Meta က တကယ့်ပိုက်ဆံဖြင့် ပေးဝယ်ရတဲ့ ဖက်ရှင်စတိုးဆိုင်ဖွင့်

Meta က တကယ့်ပိုက်ဆံဖြင့် ပေးဝယ်ရတဲ့ ဖက်ရှင်စတိုးဆိုင်ဖွင့်

Facebook  ပိုင်ရှင်  Meta Platforms က ဒစ်ဂျစ်တယ် အဝတ်အစားဆိုင် ဖွင့်လှစ်လိုက်ပါတယ်။

ဖက်ရှင်စတိုးမှာ ကိုယ့်ကိုယ်ပွား avatar အတွက် ဒီဇိုင်နာဝတ်စုံများကို ဝယ်ယူနိုင်ပါတယ်လို့ စီအီးအို  Mark Zuckerberg က သောကြာနေ့(ဇွန် ၁၇) မှာ ပြောကြားပါတယ်။

Annotation_2022-06-18_105602.jpg

 

လောလောဆယ်မှာ ဖက်ရှင်အမှတ်တံဆိပ် Balenciaga၊ Prada နှင့် Thom Browne တို့မှ ဒီဇိုင်းထုတ်ထားသည့် စင်စစ်နီးပါး  ဒစ်ဂျစ်တယ်ဝတ်စုံများကို စတင်ဝယ်ယူနိုင်ပါပြီလို့ Zuckerberg က Instagram မှာ live လွှင့်တဲ့ ဗီဒီယိုမှာ ပြောပါတယ်။ 

Meta ရဲ့ ပြောရေးဆိုရေး တာဝန်ခံက ဈေးနှုန်းတွေက $2.99 မှ $8.99 အထိ အစားစား ရှိကြောင်း၊ အဲဒီ ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဖက်ရှင်ထည်တွေကို အပြင်မှာ တကယ်ဝယ်တာထက် ဈေးသက်သာကြောင်း ပြောကြားပါတယ်။ ဥပမာအားဖြင့် Prada ရဲ့  Matinee ငှက်ကုလားအုတ်သားရေအိတ်ဆိုရင် အပြင်မှာ တကယ့်အိတ်အစစ် ရောင်းဈေးက  $10,700 ဖြစ်ကြောင်း ပြောကြားပါတယ်။

 

Annotation_2022-06-18_105539.jpg

 

Zuckerberg က ဖွင့်ပေးထားတဲ့ ဈေးခင်းတစ်ခုမှာ စတိုးဆိုင်ကို တည်ဆောက်ဖို့ မျှော်မှန်းထားကြောင်း ပြောကြားပါတယ်။ developer တွေက ဒစ်ဂျစ်တယ် အဝတ်အစား အမျိုးမျိုး ဖန်တီးပြီးတဲ့အခါ ဆိုင်မှာာလာရောင်းနိုင်ကြမှာ ဖြစ်ပါတယ်။

#MyanmarICTGuide

Read times
Rate this item
(0 votes)