Super App အဆင့်သို့ ရောက်ရှိတဲ့ Gojek

Gojek က လူအများတို့ရဲ့ နေ့စဉ်ဘဝထဲမှာ လိုအပ်ချက်တွေ လုပ်ဆောင်ဖို့ ကိစ္စအဝဝအတွက် သုံးနိုင်အောင် စီမံဆောင်ရွက်ပေးတဲ့ Super App တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။

Gojek ကို အမည်တမျိုးဖြင့် ပွဲထုတ်တဲ့အခါ GET app အမည်ဖြင့် လူအများကြား ရောက်ရှိခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ မော်တော်တက္ကဆီခေါ်ဖို့နဲ့ စားစရာမှာဖို့ အက်ပ်အဖြစ် ရှင်သန်ပါတယ်။

Gojek ဟာ ကာလတိုအတွင်း ကြီးမားတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီး Super App အဖြစ် ရောက်အောင် တက်လှမ်းနိုင်ခဲ့ပါတယ်။
၂၀၁၀ မှာ Nadiem Makarim က အင်ဒိုနီးရှားနိုင်ငံမှာ စတင်ထူထောင်တဲ့အခါ မော်တော်ဆိုင်ကယ် တက္ကဆီ အစီး ၂၀ အတွက် အငှားခေါ်ဖို့။ call center စီစဉ်ပေးထားတာနဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။

Gojek ဆိုတဲ့ အမည်က “Ojek” ဆိုတဲ့ အင်ဒိုနီးရှားဝေါဟာရကို စာလုံးပေါင်း ပြောင်းပေးထားတာ ဖြစ်ပါတယ်။ “Ojek” ဆိုတာက မော်တော်ဆိုင်ကယ် တက္ကဆီလို့ ဆိုလိုပါတယ်။
ကုမ္ပဏီက တက္ကဆီငှားဖို့ လှမ်းခေါ်တဲ့အက်ပ်ကို ၂၀၁၅ မှာ လူအများသုံးဖို့ စတင်ဖြန့်ဖြူးပါတယ်။ ဆက်လက်ကြီးထွား ကျယ်ပြန့်လာခဲ့ပြီး ဝန်ဆောင်မှု အမျိုးမျိုး ချဲ့ထွင်ခဲ့ပါတယ်။ ဘယ်ကို သွားမလဲ။ ဘာစားမလဲ။ ဘာအတွက် ငွေပေးချေမလဲ။ ဘာဈေးဝယ်ချင်သလဲ။ အက်ပ်နဲ့ စီမံလို့ရတယ်။


Gojek ရဲ့ ဗဟိုချက်ချာမှာ ရှိနေတဲ့ ယုံကြည်ချက်က တိုင်းပြည်ရဲ့ အဖိစီးဆုံး ပြဿနာများကို နည်းပညာက ဖြေရှင်းပုံများ ပေးအပ်နိုင်စွမ်း ရှိတယ်။
နည်းပညာကို သဘောပေါက်တဲ့ ပွင့်သစ်စ လုပ်ငန်းငယ်က ဆတိုးဖြင့် ဆက်လက်ကြီးထွားခဲ့ပြီး အင်ဒိုနီးရှားရဲ့ပထမဆုံးသော ထူးြခားရှားပါး စွမ်းပကားထက်မြက်တဲ့ လုပ်ငန်း ဖြစ်လို့ သိင်္ဂဿ (unicorn) လုပ်ငန်းအဖြစ် သတ်မှတ်ခံရပါတယ်။
လုပ်ငန်းသစ်တစ်ခု unicorn ဖြစ်လာဖို့က လုပ်ငန်းတန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလျံ ရှိရပါတယ်။
ပြည်တွင်းဖြစ် အင်ဒိုနီးရှား decacorn လည်း ဖြစ်ပါတယ်။
decacorn ဆိုတဲ့ ဂုဏ္ဘွဲ့ထူးက စတော့အိပ်ချိန်းမှာ စာရင်းမသွင်းတဲ့ လုပ်ငန်းသစ် ဖြစ်ပြီး လုပ်ငန်းသစ်ရဲ့ ကော်ပိုရိတ်တန်ဖိုးက အမေရိကန်ဒေါ်လာ ၁၀ ဘီလျံကျော်ရပါတယ်။
decacorn က တကယ့်ကို ရှားပါးတယ်။ လုပ်ငန်းသစ် အခု ၂၀ ဝန်းကျင်ပဲ decacorn အဆင့်သို့ ရောက်ခဲ့ကြပါတယ်။

Gojek မှာ ဝန်ဆောင်မှု အမျိုးမျိုးအတွက် အက်ပ်တွေ ရှိနေတယ်။ မော်တော်ဆိုင်ကယ် စီးဖို့ GoRide ရှိတယ်။ ပစ္စည်းပို့ဖို့ GoSend ရှိတယ်။ ဈေးဝယ်ဖို့ GoMart ရှိတယ်။ အင်ဒိုနီးရှားနိုင်ငံမှ သုံးစွဲသူတွေအတွက် ဝန်ဆောင်မှုများ ပေးအပ်ခဲ့ပြီး ၂၀၁၅ မှာ အရှေ့တောင်အာရှ နိုင်ငံများသို့ ချဲ့ထွင်ခဲ့ပါတယ်။

၂၀၁၈ မှာ Gojek က ထိုင်းနိုင်ငံမှာ စတင်လုပ်ကိုင်တဲ့အခါ GET အမှတ်တံဆိပ်ဖြင့် လုပ်ကိုင်ခဲ့ပါတယ်။

ယခုအခါ Gojek က “super app” အဖြစ်သို့ အသွင်ပြောင်းလဲ ရောက်ရှိပြီး ဝန်ဆောင်မှု အမျိုးအစား ၂၀ ကျော်ကို အက်ပ်တစ်ခုတည်းမှာ ရနိုင်တဲ့ one stop plaform အဖြစ် ဝန်ဆောင်မှုများပေးပါတယ်။ သုံးစွဲသူပေါင်း ဦးရေ သန်း ၁၇၀ ကျော် နဲ့ ချိတ်ဆက်ထားတယ်။ လက်တွဲထားတဲ့ ယာဉ်မောင်း ဦးရေ ၂ သန်းကျော် ရှိပါတယ်။ လက်တွဲထားတဲ့ ကုန်သည်ဦးရေ ၅၀၀,၀၀၀ ရှိပါတယ်။

Read times
Rate this item
(0 votes)