တရုတ်စမတ်ဖုန်းများတွင် တရုတ်ချစ်ပ် မဖြစ်မနေ သုံးစွဲရန်ပြဋ္ဌာန်း

တရုတ်စမတ်ဖုန်းများတွင် တရုတ်ချစ်ပ် မဖြစ်မနေ သုံးစွဲရန်ပြဋ္ဌာန်း

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

အမေရိကန်နိုင်ငံက ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍမှာ နည်းပညာများ၊ ကျွမ်းကျင်သူများ၊ ချစ်ပ်ထုတ်လုပ်ရေး စက်ပစ္စည်း ကိရိယာတို့ကို တရုတ်နိုင်ငံက သုံးစွဲခြင်းမပြုနိုင်အောင် စည်းကမ်းများ တင်းကျပ်ထားတဲ့အတွက် တရုတ်ပြည်တွင်း ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍ တိုးတက်ဖွံ့ဖြိုးရေးဟာ သေရေးရှင်ရေးတမျှ အရေးကြီးလာပါတယ်။

.

လက်ရှိမှာ မိုဘိုင်းဖုန်းအပါအဝင် မိုဘိုင်းကိရိယာများအတွက် Qualcomm နှင့် MediaTek တို့က ဒီဇိုင်းထုတ်ထားတဲ့ ချစ်ပ်များကို အသုံးများကြပါတယ်။ ချစ်ပ်ပုံသွင်း ထုတ်လုပ်မှုမှာ TSMC (Taiwan Semiconductor Manufacturing Co.) က ကြီးစိုးထားပါတယ်။ ၎င်းကုမ္ပဏီများအားလုံးဟာ အမေရိကန်နည်းပညာ၊ အမေရိကန်စက်ကိရိယာတွေ သုံးစွဲပြီး လုပ်ကိုင်ကြပါတယ်။

.

ယခုအခါ ကစားပွဲမှာ အမေရိကန်က ဒိုင်လူကြီးနေရာယူပြီး စည်းကမ်းအသစ်တွေ ထုတ်နေတဲ့အတွက် တရုတ်ပြည်တွင်း ချစ်ပ်ထုတ်လုပ်ရေး လုပ်ငန်းများ အကျပ်ရိုက်လာနေတာကို တုံ့ပြန်တဲ့အနေဖြင့် တရုတ်ပြည်ကလည်း ပြည်တွင်း ချစ်ပ်ထုတ်လုပ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စည်းကမ်းတွေ ထုတ်ပြန်လာတာတွေ့ကြရပါတယ်။

.

၎င်းနောက်ခံအကြောင်းတရားများကြောင့် ပြည်တွင်းဖြစ်ချစ်ပ်တွေ မဖြစ်မနေ သုံးစွဲဖို့ ညွှန်ကြားပါတယ်။

.

Minjiang University မှ အထင်ကရ ပါမောက္ခ Cao Haitao က အင်တာဗျူး အစီအစဉ်တစ်ခုမှာ တရုတ်ပြည်တွင်း ရောင်းချတဲ့ စမတ်ဖုန်း အလုံးရေ စုစုပေါင်းရဲ့ ၃၀% မှာ တရုတ်ပြည်တွင်းဖြစ် ချစ်ပ်များ မဖြစ်မနေ သုံးစွဲဖို့ ညွှန်ကြားချက် ထုတ်ပြန်ကြောင်း အသိပေးပြောကြားခဲ့ပါတယ်။

ထိုသို့ ၃၀% မသုံးဘူးဆိုရင် အခွန် ၄၀၀% စည်းကြပ်ခံရမှာ ဖြစ်ပါတယ်။

တရုတ်ပြည်တွင်းဈေးကွက်မှာ တရုတ်ချစ်ပ်တွေ ဈေးကွက်ဝေစု ရအောင် လုပ်ပေးဖို့ ရည်ရွယ်ကြောင်း Cao Haitao က ပြောကြားပါတယ်။

'ရောင်းဖို့ ဈေးကွက်ရှိမှ ဝင်ငွေ ရရှိမယ်။ ဝင်ငွေ ရရှိမှ လုပ်ငန်းက ဆက်လက်ရပ်တည်နိုင်မယ်။ ဆက်လက်ရပ်တည်နိုင်မှ သုတေသနနှင့် ဖွံ့ဖြိုးရေးကို ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်နိုင်မယ်။ ကိုယ်တိုင်ကိုယ်ကျ လုပ်ကိုင်နိုင်မှ မူပိုင်ရှင် ဖြစ်မယ်။ ထိုသို့ မဟုတ်ပါက အခြားသူများက အမြဲတမ်း ထိန်းချုပ်ထားတာ ခံနေရမယ်" လို့ သူက ရှင်းပြခဲ့ပါတယ်။

Source gizchina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times
Rate this item
(3 votes)