Starlink ဂြိုဟ်တုအင်တာနက် တောင်ဝင်ရိုးစွန်းအထိ ရောက်ရှိ

Starlink ဂြိုဟ်တုအင်တာနက် တောင်ဝင်ရိုးစွန်းအထိ ရောက်ရှိ

 

Elon Musk သည် Starlink သည် ကမ္ဘာတစ်ဝှမ်းရှိ နေရာတိုင်းသို့ မြန်နှုန်းမြင့်အင်တာနက်အသုံးပြုခွင့်ပေးရန် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။ ထိုပြောဆိုချက်အတွက်  Starlink သည် မကြာသေးမီက   မှတ်တိုင်တစ်ခု စိုက်ထူလိုက်သည်။

 

SpaceX သည် ယခုအခါ ဂြိုလ်တုအင်တာနက်စနစ်သည် အန္တာတိကတိုက်အပါအဝင် တိုက်ကြီးခုနစ်ခုတွင် ရနေပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။ အန္တာတိကတိုက်သို့ မြန်နှုန်းမြင့်အင်တာနက် ပေးရန် Starlink ၏စိတ်ကူးသည် လွန်ခဲ့သောနှစ်အနည်းငယ်က တကယ်ဖြစ်လာဖို့ အတော်ဝေးနေသေးသည်ဟု ထင်ကြရသည်။

 

သို့သော် SpaceX ၏ Twitter တွင် တင်ထားသည့်ပို့စ်၏  အဆိုအရ ယခုအခါ အန္တာတိကကဲ့သို့ အလွန်ဝေးလံသော နေရာများသို့ အင်တာနက် အသုံးပြုခွင့် ပေးနိုင်ပြီဖြစ်သည်။

 

Big-M-Enterprise.jpg

 

 

Starlink ၏ အာကာသလေဆာကွန်ရက်သည် မြေပြင်စခန်းမရှိသော်လည်း မြန်နှုန်းမြင့်အင်တာနက်ကို အသုံးပြုနိုင်စေသည်။  ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုကြောင့် အန္တာတိကရှိ သိပ္ပံပညာရှင်များသည် အလွန်ပျော်ရွှင်ကြည်နူးမိကြကြောင်း အမျိုးသားသိပ္ပံဖောင်ဒေးရှင်းNational Science Foundation မှ Starlink အား ချီးကျူးခဲ့သည်။

 

 

Starlink သည် McMurdo Station ရှိ အသစ်စက်စက် အသုံးပြုသူ တာမင်နယ်တစ်ခုဖြင့် ဝင်ရိုးစွန်း အင်တာနက် ဝန်ဆောင်မှုကို စမ်းသပ်နေသည်။ သိပ္ပံအကူအညီအတွက် bandwidth နှင့် ချိတ်ဆက်မှုကို တိုးမြှင့်ပေးကြောင်းလည်း ဖော်ပြထားသည်။

 

Source Twitter

#MyanmarICTGuide

 Telegram Channel https://t.me/Guid4U

Read times
Rate this item
(1 Vote)