VMware ၏ multi-cloud နည်းပညာသစ်များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများ ရှုပ်ထွေးသော cloud နည်းပညာများမှ ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာဆီသို့ ကူးပြောင်းနိုင်

VMware ၏ multi-cloud နည်းပညာသစ်များကို အသုံးပြုခြင်းဖြင့် သုံးစွဲသူများ ရှုပ်ထွေးသော cloud နည်းပညာများမှ ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာဆီသို့ ကူးပြောင်းနိုင်

VMware က အဆင့်မြှင်တင်ထားသည့် နည်းပညာလုပ်ဆောင်ချက်များနှင့် ထပ်တိုးဂေဟစနစ်ကို မိတ်ဆက်လိုက်သည်။

VMware, Inc. (NYSE: VMW) သည် သုံးစွဲသူများ multi-cloud နည်းပညာသစ်ဆီသို့ လျင်မြန်စွာ ကူးပြောင်းနိုင်ရေးအတွက် အထောက်အကူ ဖြစ်စေမည့် တီထွင်ဖန်တီးမှုများ၊ လုပ်ဆောင်ချက်အသစ်များ၊ ဝန်ဆောင်မှုများနှင့် ချဲ့ထွင်ထားသော မိတ်ဖက် လုပ်ငန်းများအား ထုတ်ဖော်ကြေညာခဲ့သည်။

VMware နဲ့ မိတ်ဖက်လုပ်ငန်းတွေအနေနဲ့ တီထွင်ဆန်းသစ်ထားတဲ့ ဝန်ဆောင်မှုအသစ်များကို ဆက်လက် ထုတ်လုပ်ဖြန့်ဖြူးပေးနေပါတယ်။ သုံးစွဲသူတွေအတွက် ပိုမိုလုံခြုံမှုရှိတဲ့ cloud နည်းပညာကို အသုံးချပြီး ကောင်းမွန်တဲ့ အကျိုးရလဒ်တွေ ခံစားရရှိနိုင်စေဖို့ ရည်ရွယ်ပါတယ်” ဟု VMware ၏ CEO ဖြစ်သူ Raghu Raghuram က ပြောကြားသည်။ “Multi-cloud နည်းပညာရပ်ဝန်းဆိုတာ အက်ပလီကေးရှင်းတွေ အတွက် ကာကွယ်ထိန်းချုပ်နိုင်စွမ်းရှိပြီး ကမ္ဘာတစ်ဝန်းသုံးလို့ရတဲ့ cloud အမျိုးမျိုးကို စိတ်ကြိုက်ရွေးသုံးနိုင်အောင် ပြုလုပ်ပေးတယ် ဆိုတာ အသုံးပြုသူ ကုမ္ပဏီအဖွဲ့အစည်းတွေက လက်ခံထားကြပါတယ်။ အသုံးပြုသူတွေ အတွက် multi-cloud နည်းပညာနဲ့ဆိုင်တဲ့ ရှုပ်ထွေးမှုတွေကို အားသာချက်တွေဖြစ်အောင် ကူညီပေးဖို့ VMware က ခြေလှမ်းတိုင်းအတွက် အမြဲရှိနေပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

“စီးပွားရေးလုပ်ငန်းတွေက ၎င်းတို့ရဲ့ တီထွင်ဖန်တီးမှုတွေကို အရှိန်မြှင့်တင်လာတာနဲ့အမျှ ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းက လုပ်ငန်းတိုင်းအတွက် အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ပါတယ်။ ဒီလိုအသွင်ကူးပြောင်းမှု တွေနဲ့အတူပါလာမယ့် ငွေကြေးကုန်ကျမှု၊ ဆိုင်ဘာလုံခြုံရေးနဲ့ စွမ်းအင်သုံးစွဲမှု စတဲ့ စိန်ခေါ်မှုတွေရှိတာကို ကျွန်တော်တို့အနေနဲ့ နားလည်ပါတယ်။ ဒါကြောင့် တီထွင်ဆန်းသစ်မှုတွေ၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်းတွေ ပြုလုပ်ပြီး ဒီစိန်ခေါ်မှုတွေကို ကျော်လွှားသွားနိုင်ဖို့ ကူညီပေးသွားမှာပါ။”

