Apple’s September 14 event

iPhone ဖြင့် ပွဲကို ဖွင့်လှစ် စတင်ခြင်းမပြုဘဲ Apple ၏အမှုဆောင်အရာရှိချုပ် Tim Cook သည် နောက်ဆုံးပေါ် iPad ကို ပွဲ ဦး ထွက်မိတ်ဆက်ပွဲနှင့် စတင်ခဲ့သည်။


iPad အသစ်သည် ဒေါ်လာ ၃၂၉ အနိမ့်ဆုံးဈေးဖြင့် စတင်ထားပြီး လာမည့်အပတ်မှ စတင်၍ ဖောက်သည်များထံသို့ တင်ပို့လိမ့်မည်။

 

6140d91bd32a2700187a9bcd.jpg

 

Apple မှပထမဆုံးထုတ်ဖော်ပြသသောထုတ်ကုန်သစ်သည်၎င်း၏ရေရှည်တက်ဘလက်ဖြစ်သော iPad ကိုအဆင့်မြှင့်တင်ခြင်းဖြစ်သည်။

iPad နောက်ဆုံးပေါ်ဗားရှင်းတွင် ပိုမိုအစွမ်းထက်သော ချစ်ပ် A13 Bionic ထည့်ပေးထားပြီး စွမ်းဆောင်ရည် ၂၀ ရာခိုင်နှုန်းပိုမိုမြင့်မားသည်။
အဆင့်မြှင့်ထားသော 12 megapixel ultrawide ကင်မရာ ပါ၀င်သည်။
သိုလှောင်မှု ပမာဏကိုလည်း မြှင့်တင်ပေးထားရာ အခြေခံမော်ဒယ်တွင် 64 GB သိုလှောင်မှုကို ပေးထားသည်။
Apple ၏နောက်ဆုံးပေါ် iPad ကို အရောင်နှစ်ရောင် ("space gray" နှင့် silver) ရွေးချယ်စရာ ရှိသည်။ စက်တင်ဘာလ ၂၁ ရက်တွင် ကြိုတင်မှာယူနိုင်သည်ဟု ပြောကြားခဲ့သည်။


6140dbc7d32a2700187a9c80.jpg


Apple သည် ၎င်း၏သေးငယ်သည့် iPad, iPad Mini ကို အဆင့်မြှင့်တင်သည်။ ပဉ္စမမျိုးဆက် iPad Mini သည် ဒေါ်လာ ၄၉၉ မှစတင်ပြီး 5G ဆက်သွယ်မှု ပါ၀င်လာပြီး ပိုမိုအစွမ်းထက်သောချစ်ပ်နှင့် ကင်မရာတို့ ပါ၀င်သည်။

၎င်းသည် ယခင်လို iPad တစ်ခုသာ အဆင့်မြှင့်တင်ခြင်း မဟုတ်ပါ၊ Apple သည် ကြီးမားသော iPad update ဖြင့် iPad Mini ကို အဆင့်မြှင့်တင်ခဲ့သည်။

Apple သည် iPad Mini ကို နောက်ဆုံးအဆင့်မြှင့်တင်ပြီး ၂.၅ နှစ်အကြာတွင် Apple သည် တက်ဘလက်၏ ချစ်ပ်ကို ပိုကောင်းအောင် စူးစိုက်လုပ်ဆောင်ပေးထားသည်။ 5G ဆက်သွယ်မှုကို ထည့်သွင်းကာ ကိရိယာကို အရောင်ပိုများများဖြင့် ထုတ်လုပ်သည်။ ယခုအခါ USB-C port ပါဝင်နေပြီ ဖြစ်သည်။ အားသွင်းရန်နှင့် အခြားကိရိယာနှင့် ချိတ်ဆက်သုံးစွဲရန် အဆင်ပြေနေစေမည် ဖြစ်သည်။

 

6140dbc6d32a2700187a9c7d.jpg


နောက်ဆုံးပေါ်ဗားရှင်း Apple Watch Series 7 ဟု လူသိများပြီး Apple ထုတ်လုပ်ခဲ့သမျှ လက်ပတ်နာရီများအနက် အကြီးမားဆုံးဗားရှင်းဖြစ်သည်။ Apple ၏ "Retina" display technology အသုံးပြုထားသည်။
ရောင်းဈေး ဒေါ်လာ ၃၉၉ ဖြင့်စတင်သည်။

 

6140dd8d893b22001834ccc8.jpg

 

ဒိုင်ခွက် ပိုအကြမ်းခံသည်။ အရောင် ၅ မျိုး ရွေးချယ်စရာ ရှိသည်။

 Series 7 က တင်းနစ်ဘောလုံး အမြန်နှုန်းကို လိုက်သိနိုင်သည်။ ဂေါက်ရိုက်ချက်၏ အကွာအဝေးကို သိနိုင်သည်။

