သားရေကွင်းလို ဆွဲဆန့်နိုင်သည့် display ကို LG ပြသ

သားရေကွင်းလို ဆွဲဆန့်နိုင်သည့် display ကို LG  ပြသ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

  

LG Display သည် ကမ္ဘာ့ပထမဆုံး ဆွဲဆန့်နိုင်သော ရုပ်ထွက်အရည်အသွေးမြင့် မျက်နှာပြင်ကို ပြသခဲ့ပါသည်။

LG Display ၏ ဆွဲဆန့်နိုင်သော မျက်နှာပြင်သည် အလျား ၂၀ ရာခိုင်နှုန်း ဆန့်ထုတ်နိုင်သည်။

ကုမ္ပဏီ၏အဆိုအရ ရောင်စုံပြသသည့် ၁၂လက်မ မျက်နှာပြင်ကို ၁၄လက်မအရွယ်အထိ တိုးချဲ့နိုင်သည်။

 

display_33450.png

 

 ဆွဲဆန့်နိုင်သော မျက်နှာပြင် resolution သည်  တစ်လက်မလျှင် 100 pixels ရှိသည် ၊၊ စျေးကွက်ထဲရှိ မော်နီတာ စခရင်များနှင့် resolution တန်းတူရည်တူပင် ဖြစ်သည်။

  ဆွဲဆန့်နိုင်သော မျက်နှာပြင်ကို “free-form display” ဟုလည်း ခေါ်ဝေါ်ကြသည်။ ပုံသဏ္ဌာန် ပုံသေကားကျ အသေ မဟုတ်ဘဲ ဆွဲဆန့်နိုင်သည်။ ခေါက်နိုင်သည်။  လိမ်နိုင်သည်။

ဆွဲဆန့်နိုင်သော မျက်နှာပြင်သည် ပုံပြောင်းရန် လွယ်ကူသည်။  ကြာရှည်ခံသည်။ စိတ်ချလက်ချ သုံးနိုင်သည်။ ထိုသုံးချက် ပြည့်စုံသဖြင့် ရောင်းတန်းဝင်သော display ဖြစ်သည်။

လိုက်လျောညီထွေစွာ ကွေးခြင်း ပြန်ပြန့်ခြင်း ဆန့်ခြင်း ပြန်ကျုံခြင်းတို့အတွက် စွမ်းရည် အမြင့်ဆုံးဖြစ်စေရန် မျက်ကပ်မှန်များတွင် အသုံးပြုသည့် အထူးပြု ဆီလီကွန်ပစ္စည်းများကို အသုံးပြုထားကြောင်း ကုမ္ပဏီမှ ပြောကြားခဲ့သည်။ သုံးစွဲထားသော မိုက်ခရို LED မီးပွင့်များသည် ၄၀ မိုက်ခရိုမီတာထက် သေးသည်။ ပြင်ပမှ သက်ရောက်သည့်ဒဏ်ကို ခံနိုင်ရည် မြင့်မားသည်။

ဝါယာစနစ်သည် စပရိန်ကဲ့သို့ ကွေးနိုင်အောင် ဒီဇိုင်းထုတ်ထားသည်။

 

display__၉၀၄၃.png

 

မျက်နှာပြင်သည် ပါးလွှာသည်။ မညီညာ‌ေသာမျက်နှာပြင်မှာ တွဲ၍ရသည်။ လူ့အရေပြား၊ အဝတ်အစားနှင့် ပရိဘောဂ မျက်နှာပြင်မှာ အလိုက်သင့် နေရာယူနိုင်သည်။

၎င်း မျက်နှာပြင် displayကို အမျိုးသား စီမံကိန်းတစ်ခု၏ အပိုင်းကဏ္ဍအဖြစ် သုတေသန အဖွဲ့အစည်း ၂၀ တို့ ပူးပေါင်းလုပ်ကိုင်ခဲ့ပါသည်။

Source koreaherald

Read times
Rate this item
(0 votes)