လုပ်ငန်းအဖွဲ့အစည်းများတွင် multi-cloud နည်းပညာကို သုံးစွဲလာကြသည်နှင့်အမျှ ခက်ခဲရှုပ်ထွေးမှုများ၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများ၊ နည်းပညာကျွမ်းကျင်သူ မလုံလောက်မှုများကို ကြုံတွေ့လာရပါသည်။

၁။ စိန်ခေါ်မှုများရှိနေသော်လည်း အဖွဲ့အစည်းများ၏ multi-cloud အသုံးပြုမှုက အရှိန်အဟုန်ဖြင့် မြင့်တက်လာပါသည်။

၂။ ရွေးချယ်စရာများပြားပြီး ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာ အား အကျိုးရှိရှိ အသုံးပြုနိုင်ရေးအတွက် ပါတနာလုပ်ငန်းများနှင့် ပူးပေါင်း၍ VMware က လုပ်ငန်းအဖွဲ့အစည်းများကို ကူညီပေးလျက် ရှိပါသည်။  ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာကိုအသုံးပြုသည့် လုပ်ငန်းအဖွဲ့အစည်းများသည် multi-cloud လုပ်ငန်း လည်ပတ်မှုစနစ်ကြောင့် ယှဥ်ပြိုင်နိုင်စွမ်း ပိုမိုကောင်းမွန်လာပြီး အကျိုးရလဒ်ကောင်းများ ရရှိစေပါသည်။ ဥပမာ - VMware က စီစဉ်ပံ့ပိုးပေးသည့် Vason Bourne ၏ စစ်တမ်းအရ ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာကို အသုံးချလုပ်ကိုင်နေသော လုပ်ငန်းစုများ၏ ၉၇ ရာခိုင်နှုန်းမှာ multi-cloud နည်းပညာ အသုံးပြုခြင်းကြောင့် ၎င်းတို့၏ ဝင်ငွေ မြင့်တက်လာကြောင်း၊ ယင်းတို့အနက် ၉၆ ရာခိုင်နှုန်းမှာ အကျိုးအမြတ် ရရှိမှုနှုန်း မြင့်တက်လာကြောင်း ဖြေဆိုထားသည်ကို တွေ့မြင်ရပါသည်။

၃။ အဆိုပါ လေ့လာတွေ့ရှိချက်များအရ VMware ၏ cross-cloud ဝန်ဆောင်မှုများသည် သုံးစွဲသူများအား ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာကို အသုံးချနိုင်စေရန် ကူညီပံ့ပိုးပေးသည့်အပြင် သက်ဆိုင်ရာ အက်ပလီကေးရှင်းအတွက် သင့်လျော်မှုရှိသည့် cloud ကို ရွေးချယ်နိုင်ရန် ကူညီဆောင်ရွက်ပေးသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်ပါသည်။

Cloud နည်းပညာအသွင်ပြောင်းလဲမှုအား အရှိန်မြှင့်ကာ Edge ဆီသို့ ကူးပြောင်းလိုက်ပါ။

ယနေ့ VMware Explore Europe တွင် သုံးစွဲသူများအနေဖြင့် အများပြည်သူသုံးနှင့် တစ်သီးပုဂ္ဂလသုံး cloud များ နှင့် edge တွင် လုပ်ငန်းဆောင်တာများကို ပိုမိုကောင်းမွန်စွာလည်ပတ်နိုင်ရေး၊ အရင်းအမြစ်များ တိုးမြှင့်/လျှော့ချမှုလုပ်ခြင်း၊ နှင့် လုံခြုံမှုရှိစွာ လုပ်ဆောင်နိုင်ရေးအတွက် ကူညီပေးနိုင်မည့် လုပ်ဆောင်ချက် အသစ်များကို မိတ်ဆက်ပေးခဲ့ပါသည်။ လုပ်ဆောင်ချက်အသစ်များအနက် -

  • ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်လုပ်ငန်း ၂၅ခုနှင့် ပူးပေါင်း၍ VMware Sovereign Cloud  တွင် VMware Tanzu စနစ်ထည့်သွင်းထားသော sovereign cloud ၊ VMware Aria လုပ်ငန်းလည်ပတ်မှုနည်းစနစ် နှင့် မည်သူမဆို အသုံးချနိုင်မည့် ဂေဟစနစ်ဖြေရှင်းနည်း အသစ်များပါ ပါဝင်လာတော့မည် ဖြစ်သည်။ ဤကဲ့သို့ တီထွင်ဖန်တီးမှုများသည် မိတ်ဖက်များအတွက် အများသုံး cloud စနစ်များနှင့် ဆင်တူသော ဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် အပြင် ဒေတာ အချက်အလက်များ လုံခြုံမှုရှိရေး၊ ချမှတ်ထားသည့် ဥပဒေနှင့်အညီ အသုံးချနိုင်ရေး၊ ပြည်ပသို့ မပေါက်ကြားနိုင်ရေးအတွက်လည်း အထောက်အကူ ပြုမည် ဖြစ်ပါသည်။