သုံးထားသည့် ချစ်ပ်က ပိုမြန်ဆန်သည်။ ဒိုင်ခွက် ပိုကြီးသည်။ Series 6 ထက် ၂၀ % ပိုကြီးပြီး Series 3 ထက် ၅၀ % ပိုကြီးသည်။ အနားသတ်ဧရိယာသည် Series 6 ထက် ၄၀ % ပိုသေးသွယ်သည်။
.ခလုတ်များ ပိုကြီးပေးထားသည်။ နာရီဒိုင်ခွက်တွင် ကီးဘုတ်ပါသဖြင့် နာရီဖြင့် စာရိုက်ပြီး စာပေးပို့နိုင်သည်။ စက်မှ အလိုအလျောက်သင်ယူခြင်း ဖြစ်သည့် QuickPath ပါသဖြင့် သုံးစွဲသူ ရိုက်လိုသည့် စာကို ခန့်မှန်းပေးနိုင်သည်။

Series 7 ကိုယ်လုံးကိုယ်ထည်က နွှဲ့သည်။ ပိုနုညက်သည်။ ထောင့်များ ကွေးပေးထားသည်။ အားသွင်းလျှင် Series 6 ထက် ၃၃ % ပိုမြန်သည်။
နာရီကို တစ်ဖန်ပြန်သုံးသော သတ္တု ၁၀၀% သုံးစွဲပြီး ထုတ်လုပ်ထားသည်။

 

 

6140df25893b22001834cd4a.jpg

 

 

မိနစ် ၄၀ ခန့် ကြာမြင့်ပြီးချိန်မှာ Apple က ပရိသတ် ကြည့်ချင်နေသည့် iPhone 13 ကို စတင်လိုက်သည်။

နံပါတ် ၁၃ သည် ကံမကောင်းသည့် နံပါတ်ဟု အယူသည်းကြသဖြင့် Apple က ၁၃ နံပါတ်ကို သုံးမည်မဟုတ်ဟုပင် ကောလဟလ ထွက်ခဲ့သေးသည်။ ယခု Apple က ၁၃ နံပါတ်ကို ကျော်မသွားဘဲ ထွေးပွေ့လိုက်ပြီ ဖြစ်သည်။
ရွေးချယ်စရာ အရောင်များမှာ pink, blue, "midnight starlight," နှင့် Product RED တို့ဖြစ်သည်။
စခရင်ထိပ်တွင် notch မပါဟု သတင်းထွက်ခဲ့သည့်အတိုင်း notch မပါချေ။ ယမန်နှစ်မှ ထုတ်ခဲ့သော အိုင်ဖုန်းဒီဇိုင်းနှင့် ချွတ်စွပ်နီးပါး တူသည်။

 

 6140ded1893b22001834cd16.jpg

iPhone 13 တွင်လည်း အသေးစားမျိုးပွားတစ်ခု ပါလာသည်။ iPhone 13 Mini သည် အရွယ်သာငယ်သည် iPhone နှင့် ပါဝါအတူတူ ဖြစ်သည်ဖြစ်ရာ အရွယ်ကြီးသည့် iPhone ကို အရွယ်အသေးဖြင့် ထုတ်လုပ်လိုက်ခြင်းဟု ဆိုနိုင်သည်။

iPhone 13 ရောင်းဈေးသည် ကန်ဒေါ်လာ ၆၉၉ မှ စတင်သည်။

ကျောဘက် ကင်မရာမှန်ဘီးလူးတို့ကို ထက်အောက်ထောင်လိုက်အစား ဖိုခနောက်ဆိုင်ပြီး နေရာချပေးထားသည်။
A15 Bionic chip ထည့်ပေးထားသည်။ တစ်စက္ကန့်တွင် လုပ်ကိုင်မှု ၁.၈ ထရီလီယံအထိ လုပ်ကိုင်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။

iPhone 13 တွင် ဘက်ထရီ ပိုကြီးထားသည်။ iPhone 12 ထက် နှစ်နာရီခွဲပိုခံသည်။ အပြတောက်ပမှုတွင် ၂၈% ပိုတောက်ပသည်။

iPhone 13 ကို ပိုကောင်းအောင် လုပ်ထားသည်။ အလင်းနှင့်အရောင်ကို ပိုဖမ်းယူနိုင်စွမ်း ရှိသည်။ ဗီဒီယိုတွင် Cinematic Mode ထည့်ပေးထားသည်။ ရုပ်ရှင်ရိုက်သည့်အဆင့်အတန်းဖြင့် ရိုက်ကူးနိုင်မည် ဖြစ်သည်။

iPhone 13 ရောင်းဈေးမှာ 128 GB သိုလှောင်မှုပါသည့်ဖုန်းသည် ကန်ဒေါ်လာ ၇၉၉ ကျသင့်သည်။

 

 

Read times
Rate this item
(0 votes)