Meta က VR Headsets တပြုံတမ ထုတ်ပြ

Meta က  VR Headsets တပြုံတမ ထုတ်ပြ

 

VR headset တွေ သူထက်ငါက သာဖို့၊ သူ့ထက်ငါက ဆောလျင်စွာ ဈေးကွက်ထဲရောက်ဖို့ Meta နှင့်  Apple ပြိုင်ဆိုင်နေကြတယ်။ 

Apple VR headset အကြောင်း သတင်းတွေ ထွက်ပေါ်နေချိန်မှာ Meta  က လည်း ရှေ့ကို ထွက်လာပြီး VR headset တွေ ထုတ်ပြလိုက်ပါတယ်။ 

 

Annotation_2022-06-22_180616.jpg

 

Meta ရဲ့ စီအီးအို  Mark Zuckerberg က ရှေ့ပြေးနမူနာ ထုတ်ထားတဲ့ VR headsets prototype တစ်ပြုံတစ်မကို ထုတ်ပြပါတယ်။ အခုလို အမျိုးမျိုး အဖုံဖုံ လုပ်ကိုင်ထားရတာက အများကြီးထဲကမှ အနည်းဆုံး တစ်ခုကတော့  “visual Turing Test”  အရည်အသွေး ပြည့်မီနိုင်လိမ့်မယ်လို့ သူက ရှင်းပြပါတယ်။ 

“visual Turing Test” ဆိုတာကို အလွယ်ပြောရရင် VR headsets ကို ဦးခေါင်းမှာ တပ်ဆင် အသုံးပြုနေစဉ် တွေ့ကြုံရတာတွေက virtual reality  ဖြစ်နေပေမဲ့  VR headsets  ထပ်ထားသူအနေဖြင့် တကယ့်လောကနှင့်မခြား ဖြစ်နေတဲ့ အတွေ့အကြုံ အရသာမျိုးကို ပေးနိုင်တဲ့ အရည်အသွေး ဖြစ်ပါတယ်။ 

VR headsets  ထုတ်လုပ်သူတွေရဲ့ ခရီးဆုံးပန်းတိုင်က အဲဒီ စင်စစ်နှင့်မခြားတဲ့ အတွေ့အကြုံ အရသာပေးနိုင်တဲ့ VR headsets  ထုတ်လုပ်နိုင်ဖို့် ဖြစ်ပါတယ်။ 

အပြစ်အနာကင်းပြီး ပြီးပြည့်စုံတဲ့ VR headsets   ဖြစ်ဖို့ သဘောတရား ၄ မျိုး ပြည့်စုံဖို့ လိုတယ်လို့ သတ်မှတ်ထားကြပါတယ်။ 

 

 

 

mark3455667.png

 

ပြတ်သားကြည်လင်မှုက အလွန်ကောင်းရမယ်။ တစ်နည်းပြောရရင် high resolution ဖြစ်ရမယ်။  VR headsets  ထဲကို ကြည့်ဖို့ မျက်မှန်တပ်ဖို့ မလိုတော့အောင် ပြတ်သားကြည်လင်နေရမှာ ဖြစ်ပါတယ်။ မျက်မှန်သမား ဖြစ်ပေမဲ့  VR headsets ထဲ ကြည့်ဖို့ မျက်မှန်မလိုတော့အောင်   ပြတ်သားကြည်လင်နေရမှာ ဖြစ်ပါတယ်။

 မျက်လုံး အမြင်အားကို စစ်ဆေးတဲ့အခါ 20/20 vision ဖြစ်နေရင် ပေ ၂၀ အကွာမှာ ရှိနေတဲ့ အရာတွေကို ပြတ်ပြတ်သားသား မြင်ရတဲ့ အရည်အသွေး ရှိနေတယ်။ မျက်မှန် တပ်ဖို့ မလိုအပ်ဘူး။ အဲဒီလို 20/20 vision ဖြင့် VR headsets  တပ်ဆင်ထားသူက မြင်နိုင်ဖို့ လိုပါတယ်။ 

နောက်ထပ်တစ်ချက်က မျက်လုံးက အနီးကို ကြည့်ကြည့် အဝေးကို ကြည့်ကြည့် ကြည့်လို့ ရနေအောင်  VR headsets က လုပ်ပေးနိုင်နေရမယ်။ မျက်လုံးတွေက ဘာကို ကြည့်နေသလဲ၊ ဘယ်နေရာကို ကြည့်နေသလဲ ဆိုတာကို  VR headsets  က အချိန်နဲ့အမျှ အချိန်နှင့် တပြေးညီ သိနေရမယ်။ မျက်လုံး အကြည့် သွားရာနောက်ကို လိုက်သိပေးနေပြီး ကြည့်တဲဆီမှာ ကြည်လင်ပြတ်သားနေအောင် ဖန်တီးပေးနေရမှာ ဖြစ်ပါတယ်။ 

 

တတိယအချက်က မျက်လုံးတွေမှာ ချို့ယွင်းချက်တွေ ပါနေရင် VR headsets  က ပြင်ပေးနိုင်ရမယ်။ မျက်မှန်သမားက မျက်မှန်မပါရင် ကောင်းကောင်း မမြင်ရတော့ဘူး။ VR headsets က ကောင်းကောင်းမြင်ရအောင် လုပ်ပေးနိုင်ရမှာ ဖြစ်ပါတယ်။ 

 

နောက်ဆုံးအချက်က VR headsets က  HDR (high dynamic range) ကို ပံ့ပိုးပေးနိုင်ရမယ်။ ကင်မရာ တစ်ခုမှာ HDR  အရည်အသွေး မြင့်မားလေ ရလာမယ့် ဓာတ်ပုံက အပြင်မှာ မျက်စိဖြင့် မြင်ရတဲ့အတိုင်းနှင့် ပိုနီးစပ်‌လေ ဖြစ်ပါတယ်။ VR headsets က HDR ပံ့ပိုးပေးနိုင်မှ တကယ့်လောကထဲက လင်းအား၊ အရိပ်၊ အရောင်အတိမ်အနက်တွေ ပေးနိုင်မှာ ဖြစ်ပြီး စင်စစ်နှင့်မခြား ဖြစ်နေမှာ ဖြစ်ပါတယ်။ 

 

Annotation_2022-06-22_180544.jpg

 

အဲဒီ အချက်တွေအပြင် headset ကို ခေါင်းမှာတပ်ထားစဉ် ပေါ့ပါးနေဖို့ လိုအပ်ပါတယ်။ ဝတ်ဆင်ဖို့လည်း လွယ်ရမယ်။ ပြန်ချွတ်ဖို့လည်း လွယ်ရပါမယ်။ 

 

Annotation_2022-06-22_180649.jpg

 

၂၀၂၀ မှာ Facebook က VR glasses ကို သရုပ်ပြခဲ့ဖူးပါတယ်။

ယခုအခါမှာ Holocake 2 ကို ထုတ်ပြပါတယ်။

ယနေ့အထိ ထုတ်လုပ်သမျှ VR headset  တွေထဲမှာ အပါးဆုံး ဖြစ်ပါတယ်။

အဲဒီ  Holocake 2 က နမူနာ VR headset ဖြစ်ပေမဲ့ လုပ်ငန်းဆောင်တာတွေ အကုန်လုံးကို အပြည့်အဝ ထမ်းဆောင်နိုင်တယ်လို့ Zuckerberg က ပြောကြားပါတယ်။ 

 

#MyanmarICTGuide

Telegram Channel

https://t.me/Guid4U/263

https://t.me/Guid4U

 

 

MICTG

 

Read times
Rate this item
(0 votes)