စိတ်ဒုက္ခ ပေးတဲ့ IE အတွက် အုတ်ဂူ

 စိတ်ဒုက္ခ ပေးတဲ့ IE အတွက် အုတ်ဂူ

 

Internet Explorer အတွက် အုတ်ဂူသင်္ချိုင်းကို ဆောက်လုပ်‌ေပးခဲ့တဲ့ တောင်ကိုရီးယားမှ အင်ဂျင်နီယာက  အခု မရှိတော့တဲ့ Internet Explorer ဘရောက်ဆာကြောင့် သူ့ဘ၀မှာ စိတ်ဒုက္ခရောက်ခဲ့ရပါတယ်လို့ သောကြာနေ့(ဇွန် ၁၇)မှာ AFP သတင်းဌာနကို ​​ပြောကြားခဲ့ပါတယ်။

 

တောင်ကိုရီးယားရဲ့ ပျမ်းမျှ အင်တာနက်အမြန်နှုန်းက ကမ္ဘာ့အမြန်ဆုံးစာရင်းမှာ ပါဝင်ပေမဲ့  Microsoft ရဲ့  Internet Explorer ကို ထူးထူးခြားခြား ဖက်တွယ်ထားတဲ့ နိုင်ငံတွေထဲမှာ ပါဝင်နေ ပါတယ်။

 

Microsoft က  Internet Explorer ယတိပြတ်ရပ်ဆိုင်းလိုက်တဲ့အကြောင်းကို ဖတ်ရှုရန်

သက်တမ်းရှည်ကြာ Internet Explorer အပြီးအပြတ် အနားပေးလိုက်ပြီ

 

အသက် ၃၈ နှစ် ရှိသူ အင်ဂျင်နီယာ Kiyoung Jung က တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်း Gyeongju မြို့မှာ တည်ရှိတဲ့ ကော်ဖီဆိုင်ရဲ့ ခေါင်မိုးပေါ်မှာ ကွယ်လွန်သွားတဲ့ Internet Explore အတွက် အုတ်ဂူကို တည်ဆောက်ခဲ့ပါတယ်။ အုတ်ဂူကျောက်ပြားမှာ Internet Explorer ရဲ့ လိုဂို "e" ကို ဖော်ပြပေးထားပါတယ်။

"သူသည် အခြားဘရောက်ဆာများကို ဒေါင်းလုဒ်လုပ်ရန် အတွက် ကိရိယာကောင်း တစ်ခုဖြစ်သည်" လို့ သူက ကဗ္ဗည်းရေးထိုးထားပါတယ်။

 

lifestyle-internet-explorer-emel-pic-170622-672x420.jpg

 

Internet Explorer အဖြည့်ခံဖြစ်လာရပုံကို ဖတ်ရှုရန် 

သက်တမ်းရှည်ကြာ Internet Explorer အပြီးအပြတ် အနားပေးလိုက်ပြီ

တစ်ချိန်တစ်ခါက တစ်ကမ္ဘာလုံးတွင် လွှမ်းမိုးထားတဲ့  Internet Explorer ဘရောက်ဆာက နှေးကွေးမှုနှင့် ချို့ယွင်းချက်များကြောင့် သုံးစွဲသူဦးရေ လျော့ကျခဲ့ရပါတယ်။

ဒါပေမဲ့ တောင်ကိုရီးယားမှာတော့ ၂၀၁၄ ခုနှစ်ခန့်အထိ အွန်လိုင်းဘဏ်စနစ်နှင့် စျေးဝယ်ခြင်းများအတွက် Internet Explorer ကို မသုံးမဖြစ် သုံးခဲ့ကြရပါတယ်။  အွန်လိုင်း လုပ်ကိုင်မှုများအတွက် ဝဘ်ဆိုက်တွေမှာ Microsoft က ဖန်တီးပေးထားတဲ့ plugin ActiveX ကို  သုံးစွဲဖို့ လိုအပ်ပါတယ်။

 

အစိုးရ ဝဘ်ဆိုက်တွေမှာလည်း မကြာသေးခင်ကအထိ Internet Explorer က default browser ဖြစ်နေခဲ့ပါတယ်။ 

