Samsung က ဘေးတိုက် ဆလိုက်ထိုး စခရင် ပြသ

Samsung က ဘေးတိုက် ဆလိုက်ထိုး စခရင် ပြသ

 

Samsung က ခေါက်စမတ်ဖုန်းများကို ထုတ်လုပ်နေသည်မှာ နှစ်အတော်ကြာပါပြီဖြစ်သည်။ ခေါက်ဖုန်း၊ချိုးဖုန်း နယ်ပယ်မှာ ဘုရင်တစ်ဆူ ဖြစ်ပါတယ်။

ယခု လျှောထိုးပြီး အထုတ်အသိမ်း လုပ်နိုင်တဲ့ စခရင်ကို ပြသပါတယ်။

 

၂၀၂၂ ခုနှစ် မေလတွင် Samsung Display က ဒေါင်လိုက်ချဲ့နိုင်သော ၆.၇ လက်မအရွယ် လျှောတိုက်နိုင်တဲ့ OLED မျက်နှာပြင်ကို ပြသခဲ့ဖူးပါတယ်။ ၆.၇ လက်မဟာ စမတ်ဖုန်းစခရင် အရွယ်အစား ဖြစ်ပါတယ်။ 

 

ယခုတစ်ဖန် ပြသတာက OLED မျက်နှာပြင်ကို ၁၃ လက်မကနေ ၁၇ လက်မသို့ ချဲ့ပြတာဖြစ်ပြီး ဘေးတိုက် လျှောတိုက် အထုတ်အသွင်း လုပ်ပါတယ်။ ၁၇ လက်မဟာ လက်ပ်တော့စခရင် အရွယ်အစား ဖြစ်ပါတယ်။ တက်ဘလက် အကြီးစား ဖြစ်ပါတယ်။ 

Samsung Display ရဲ့ စီအီးအို JS Choi က Intel Innovation Keynote 2022 မှာ ပြသခဲ့တာ ဖြစ်ပါတယ်။ 

 

 

Source SamMobile

#MyanmarICTGuide 

To join Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)