အသစ်ထွက်တဲ့ SNAPDRAGON 8 ဒုတိယမျိုးဆက်ချစ်ပ် သုံးမယ့် စမတ်ဖုန်းများ

အသစ်ထွက်တဲ့ SNAPDRAGON 8  ဒုတိယမျိုးဆက်ချစ်ပ် သုံးမယ့် စမတ်ဖုန်းများ 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မိုဘိုင်းဖုန်းများအတွက် အမေရိကန်မှ မဟာလုပ်ငန်းကြီး Qualcomm က ချစ်ပ် ဘုရင် ဖြစ်ပါတယ်။ Qualcomm က မျိုးဆက်သစ်ချစ်ပ်ကို Snapdragon 8 Gen 2 ကို မိတ်ဆက်ခဲ့ပါတယ်။ 

 

intro.png

 

Snapdragon 8 Gen 2

အသေးစိတ်အချက်အလက်များ

 

SNAPDRAGON_8_feature.png

 

Qualcomm က မျိုးဆက်သစ်ချစ်ပ်ကို ပြီးတဲ့နောက်မှာ ထိပ်တန်းစမတ်ဖုန်းများက နောက်နောင် ထုတ်လုပ်မယ့် စမတ်ဖုန်း မော်ဒယ်မှာ  Snapdragon 8 Gen 2  ချစ်ပ်စုံကို သုံးစွဲမှာ ဖြစ်ကြောင်း  ထုတ်ပြန်ကြေညာခဲ့ကြပါတယ်။ စမတ်ဖုန်းလောကထဲ တကျော့ပြန်ဝင်လာတော့မယ့် စမတ်ဖုန်း brand တစ်ခုကလည်း Snapdragon 8 Gen 2 သုံးစွဲမယ်လို့ သတင်းထွက်ပေါ်ပါတယ်။ 

 

SNAPDRAGON_8.png

 

XIAOMI MI 13

Xiaomi Mi 13 မှာ Snapdragon 8 Gen 2 သုံးမယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။ XIAOMI MI 13 က  Snapdragon 8 Gen 2 ကို ပထမဆုံး စသုံးတဲ့ စမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။

 

ONEPLUS 11

OnePlus က Snapdragon 8 Gen 2 သုံးမည့်အကြောင်း ကြေညာချက် ထုတ်ပြန်ပါတယ်။  OnePlus 11 series  မှာ Snapdragon 8 Gen 2 ပါလာမည်လို့ ဆိုပါတယ်။  ၂၀၂၃ ပထမ၃လပတ်မှာ စတင်ဖြန့်ဖြူးဖို့ လျာထားပါတယ်။

OPPO FIND X6

OPPO က OPPO FIND X6 မှာ Snapdragon 8 Gen 2 ပါလာမယ့်အကြောင်းကို ဖုန်းအကြောင်း သရုပ်ပြတဲ့ ဗီဒီယိုမှာ အသိပေးခဲ့ပါတယ်။ 

VIVO

VIVO က ၎င်းရဲ့ စမတ်ဖုန်းမော်ဒယ်များမှာ Snapdragon 8 Gen 2 ပါလာမယ်လို့ ကြေညာခဲ့ပြီး မော်ဒယ်များနှင့် စတင်ဖြန့်ဖြူးရက်စွဲ အကြောင်းအချက်များကိုတော့ အသိပေး ကြေညာခြင်း မပြုသေးပါဘူး။

IQOO 11

VIVO ရဲ့  brand အခွဲတစ်ခု ဖြစ်တဲ့ iQOO 11 မှာ Snapdragon 8 Gen 2 ပါလာမယ်။

MOTO X40

Lenovo ကလည်း Snapdragon 8 Gen 2 ကို ၎င်းရဲ့  အထင်ကရ စမတ်ဖုန်းမော်ဒယ် Moto X40  မှဦ သုံးစွဲမယ်လို့ ဆိုပါတယ်။ 

 

RED MAGIC 8 PRO

Red Magic 8 Pro က Snapdragon 8 Gen 2 ကို အဦးဆုံး သုံးစွဲတဲ့ ဂိမ်းစမတ်ဖုန်း ဖြစ်လာနိုင်ပါတယ်။ 

 

MEIZU 19

စမတ်ဖုန်းလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့   Meizu ရဲ့ တကျော့ပြန် စမတ်ဖုန်း ထုတ်လုပ်မှုအဖြစ်  Meizu 19 ကို ထုတ်လုပ်ပါမယ်။ လျှပ်စစ်ကားနဲ့ ချိတ်ဆက်တဲ့ Meizu FlymeAuto  နှင့် ချိတ်ဆက်နိုင်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ၂၀၂၃ မှာ  Snapdragon 8 Gen 2  သုံးထားတဲ့ Meizu 19 ကို  ထုတ်လုပ်မှာ ဖြစ်ပါတယ်။ 

Qualcomm ရဲ့ သတင်းထုတ်ပြန်ချက်မှာ အောက်ပါ စမတ်ဖုန်း brand များက Snapdragon 8 Gen 2 ကို သုံးစွဲမယ်လို့ ဖော်ပြထားပါတယ်။

 

 Asus ROG, Honor, iQOO, Motorola, nubia, OnePlus, Oppo, Red Magic, Sharp, Sony, vivo, Xiaomi, Meizu, ZTE.

 

Screenshot_2022-11-17_232324.jpg

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)