 

Korea Water Resources Corporation နှင့် Korea Expressway Corporation တို့ရဲ့ ဝဘ်ဆိုက်တွေက Internet Explorer သုံးမှ အလုပ်လုပ်တာ ဇွန်လ ၁၀ ရက်နေ့အထိ ဖြစ်ပါတယ်။

 IE ပေးတဲ့ စိတ်ဒုက္ခများ

 

တောင်ကိုရီးယားမှ ဆော့ဖ်ဝဲအင်ဂျင်နီယာနှင့် web developer ဖြစ်သူ Kiyoung Jung အဖို့

IE လို့ အတိုကောက် ခေါ်ဝေါ်ကြတဲ့ Internet Explorer က  စိတ်ဒုက္ခ အမြဲပေးနေခဲ့တဲ့ ဘရောက်ဆာ ဖြစ်နေပါတယ်။ သူ့အလုပ်မှာ IE နှင့် လိုက်ဖက်ညီစေရေးကို အမြဲဂရုစိုက်ရတယ်။

 

"တောင်ကိုရီးယားမှာ ခင်ဗျားက web development ကို လုပ်ကိုင်တဲ့အခါ ဘာကို မျှော်လင့်ထားကြသလဲ ဆိုတော့ Internet Explorer ဖြင့် ဝဘ်ဆိုက်ကို ဖွင့်ကြည့်လိုက်ရင် အမြဲ ကြည့်ကောင်းနေရမယ်။ Chrome မှာ ကြည့်ကောင်းနေရုံဖြင့် မပြီးဘူး" လို့ Kiyoung Jung က ပြောကြားပါတယ်။

Safari သို့မဟုတ် Chrome ဘရောက်ဆာမှာ ဝဘ်ဆိုက်က ကြည့်ကောင်းနေပေမဲ့ IE ဖြင့် ဝဘ်ဆိုက်ကို ဖွင့်လိုက်တဲ့အခါ တလွဲတချော်တွေ ဖြစ်နေတတ်တယ်။ ဒီတော့ IE နှင့် ဖွင့်ရင် အဆင်ပြေနေတာ သေချာအောင် Kiyoung Jung က အချိန်ပိုပေးပြီး လုပ်ကိုင်ပေးရတယ်။ IE အတွက် လိုက်ဖက်ညီတဲ့ ဝဘ်ဆိုက်ဖြစ်အောင် လုပ်ပေးရတယ်။

ယခုအခါ IE ကို ယတိပြတ် အနားပေးလိုက်တဲ့အတွက် သူ အရမ်းပျော်တယ်လို့ ပြောကြားပါတယ်။

ဒါပေမဲ့ ဘရောက်ဆာ ရွှေထီးဆောင်းပြီးအထွတ်အထိပ်ရောက်ခဲ့တဲ့နေ့‌ေတွကို သူသတိရမိတာကြောင့် ဘရောက်ဆာရဲ့ ကွယ်လွန်ခြင်းအတွက် တကယ့်ကို စိတ်မကောင်းဖြစ်မိတာကြောင့် သူတို့ညီအစ်ကို ပိုင်တဲ့ ကော်ဖီဆိုင် ခေါင်မိုးမှာ ကမ္ဗည်းကျောက်စာ ထားရှိဖို့ကုိ သူ စီစဉ်ခဲ့တာလို့ ဆိုပါတယ်။ 

Kiyoung Jung က ပြောပြတယ်။

"သူ ကွယ်လွန်သွားတဲ့အတွက် ကျွန်တော် စိတ်မကောင်း ဖြစ်မိတယ်။ ဒါပေမဲ့ ဟာတာတာတော့ မဖြစ်ဘူး။ သူ့ကို အငြိမ်းစားပေးလိုက်တာဟာ ကျွန်တော့အတွက်တော့ ကောင်းနေတဲ့ ကွယ်လွန်ခြင်းပါ" တဲ့။

#MyanmarICTGuide 

Read times
Rate this item
(0 votes)