Samsung စမတ်ဖုန်းများတွင် Back tap ရတော့မည်

Samsung စမတ်ဖုန်းများတွင် Back tap ရတော့မည်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Samsung သည် RegiStar ဟု အမည်ပေးထားသော Good Lock module အသစ်ကိုကြေညာခဲ့သည်။

၎င်းမော်ဂျူးသည် စမတ်ဖုန်း ကျောခွံကို လက်ဖျားထိပ်ဖြင့် တောက်ပြီး စေခိုင်းသည့် back tap ကို လုပ်ဆောင်နိုင်စေမည် ဖြစ်သည်။

 

Apple နှင့် Google တို့သည် ၎င်းတို့၏ စမတ်ဖုန်းများတွင် back tap gesture ကို ထည့်ပေးထားကြသည်မှာ ကြာပြီဖြစ်သည်။ အက်ပ်ဖွင့်ခိုင်းခြင်း၊ screenshot စခရင်ပုံဖမ်းခြင်း  အစရှိသည်တို့အား စမတ်ဖုန်းကျောဖုံးကို လက်ချောင်းထိပ်ဖြင့် တောက်ပြီး back tap စေခိုင်းနိုင်သည်။

ယခုအခါ back tap စေခိုင်းနိုင်သည့် စမတ်ဖုန်းများ စာရင်းထဲသို့ Samsung က Good Lock module အသစ်ဖြင့် စာရင်းဝင်လိုက်ပြီ ဖြစ်သည်။ 

Galaxy စမတ်ဖုန်းသုံးသူသည် ကျောဖုံးကို လက်ချောင်းထိပ်ဖြင့် နှစ်ချက် သို့မဟုတ် သုံးချက် တောက်ပြီး စေခိုင်းနိုင်တော့မည် ဖြစ်သည်။ screenshot ရိုက်ခိုင်းခြင်း၊ အက်ပ်ဖွင့်ခိုင်းခြင်း၊ Google Assistant ခေါ်ထုတ်ခြင်း၊ နိုတီများ ပြသခိုင်းခြင်း အစရှိသည်တို့ကို စေခိုင်းနိုင်မည် ဖြစ်သည်။ 

 

back tap သုံးစွဲရာတွင် ကန့်သတ်ချက်အချို့ ရှိနေပါသည်။

ဘက်ထရီ အားလက်ကျန် ၁၅% နှင့် ၁၅% အောက်တွင် ရောက်ရှိနေပါလျှင် back tap အလုပ်လုပ်မည် မဟုတ်ချေ။ 

စမတ်ဖုန်းကို sleep mode ဖြင့် ထားရှိချိန်တွင်လည်း back tap အလုပ်မလုပ်ပါ။

စခရင်လော့ချထားစဉ်မှာလည်း back tap အတားခံထားရမည် ဖြစ်ပါသည်။ 

 တောက်ရုံ တောက်ခြင်း မဟုတ်ဘဲ ကြာကြာဖိပေးထားပါက flashlight ဖွင့်ခိုင်းခြင်းကဲ့သို့သော လုပ်ဆောင်ချက်အချို့ကို စေခိုင်းနိုင်ပါသည်။

 

RegiStar သည် settings menu တွင် စိတ်ကြိုက် စီစဉ်နိုင်အောင် လုပ်ပေးထားပါသည်။ 

 

RegiStar.png

 

မော်ဂျူးအသစ်ကို ယခုအခါ One UI 5 ရှိသော စမတ်ဖုန်းများသို့ ဖြန့်ဖြူးပေးပါသည်။ Galaxy Store မှလည်း ဒေါင်းယူနိုင်ပါသည်။

Source: andriodauthority

Read times
Rate this item
(1 Vote)