ကွမ်တမ်ကွန်ပျူတာ မျိုးဆက်သစ် စတင်သုံးစွဲကြောင်း IBM ထုတ်ပြန်ကြေညာ

ကွမ်တမ်ကွန်ပျူတာ မျိုးဆက်သစ် စတင်သုံးစွဲကြောင်း  IBM  ထုတ်ပြန်ကြေညာ

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

IBM ဟု အတိုကောက်အမည်ဖြင့် လူသိများသည့် International Business Machines Corp မှ ယနေ့အထိ Osprey ဟု အမည်ပေးထားသော ၎င်း၏ အစွမ်းထက်ဆုံး ကွမ်တမ်ကွန်ပျူတာအား  စတင်သုံးစွဲပြီဖြစ်ကြောင်း၊ ယမန်နှစ်က ထုတ်လုပ်ခဲ့သော Eagle အမည်ရှိ ကွမ်တမ်ကွန်ပျူတာထက် qubit ၃ ဆ စွမ်းပကား ပိုကြီးကြောင်း၊ Osprey သည် 433-qubit စက်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။

.

qubits သည် quantum bits ကို အတိုကောက်ခေါ်ဝေါ်ခြင်းဖြစ်ပြီး quantum mechanics အသုံးပြုထားသော ကွမ်တမ်ကွန်ပျူတာ၏ ပါဝါကို ညွှန်းဆိုသည်။ 

 ကွမ်တမ်ကုမ္ပဏီ တစ်ခုနှင့်တစ်ခု qubits ဖြင့် ပါဝါကို ညွှန်းဆိုရာတွင် ကွဲပြားခြားနားမှု ရှိနေတတ်သည်။ qubits ကို နည်းလမ်း ဖန်တီးသည့် နည်းလမ်း အများအပြား ရှိနေသည့်အလျောက် qubits ကွဲပြားခြားနားမှုများလည်း ရှိနေခြင်းဖြစ်သည်။

.

ယနေ့ အမြန်ဆုံး စူပါကွန်ပျူတာများထက် ကွမ်တမ်ကွန်ပျူတာများက စဉ်းစားတွက်ချက်ပေးရာတွင် အဆ သန်းချီ ပိုမို မြန်ဆန်လိမ့်မည်ဟု မျှော်မှန်းထားကြသည်။ 

.

IBM  သုတေသန ဒါရိုက်တာ Dario Gil က IBM သည် 1000 qubits ကျော်သော ကွန်ပျူတာကို ထုတ်လုပ်မည့် လမ်းကြောင်းပေါ်ရှိနေကြောင်း ပြောကြားခဲ့သည်။

IBM က သုံးစွဲသည့် modular system ကို Quantum System Two ဟု အမည်ပေးထားသည်။

Quantum System Two ၃ ခုအကြား အချိတ်အဆက်ပြုပေးထားခြင်းဖြင့် 16,632 qubits အထိ ရနိုင်ကြောင်း IBM က ပြောကြားသည်။

IBM တွင် ကမ္ဘာတစ်ဝှမ်း ကွမ်တမ်ကွန်ပျူတာ ၂၀ ကျော်ရှိပြီး သုံးစွဲသူများသည် ၎င်းတို့အား cloud မှတစ်ဆင့် ဝင်ရောက်ရမည်ဖြစ်ပါသည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(1 Vote)