Apple က အမေရိကန်တွင် ထုတ်လုပ်သော ချစ်ပ်များ သုံးစွဲရန် စီစဉ်

Apple က အမေရိကန်တွင် ထုတ်လုပ်သော ချစ်ပ်များ သုံးစွဲရန် စီစဉ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Apple သည် လက်ရှိတွင် ၎င်း၏ ချစ်ပ်အားလုံးကို ထိုင်ဝမ်ရှိ စက်ရုံများတွင် ထုတ်လုပ်သည်။  iPhones နှင့် Mac ကွန်ပျူတာတို့တွင် သုံးစွဲသည့်  A-series နှင့် M-series ချစ်ပ်များကို  Apple က ဒီဇိုင်းထုတ်သည်။ ချစ်ပ်ထုတ်လုပ်မှုကို ထိုင်ဝမ်မှ Taiwan Semiconductor Manufacturing Company TSMC က ကန်ထရိုက်ယူပြီး ထုတ်လုပ်ပေးသည်။ သို့ဖြစ်ရာ ထိုင်ဝမ်ကိုသာ အားကိုးနေရမည့်အစား အမေရိကန်တွင် ထုတ်လုပ်သည့် ချစ်ပ်များကိုလည်း အသုံးပြုသွားမည်ဟု Apple က ပြောကြားသည်။ 

အမေရိကန် အာရီဇိုးနားတွင် တည်ရှိသည့် ချစ်ပ်စက်ရုံထံမှလည်း ချစ်ပ်များကို ရယူမည်ဟု Apple စီအီးအို Tim Cook ကပြောကြားသည်။ 

.

TSMC သည် အရီဇိုးနားပြည်နယ်တွင် နောက်ဆုံးပေါ်ကး ချစ်ပ်ထုတ်လုပ်မှုနည်းပညာများကို အသုံးပြုသည့် စက်ရုံတစ်ခု တည်ဆောက်ပြီး ချစ်ပ်များကို ၂၀၂၄ တွင် စတင်ထုတ်လုပ်မည်ဟု ယခင်က ကြေညာခဲ့သည်။

ယခုအခါ TSMC က ဝယ်လိုအား မြင့်မားသဖြင့် အာရီဇိုနားတွင် နောက်ထပ် ချစ်ပ်စက်ရုံ တစ်ခု ဆောက်လုပ်မည်ဟု ပြောကြားသည်။

.

Intel ကလည်း အာရီဇိုးနားတွင် ချစ်ပ်စက်ရုံတစ်ခု လုပ်ကိုင်လျက်ရှိပြီး Apple ထံမှ ကန်ထရိုက်ရဖို့ မျှော်လင့်ထားသည်။ ထို့ပြင် အိုဟိုင်းအိုတွင် ချစ်ပ်စက်ရုံတစ်ခု တည်ဆောက်ဖို့ အစီအစဉ် ရှိသည်။

.

Apple ကဲ့သို့သော အဆင့်မြင့်နှင့် တန်ဖိုးကြီးသော ကုမ္ပဏီများသည် ထိုင်ဝမ်တစ်ခုတည်းကိုသာ ရင်းမြစ်အဖြစ် ပစ္စည်းရယူနေခြင်းကြောင့် အကယ်၍ ထိုင်ဝမ်ကို တရုတ်က  ကျူးကျော်ဝင်ရောက်လာပါက ကုမ္ပဏီကိုပါ အကြီးအကျယ် ထိခိုက်မည့်အရေးအပေါ်  အမေရိကန် နိုင်ငံရေးသမားများက စိုးရိမ်နေကြသည်။

.

ယခုအခါ ကမ္ဘာ့ချစ်ပ် ထုတ်လုပ်မှုများ၏ ၆၀ % သည် ထိုင်ဝမ်မှာ ထုတ်လုပ်သည့် ချစ်ပ်များ ဖြစ်သည်။ 

Source CNBC

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)