနှစ်ကတည်းက Apple က အိုင်ဖုန်းမျိုးဆက်အသစ်ကို စက်တင်ဘာလမှရောက်တိုင်း စတင်ရောင်းချခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ 5G ချိတ်ဆက်အသုံးပြုနိုင်တဲ့ iPhone တွေ စတင်ရောင်းချခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဂြိုဟ်တုဆက်သွယ်ရေး သုံးလို့ရတဲ့ iPhone တွေ ဖြစ်လာနိုင်တယ်လို့ သတင်းထွက်ပေါ်ခဲ့ပါတယ်။ ရောင်းအားကောင်းခဲ့တဲ့ ဈေးအနိမ့် iPhone SE လည်း ပါလာလိမ့်မယ်လို့မျှော်လင့်နေကြတယ်။
အရွယ်အစားတွေက မနှစ်တုန်းက မော်ဒယ်တွေအတိုင်း ပုံမှန် iPhone အတွက်က 5.4နဲ့ 6.1 လက်မ အရွယ်အစား ဖြစ်ပြီး "Pro" မော်ဒယ်တွေက 6.1 နဲ့ 6.7 မော်ဒယ်တွေ ဖြစ်လိမ့်မယ်လို့ ဆိုတယ်။

အခုနှစ်မှာ Portrait mode ကို ရုပ်သေဓာတ်ပုံအတွက်သာမက ဗီဒီယိုရိုက်ဖို့အတွက်ပါ သုံးနိုင်အောင် စီမံပေးထားလိမ့်မယ်လို့ မီဒီယာသတင်းတစ်ခုမှာ ဆိုထားပါတယ်။ Portrait mode က depth sensor ကို အသုံးပြုပြီး နောက်ခံကို ဝါးပေးပြီး ရိုက်ချင်တဲ့အရာကို ထင်ရှားအောင် လုပ်ပေးတာကြောင့် ပုံထွက်လှတယ်။

အိုင်ဖုန်းအပြင် Apple Watch Series 7 စမတ်လက်ပတ်နာရီ အသစ်အဆန်းတွေ ပွဲထုတ်မယ်လို့လည်း မျှော်လင့်ထားကြပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အာရုံခံhealth sensor တစ်ခုမှ ပါမှာ မဟုတ်ဘူးလို့ သတင်းထွက်ပေါ်ပါတယ်။

AirPods ဝါယာမဲ့နားဖတ်တွေ အသစ်ထွက်မထွက် သတင်းပလင်း အသံတိတ်နေတယ်။ နားပေါက်ထဲထည့်ရတဲ့ ဆူညံသံချေဖျက်ပေးတဲ့ AirPods Pro န့ နားရွက်ပေါ် တပ်ပြီး သုံးရတဲ့ ဈေးကြီးတဲ့ AirPods Max မျိုးဆက်သစ် ပါလာမှာလား ဆိုတာ သတင်းမထွက်ဘူး။

iPad နဲ့ iPad mini အသစ်ထွက်နိုင်ပြီး iPad Air ကတော့ အသစ်ထွက်မှာ မဟုတ်ဘူးလို့ ဆိုကြတယ်။
အိုင်ပက်တွေ ဒီဇိုင်းတစ်မျိုး ပြောင်းပေးထားပြီး home button ထည့်မထားဘူးလို့ ဆိုတယ်။ Apple ရဲ့ A-series ချစ်ပ်မှာ A15 ကို သုံးထားလိမ့်မယ်။ iPad Air အသစ်ထုတ်တယ်ဆိုရင်လည်း ထူးထူးခြားခြားဆိုလို့ A15 ချစ်ပ်ကို သုံးပေးထားတာပဲ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းထားကြတယ်။

Read times
Rate this item
(0 votes)