ပိုပိုမြန်လာတဲ့ အားသွင်းတုံးများနှင့် ပိုကြာကြာခံတဲ့ ဘက်ထရီများ

ပိုပိုမြန်လာတဲ့ အားသွင်းတုံးများနှင့် ပိုကြာကြာခံတဲ့ ဘက်ထရီများ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Xiaomi က စမတ်ဖုန်းတွင် ၂၀၂၂ ခုနှစ်တွင် ဘောင်အကန့်အသတ်များကို ချဲ့ထွင်ပေးသည်။ 

အပါးဆုံးခေါက်ဖုန်း ထုတ်လုပ်သည်။ အကြီးဆုံး ကင်မရာ ၁ လက်မ sensor သုံးစွဲသည်။

အားသွင်းတုံးကို 210W အမြန်အားသွင်းစနစ် ထည့်ပေးသည်။ 4,300mAh ကို ၉ မိနစ်ဖြင့် အားသွင်းပေးနိုင်သည်ဟု ဆိုသည်။

.

တစ်ချိန်တစ်ခါတုန်းက စမတ်ဖုန်း အားသွင်းရသည်မှာ တစ်ကမ္ဘာကြာသည် ထင်ရသည်။ ၉၉% ရောက်ပြီးသောအခါ ၁၀၀% အားအပြည့်ဖြစ်ဖို့ အတော်ကြာခဲ့သည်။

 

s-l1600.jpg

 

OnePlus က အားသွင်းနည်းပညာနှင့် ကိရိယာကို ရှေ့သို့ တွန်းရွှေ့ပေးခဲ့သည်။ 20W "Dash Charge" အားသွင်းတုန်းကို မိတ်ဆက်ခဲ့သည်။ 0 မှ 65% သို့ အားဖြည့်ပေးဖို့ အချိန် နာရီဝက်မျှသာ ကြာသည်။ အားကုန်နေသည့် ဘက်ထရီကို အားအပြည့်ဖြစ်ဖို့ အားဖြည့်ပေးရန် မိနစ် ၇၀ မျှသာ ကြာသည်။ ယခု ပြန်စဉ်းစားကြည့်လျှင် မပြေးလွှားဘဲ အေးအေးလူလူ လမ်းလျှောက်နေသည်ဟု ခံစားမိမည်။ သို့သော် ထိုစဉ်က အမြန်ဆုံး အားသွင်းနှုန်း ဖြစ်ခဲ့ပါသည်။ နှိုင်းယှဉ်ကြည့်မည် ဆိုပါက iPhone 6 က သုညမှ ၁၀၀ ရောက်ဖို့ ၂ နာရီခွဲကြာသည်။ Samsung Galaxy S7 က Qualcomm ၏ "Quick Charge" နည်းပညာကို သုံးစွဲပြီး အားဖြည့်ပေးရာ၌ ၈၀ မိနစ်ကြာမြင့်သည်။

  .

 OnePlus အမြန်အားသွင်းနည်းပညာသည် အကယ်စင်စစ် Oppo ၏ VOOC (Voltage Open Loop Multi-step Constant-Current) အားသွင်းနည်းပညာကို မွမ်းမံပေးပြီး အမည်နာမ ပြောင်းလဲ ထားခြင်းဖြစ်သည်။ 

၎င်း brand ၂ ခုတို့သည် အားသွင်းမြန်ဖို့ စမတ်ဖုန်းမော်ဒယ်များတွင် စီစဉ်ပေးထားသဖြင့် ၎င်းတို့၏ စမတ်ဖုန်းမော်ဒယ်သည် Apple ၏ စမတ်ဖုန်းများ၊ Samsung ဖုန်းများထက် ပိုမြန်မြန် အားသွင်း ပေးနိုင်ကြသည်။

.

၂၀၂၀ ခုနှစ်တွင် OnePlus က 8T မော်ဒယ်စမတ်ဖုန်းတွင် 65W အားသွင်းတုံး ထည့်ပေးသည်။ သုညမှ ၁၀၀ အားအပြည့်အထိ အားဖြည့်ရန် ၃၉ မိနစ်ကြာသည်။ 

ယခုနှစ် 10T မော်ဒယ်စမတ်ဖုန်းတွင် ဒေသအပေါ် မူတည်ပြီး 150W သို့မသုတ် 120W အားသွင်းတုံး ထည့်ပေးသည်။ 4,800mAh ကို သုညမှ ၁၀၀ အားအပြည့်အထိ အားဖြည့်ရန် 150W သည် ၁၉ မိနစ်ကြာပြီး 120W သည် ၂၁ မိနစ်ကြာသည်။

Xiaomi ၏ အမြန်အားသွင်းစနစ် 210W သည် လိုသည်ထက် ပိုလွန်နေပြီဖြစ်သည်။

အားသွင်းစနစ် မြန်ဖို့အပြင် အားသွင်းထားသည့် ဘက်ထရီကို ကြာကြာခံဖို့ကိုလည်း အားစိုက်ရမည့် အနေအထားသို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

Apple သည် အားသွင်းမြန်ဖို့ကို လျစ်လျူပြုထားသည်။ iPhone 14 Pro အားသွင်းလျှင် မိနစ် ၇၀ ကြာသည်။ ပိုကြီးသည့် iPhone 14 Pro Max သည် မိနစ် ၉၀ ကြာသည်။ အားသွင်းနှေးသော်လည်း ဘက်ထရီကြာကြာခံသည်။

 Google Pixel 7 Pro, OnePlus 10T,  Xiaomi 12S Ultra တို့သည်လည်း ဘက်ထရီကြာကြာခံသည်။  Xiaomi 12S Ultra သည် 67W ဖြင့် အားသွင်းသည်။ Pixel 7 Pro သည် 23W ဖြင့် အားသွင်းသည်။

 .

တစ်နေ့တာ ဖုန်းသုံးစွဲနေစဉ် အားမကုန်ပါက သုံးရသူအဖို့ ပိုအဆင်ပြေသည်။ အားသွင်းမြန်ပါသော်လည်း ဘက်ထရီ ကြာကြာမခံလျှင် တစ်နေ့တာ သွားလေရာ ဖုန်းနှင့်အတူ အာသွင်းတုံးကို ကြိုးနှင့်တကွ သယ်နေရလိမ့်မည်။

 Source xda-developer

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(0 votes)