  • VMware’s next-generation SD-WAN solution မျိုးဆက်သစ် ထုတ်ကုန်တစ်ရပ်အဖြစ် SD-WAN Client အသွင်သစ် ပါဝင်လာမည် ဖြစ်ပြီး လုပ်ငန်းခွင်၊ ရုံးခွဲ၊ အိမ် စသည့် မည်သည့်နေရာ ဒေသမှမဆို မည့်သည့်ကွန်ယက်၊ မည်သည့်စက်ကိရိယာများကို အသုံးပြုပြီး အက်ပလီကေးရှင်းများ နှင့် ဒေတာအချက်အလက်များကို ပိုမို လုံခြုံစိတ်ချမှုရှိစွာဖြင့် ကောင်းမွန်စွာအသုံးချနိုင်ရန် ပံ့ပိုး သွားမည် ဖြစ်ပါသည်။

  • အသစ် မိတ်ဆက်ထားသည့် VMware Carbon Black XDR က VMware ၏ ကွန်ရက် မြင်သာမှု နှင့် ထောက်လှမ်းနိုင်စွမ်းကို VMware Carbon Black Enterprise EDR အထိ ချဲ့ထွင်ပေးထားသော ကြောင့် ကွန်ယက်ပေါ်တွင် ကြုံတွေ့လာနိုင်သည့် အန္တရာယ်များကို ရှာဖွေ ဖော်ထုတ်ပေးခြင်းနှင့် ကာကွယ်ပေးခြင်းဖြင့် ကွန်ရက်လုံခြုံမှုကို တိုးမြှင့်လုပ်ဆောင်ပေးသွားမည် ဖြစ်ပါသည်။

  • အသစ် မိတ်ဆက်ခဲ့သော VMware HCX+ နှင့် အဆင့်မြှင့်ထားသော  VMware NSX ALB PULSE Cloud Service နည်းပညာဝန်ဆောင်မှုက လုပ်ငန်းစုများ၏ cloud လည်ပတ်မှုစနစ်ကို ပိုမို အထောက်အကူပြုသွားမည်ဖြစ်သည်။

Cloud Native Platform (Cloud အခြေပြု ပလက်ဖောင်း) တည်ဆောက်ခြင်းနှင့် လည်ပတ်ခြင်း

Vmware မှ VMware Tanzu cloud native app portfolio နှင့် VMware Aria cloud management platform ပေါ်တွင် ဆန်းသစ်တီထွင်မှုများ ထည့်သွင်းထားကြောင်း မိတ်ဆက်ခဲ့ပါသည်။ အဆိုပါ နည်းပညာများကို ပေါင်းစည်းခြင်းဖြင့် ပိုမိုလုံခြုံစနစ်ကျသည့် cloud နည်းပညာကို အသုံးချလာနိုင်မည်ဖြစ်ပြီး မည်သည့် Kubernetes လည်ပတ်မှုစနစ် နှင့် မည်သည့် cloud တွင်မဆို cloud native အခြေပြု အက်ပလီကေးရှင်းများ ဖန်တီးရေး၊ ဖြန့်ချိရေးနှင့် စီမံခန့်ခွဲမှုပြုလုပ်ရေးအဆင့်ဆင့်တွင် သုံးစွဲသူများကို ပံ့ပိုးပေးလာနိုင်မည် ဖြစ်သည်။ သိထားသင့်သည့်အချက်များမှာ −

  • VMware Image Builder အကြိုမိတ်ဆက်ခြင်း - VMware Image Builder က လုပ်ငန်းဆိုင်ရာ ဥပဒေစံနှုန်းများနှင့် ကိုက်ညီပြီး လုံခြုံမှု၊ ယုံကြည်စိတ်ချရမှုရှိပြီး စဥ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်း မှု ပြုလုပ်နေသည့် ဆော့ဖ်ဝဲဆိုင်ရာ ထပ်တိုးလုပ်ဆောင်ချက်များကို အလိုအလျောက် ဖန်တီးပေးမည်။

