စမတ်ဖုန်းမှာ ကင်မရာမှန်ဘီလူး တပ်ဆင်သုံးစွဲနိုင်မည့် စိတ်ကူး Xiaomi ပြသ

စမတ်ဖုန်းမှာ ကင်မရာမှန်ဘီလူး တပ်ဆင်သုံးစွဲနိုင်မည့် စိတ်ကူး Xiaomi ပြသ


TO GET INSTANT UPDATE 

Join Telegram Channel
https://t.me/Guid4U

 

 

Xiaomi  နောက်ဆုံးတင်ပြလိုက်သည် စိတ်ကူးအကြံအစည်သည် စမတ်ဖုန်းတစ်လုံး၏ နောက်ကျောတွင် Leica M-series ကင်မရာမှန်ဘီလူး module တစ်ခုအား တပ်ဆင်ပြီး ကင်မရာအတိုင်း သုံးစွဲနိုင်စေမည် ဖြစ်သည်။

၎င်းစိတ်ကူးကို Xiaomi  Xiaomi 12S Ultra Concept စမတ်ဖုန်းဖြင့် ပြသခဲ့ပါသည်။ 

ဖုန်းနောက်ကျောတွင် ကင်မရာတွင် သုံးစွဲသည့် မှန်ဘီလူးမော်ဂျူးကို ထိုင်ပေးထားသည်။ မှန်ဘီလူး အလွယ်တကူတပ်ဆင်ရန်နှင် အလွယ်တကူ ပြန်ဖြုတ်နိုင်ရန်အတွက်လည်း စီစဉ်ပေးထားသည်။ 

၎င်းစိတ်ကူးကို Xiaomi က ကင်မရာမှန်ဘီလူး ထုတ်လုပ်သည့်  Leica နှင့် အတူပူးပေါင်း လုပ်ကိုင်ပါသည်။ 

 

camera_lenses.jpg

 xi09809098.jpg

 

 

 ဖုန်းတွင် ၁ လက်မ ကင်မရာ sensor  ၂ ခု ပါသည်။ မှန်ဘီလူးမော်ဂျူးနှင့် တွဲစပ်အသုံးပြုရန် အလယ်တွင် sensor တစ်ခု ထိုင်ပေးထားသည်။

Xiaomi 12S Ultra တွင် ပါသော IMX989 camera sensor များကို သုံးစွဲထားသည်ဟု ယူဆရသည်။

မှန်ဘီလူး တပ်ဆင်မည့်အပေါက်ကို မှန်ဘီလူး ဖြုတ်ထားချိန် ဟောင်းလောင်း ဖြစ်နေသည့်အခါ အကာအကွယ် ပေးထားရန် နီလာမှန်ဖြင့် အလုံကာပေးထားသည်။ 

မှန်ဘီလူးအထိုင်သည်  M-mount ကို သုံးထားသည်။ သို့ဖြစ်ရာ  M-lenses အမျိုးမျိုးကို တပ်ဆင်ပြီး အသုံးပြုနိုင်မည် ဖြစ်သည်။ ယခု သရုပ်သည့်ဗီဒီယိုတွင် Leica Summilux-M 35mm f/1.4 ASPH မော်ဂျူး မှန်ဘီလူးကို သုံးထားပါသည်။ 

 

 

လောလောဆယ်တွင် စိတ်ကူးအကြံအစည်ကို အကောင်အထည်ဖော်သည့် အဆင့်တွင်သာ ရှိပါသေးသည်။ သို့သော် နောက်နှစ်မှာ ထပ်ထွက်လာမည့် ဖုန်းမော်ဒယ်တွင် ပါလာမည်ဟု မျှော်လင့်ရပါသည်။ 

Source: andriodauthority

Read times
Rate this item
(0 votes)