စမတ်ဖုန်းကင်မရာစင်စာဈေးကွက် ဝေစု ၆၀%ရရန် Sony မျှော်မှန်း

စမတ်ဖုန်းကင်မရာစင်စာဈေးကွက် ဝေစု ၆၀%ရရန် Sony မျှော်မှန်း

ပုံရိပ်ဖော် စင်စာနည်းပညာ image sensor technology နည်းပညာကဏ္ဍမှာ Sony Group က Samsung Electronics အပါအဝင် အခြားလုပ်ငန်းတူတို့က ဈေးကွက်ဝေစု ပိုရလာနေတာကို ရပ်တန့်စေပြီး ကမ္ဘာ့ဈေးကွက် ဝေစု ထက်ဝက်ကျော်ကို ရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ နည်းပညာသစ် Octa PD ကို အသုံးပြုမှာ ဖြစ်ပါတယ်။

 

စမတ်ဖုန်း ကင်မရာတွေက ပုံဖမ်းပေးရမယ့် ပစ်မှတ်တွေ များနေရင် ဆုံချက် ဖိုးကပ်စ်ချိန်ပေးဖို့ အခက်အခဲ ရှိပါတယ်။ ဥပမာ ကျောဘက်မှာ နေလုံး ရှိနေတဲ့အခါမျိုး။

 

Octa PD နည်းပညာသစ်ကို သုံးထားတဲ့အခါ ကင်မရာက လူမျက်နှာကိုလည်း ဆုံချက် ဖိုးကပ်စ်ချိန်ပေးနိုင်သလို အနီးကပ် တည်ရှိနေတဲ့ ပတ်ဝန်းကျင်မှ ပုံထဲ ပါစေချင်တာကိုလည်း စူးစိုက် ပေးနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ တာဝါအဆောက်အဦ တစ်ခုရဲ့ ရှေ့မှာ မတ်တတ်ရပ်ပြီး ဓာတ်ပုံ ရိုက်တဲ့အခါ လူမျက်နှာကို စမတ်ဖုန်း ကင်မရာက ဆုံချက် ဖိုးကပ်စ်ချိန်ပေးမှာ ဖြစ်တဲ့အပြင် တာဝါအဆောက်အဦကိုလည်း ပြတ်သားကြည်လင်တဲ့ ပုံ ရလာအောင် ဆုံချက် ဖိုးကပ်စ်ချိန်ပေးမှာ ဖြစ်ပါတယ်။

 

Honor-50MP-Sensor-Sony.jpg

 

Sony ရဲ့ ပုံရိပ်ဖမ်းပေးတဲ့ ချစ်ပ်တွေက စင်စာတွေက CMOS sensors တွေ ဖြစ်ပြီး ကမ္ဘာ့ဈေးကွက်မှာ ဈေးကက်ဝေစု ထက်ဝက်ဝန်းကျင် နှစ်ပေါင်းအတော်ကြာ ရရှိခဲ့ပါတယ်။ 

ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အခြေအနေတွေက ပြောင်းလဲကုန်တယ်။ အဓိက အထိနာချက်က ၂၀၂၀ ပြည့်နှစ်မှာ Huawei Technologies ကို အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ထားလိုက်တဲ့အခါ  Sony အဖို့ အဓိကဖောက်သည်တစ်ဦး ဆုံးရှုံးသွားခဲ့ပါတယ်။ 

Sony ရဲ့ ပုံရိပ်စင်စာတွေက ဈေးမြင့်တော့ ပရီမီယံတန်း ဈေးအမြင့်တန်းမှာ ရောင်းချတဲ့ စမတ်ဖုန်း အချို့မှာသာ သုံးစွဲနိုင်ကြတယ်။ Huawei  ကို မရောင်းရတော့တဲ့နောက်မှာ ရောင်းအား ထိုးကျသွားခဲ့ပါတယ်။ ဟွာဝေးရှော့ခ် “Huawei shock” လို့ Sony မှာ ပြောဆိုကြပါတယ်။ Huawei  ကို အရေးယူခြင်း မပြုခင် ၂၀၁၉ မှာ ကမ္ဘာ့ဈေးကွက်ဝေစု ၅၃% ရရှိထားခဲ့ရာမှ ၂၀၂၁ မှာ ၄၃% သို့ ကျဆင်းသွားပါတယ်။ 

 

Samsung က ဈေးကွက်ဝေစု ၁၈.၅ % ရရှိထားပါတယ်။ အမေရိကန်မှ  OmniVision Technologies  က ကားတွေမှာ သုံးတဲ့ ပုံရိပ်စင်စာတွေမှာ ဈေးကွက်ဝေစု တိုးနေတယ်။ 

 တရုတ်ပြည်မှ GalaxyCore  က စမတ်ဖုန်း ရောင်းဈေးအနိမ့်တန်းမှာ ဈေးကွက်ဝေစု တိုးနေတယ်။ 

 

Sony  က နည်းပညာသစ်ဖြင့် ဈေးကွက် ဝေစု ၆၀ % ကို ၂၀၂၅ မှာ ရရှိဖို့ ရည်မှန်းချက် ထားရှိပါတယ်။ 

 

ပုံရိပ်စင်စာ image sensor ဈေးကွက်က ၂၀၂၁ နှင့် ၂၀၂၅ ကြားကာလမှာ ၃၄% ပိုကြီးထွားပြီး ဈေးကွက်တန်ဖိုး ကန်ဒေါ်လာ ၂၅.၁ ဘီလျံ ဖြစ်လာမယ်လို့ ယူကေမှ သုတေသနလုပ်ငန်းစု Omdia က ခန့်မှန်းထားပါတယ်။ 

 

#MyanmarICTGuide

Read times
Rate this item
(0 votes)