  • VMware Aria Graph က ပံ့ပိုးပေးထားသည့် VMware Aria Hub ကို အခကြေးငွေ ပေးချေစရာ မလိုဘဲ ရယူသုံးစွဲနိုင်သည်။

ပေါင်းစပ်လုပ်ငန်းခွင်ကို အင်အားဖြည့်တင်းပေးခြင်း

ယနေ့ခေတ်ပေါင်းစပ်လုပ်ငန်းခွင်ရှိ ဝန်ထမ်းများသည် ယခင်ကထက် နေရာပေါင်းစုံမှ လုပ်ငန်းလုပ်ကိုင်လာကြသည့်အပြင် စက်ကိရိယာမျိုးစုံကို အသုံးပြုပြီး clouds ပေါင်းစုံမှ အက်ပလီကေးရှင်း များစွာကို ရယူသုံးစွဲလာကြသဖြင့် IT ဌာနများအနေဖြင့် အခက်အခဲများနှင့် ပိုမိုကြုံတွေ့လာကြရသည်။ IT ဌာနများ၏ အဆိုပါ အခက်အခဲများကို ကူညီဖြေရှင်းပေးနိုင်ရန် VMware က လုပ်ဆောင်ချက်အသစ်များ ထည့်သွင်းထားသည့် Anywhere Workspace platform ကို အသုံးပြုခြင်းဖြင့် ၎င်းတို့၏ စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ လျော့ပါးစေရန်နှင့် အလိုအလျောက်စနစ်ဖြင့် တီထွင်ဖန်တီးမှုစွမ်းအားများ ပိုမို တိုးတက်လာစေရန် ရည်ရွယ်မိတ်ဆက်ခဲ့ပါသည်။ လုပ်ဆောင်ချက်အသစ်များမှာ -

  • VMwareသည် ကြားခံစီမံခန့်ခွဲမှုပြုလုပ်သည့်Windows ဝန်ဆောင်မှုများအတွက် Digital Employee Experience Management (DEEM) ကို အထောက်အကူပြုနိုင်ရန် DEX solution လွှမ်းခြုံမှု ကွန်ယက်ကို ချဲ့ထွင်လျက်ရှိသည်။

  • Workspace ONE Freestyle Orchestrator တိုးချဲ့ခြင်းသည် Workspace ONE အတွင်းတွင် ကိရိယာအခြေပြု၊ လုပ်ဆောင်ချက်ထိန်းချုပ်သည့် လုပ်ငန်းစဉ် “device-based task-specific workflows” မှသည် ကြားခံအိုင်တီစနစ်များကို တိုးချဲ့ပေးသည့် “context-driven ticketing workflows” နောက်ခံအကြောင်းအရာအခြေပြု လုပ်ငန်းစဉ်များအဖြစ် အလိုအလျောက် လုပ်ဆောင်စေသည်။

  • Horizon Cloud on Microsoft Azure သည် Joint Authorization Board (JAB) မှ တစ်ဆင့် ederal Risk and Authorization Management Program (FedRAMP) High Authorization ခွင့်ပြုချက် ရရှိထားသည့်အပြင် အရပ်ဖက်ဆိုင်ရာအဖွဲ့အစည်းများမှလည်း လုပ်ငန်းလည်ပတ်ရန် ခွင့်ပြုမိန့် Authority to Operate (ATO) ရရှိထားပြီးဖြစ်သည်။

VMware Cross-Cloud™ ဝန်ဆောင်မှုများသည် သုံးစွဲသူများ multi-cloud နည်းပညာခေတ်တွင် အဆင်ပြေချောမွေ့စေရန် လမ်းညွှန်ကူညီပေးလျက်ရှိပါသည်။

