Google ပူးတွဲထူထောင်သူရဲ့ လျှို့ဝှက်လျှပ်စစ်လေသင်္ဘော

Google ပူးတွဲထူထောင်သူရဲ့ လျှို့ဝှက်လျှပ်စစ်လေသင်္ဘော

 

Google ပူးတွဲထူထောင်သူ Sergey Brin က ကြီးမားတဲ့ လျှပ်စစ်လေသင်္ဘောတစ်စီးကို သိုသုိသိပ်သိပ်ဖြင့် တည်ဆောက်နေပါတယ်။

သူထူထောင်ထားတဲ့ လေထက် ပေါ့သော Lighter Than Air (LTA) သုတေသန လုပ်ငန်းက သုတေသန အသစ်တစ်ခုကို ယခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ဖို့ အစီအစဉ် ရှိပါတယ်။ 

LTA က လေကြောင်းအင်ဂျင်နီယာများ ဦးရေ ရာဂဏန်းဖြင့် အလုပ်ခန့်ထားပါတယ်။ 

သူက ဝေးလံခေါင်သီတဲ့ နေရာတွေ၊ ဘေးအန္တရာယ် ကျရောက်တဲ့ နေရာတွေမှာ ကယ်ဆယ်ကူညီရေး ဆောင်ရွက်ဖို့ လေသင်္ဘောတွေ တည်ဆောက်ဖို့ အစီအစဉ် ရှိပါတယ်။

 

 LTA ကို ၂၀၁၄ မှာ ထူထောင်ခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ Google ရဲ့ မိခင် Alphabet မှ Brin အငြိမ်းစား ယူခဲ့ပါတယ်။ LTA အခြေချဖို့အတွက် အမျိုးသားအာကာသသိပ္ပံက ၎င်းရဲ့ Moffett Airport ကို ၂၀၁၅ မှာ ငှားရမ်းပါတယ်။ Moffett Airport က အမေရိကန်နိုင်ငံ San Francisco Bay Area မှာ တည်ရှိပါတယ်။ 

 

LTA ရဲ့ အဦးဆုံး လေသင်္ဘော Pathfinder 1 က အလျား ၁၂၀ မီတာ ရှိပါတယ်။ စမ်းသပ်ပျံသန်းမှုများကို ယခုနှစ်ထဲမှာ လုပ်ဆောင်ပါမယ်။

 

LTA အရွယ်ပိုကြီးမားတဲ့ Pathfinder 3 ကိုလည်း။အကောင်အထည်ဖော်နေပါတယ်။ အလျား ၁၈၅ မီတာ ရှိပါတယ်။

 

 MyanmarICTGuide 

Read times
Rate this item
(1 Vote)