VMware Explore Europe တွင် VMware သည် သုံးစွဲသူများအနေဖြင့် ယခင် multi-cloudကို စတင်သုံးစွဲစဉ်က ရှုပ်ထွေးခဲ့သော cloud ဝန်ဆောင်မှုများမှသည် ပိုမိုလုံခြုံစနစ်ကျသည့် cloud smart နည်းပညာခေတ်သို့ ကူးပြောင်းကာ အသုံးချလာနိုင်ရေး ကူညီပေးနိုင်သည့်  VMware Cross-Cloud ဝန်ဆောင်မှုအသစ်များကို မိတ်ဆက်ပေးခဲ့သည်။ VMware Cross-Cloud ဝန်ဆောင်မှုသည် မည်သည့်ကိရိယာကိုအသုံးပြုပြီး မည်သည့် cloud တွင်မဆို သိမ်းဆည်းထားသည့် အက်ပလီကေးရှင်းတိုင်းကို တည်ဆောက်၊ လည်ပတ်၊ ရယူသုံးစွဲပြီး လုံခြုံမှုရှိရှိ ထိန်းသိမ်းနိုင်ရန်အတွက် စနစ်တကျ၊ ရိုးရိုးရှင်းရှင်းဖြင့် စုစည်းထားသည့် cloud services ဝန်ဆောင်မှုတစ်ရပ်ဖြစ်သည်။ VMware Cross-Cloud ဝန်ဆောင်မှုများတွင် - ၁။ အက်ပလီကေးရှင်း အခြေပြုစနစ်၊ ၂။ clloud စီမံခန့်ခွဲရေး ၃။ Cloud & Edge infrastructure ၄။ လုံခြုံရေးနှင့် ကွန်ယက်စနစ် နှင့် ၅။ Anywhere Workspace တို့ ပါဝင်လာမည်။

VMware Explore အကြောင်း

VMware Explore သည် VMware မှ အထင်ကရ ကြီးမှူးကျင်းပခဲ့သည့် VMworld မှ ဆင့်ကဲပေါ်ပေါက် လာသည့် အခမ်းအနားတစ်ခုဖြစ်ပြီး multi-cloud ဝန်ဆောင်မှု နှင့်ပတ်သက်သည့် တီထွင်ဖန်တီးမှုများအား ထုတ်ဖော်ပြသသွားရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင် နည်းပညာနယ်ပယ်ဗဟိုပြု လုပ်ဆောင်ချက်များ၊ နည်းပညာဆိုင်ရာဟောပြောမှုများ၊ ၉၀ ရာခိုင်နှုန်းသော ထိပ်တန်း cloud မိတ်ဖက် လုပ်ငန်းရှင်များနှင့်ချိတ်ဆက်ထားသည့် ဂေဟစနစ်၊ multi-cloud ISV များကို ခင်းကျင်းပြသထားမည့် အရောင်းပြပွဲ၊ အချင်းချင်းတွေ့ဆုံစကားပြောနိုင်မည့် networking အစီအစဥ်များကို မိတ်ဆက်ပေးသွားမည်။ VMware Exploreအကြောင်း အသေးစိတ် ပိုမို သိရှိလိုပါက www.vmware.com/explore.html  တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

VMware အကြောင်း

VMware သည် အက်ပလီကေးရှင်းများအားလုံးအတွက် multi-cloud ဝန်ဆောင်မှုများ ပေးအပ်နေသော ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများအတွက် စီမံထိန်းချုပ်မှုများကို ခေတ်မီ ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှုများ အသုံးချ ဆောင်ရွက်နိုင်ရန် ထောက်ပံ့ပေးလျက် ရှိပါသည်။ ဆန်းသစ်တီထွင်မှုများအား အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည့် ယုံကြည်စိတ်ချရသော အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့် VMware ဆော့ဖ်ဝဲလ်သည် စီးပွားရေးလုပ်ငန်း တစ်ခုချင်းစီ၏ လိုအပ်ချက်အလိုက် အသုံးပြုနိုင်ရန်၊ အနာဂတ်အတွက် လိုအပ်သော နည်းစနစ်များကို ရွေးချယ်နိုင်ရန် ဝန်ဆောင်ပေးနေပါသည်။ ကယ်လီဖိုးနီးယားနိုင်ငံ ပါလိုအယ်တိုမြို့တွင် ရုံးချုပ်တည်ရှိပြီး VMware သည် ကုမ္ပဏီ၏ ၂၀၃၀ ခုနှစ်အထိ ချမှတ်ထားသော လမ်းကြောင်းအတိုင်း ပိုမို ကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်သွားမည်ဟု ကတိကဝတ် ပြုထားပါသည်။ ပိုမို သိရှိလိုပါက www.vmware.com/company တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။

 

 

MICTG

Read times
Rate this item
(0 votes)