ဇူကာဘတ်နဲ့ facebookကို တူတူတွဲဖက် ကြိုးစားတည်ထောင်ခဲ့တဲ့ ဒက်စတင် မော့ကိုဗစ်

ဇူကာဘတ်နဲ့ facebookကို တူတူတွဲဖက် ကြိုးစားတည်ထောင်ခဲ့တဲ့ ဒက်စတင် မော့ကိုဗစ် google.com

လူအများစုက facebook ကိုစတင်တည်ထောင်ခဲ့တာ mark Zuckerberg တစ်ဦးထဲလို့ သိထားကြပါတယ်။

အမှန်တကယ်ဆိုရင် facebookဆိုတဲ့ အောင်မြင်တဲ့ လူမှုကွန်ရက်ကြီးတစ်ခုဖြစ်လာဖို့အတွက် ဇူကာဘတ်နဲ့သူ့သူငယ်ချင်း လေးဦးထပ်ရှိပါသေးတယ်။သူတို့က မက်ဇူကာဘတ်(Mark Zuckerberg), အက်ကွာဒို ဆာဗရင်း( Eduardo Saverin), အန်ဒရူး မက်ကိုလမ်( Andrew McCollum), ခရစ္စဟုခ်ျ့(chris Hughes) နဲ့ Dustin Moskovitz (ဒက်စတင် မော့ကိုဗစ်) တို့ဖြစ်ကြပါတယ်။

သူတို့ ငါးဦးဟာ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီလ ဟားဗတ်တက္ကသိုလ် ကျောင်းသားအိပ်ဆောင်ထဲမှာ တူတူစတင်တည်ထောင်ခဲ့ကြတာပါ။ သူတို့ ငါးဦးထဲက တစ်ဦးဖြစ်တဲ့ Dustin Moskovitz( ဒက်စတင် မော့ကိုဗစ်) ရဲ့အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

မော့ကိုဗစ်ကို ၁၉၈၄ ခုနှစ်၊ မေလ ၂၂ ရက်၊ ဖလော်ရီဒါပြည်နယ် ဂိမ်းစ်ဗီမှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်က Vanguard အထက်တန်းကျောင်းကို တတ်ရောက်ခဲ့ပြီး IB Diploma program ရရှိခဲ့ပါတယ်။ သူဟာ မာ့ခ်ဇူကာဘတ်နဲ့အတူ ဟားဗတ်တက္ကသိုလ်မှာ တတ်ရောက်ခဲ့တာပါ။

သူဟာ ဇူကာဘတ်နဲ့အတူ facebook အော်ပရေးရှင်းတွေအတွက် ကျောင်းတနှစ်နားပြီး ကယ်လီဖိုးနီးယားပြည်နယ် ပါလိုအယ်တိုမြို့ဆီရွေ့ပြောင်းလာပါတယ်။ မော့ကိုဗစ်ဟာ ဖေ့ဘုတ်ခ် ကုမ္ပဏီရဲ့ ပထမဆုံး နည်းပညာအကြီးအကဲ အရာရှိဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ အင်ဂျင်နီယာ ဒုဥက္ကဌ ဖြစ်ခဲ့ပါတယ်။သူ့အနေနဲ့ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေကိုဦးဆောင်ခဲ့ပြီး site ရဲ့ architecture ပိုင်းကို ကြီးထွားအောင် သူပြုလုပ်ပေးခဲ့တာပါ။ ဒါ့အပြင် မိုဘိုင်းနည်းဗျူဟာနဲ့ပတ်သတ်ပြီးလည်း တိုးတတ်အောင် သူတာဝန်ယူခဲ့တာပါ။

သူရဲ့ကော်ျကြားမှုတွေကတော့ -
သူဟာ အမေရိကန်စွန့်ဦးတီထွင် လုပ်ငန်းရှင်ဖြစ်ပြီး၊ ၂၀၁၁ ခုနှစ် မတ်လမှာ Forbes မဂ္ဂဇင်းရဲ့ ဖေ့ဘုတ်ခ်အတွင်း မော့ကိုဗစ်ပိုင်ဆိုင်တဲ့ 2.34 ရာခိုင်နှုန်းပေါ်မူတည်ပြီး သမိုင်းတစ်လျောက် အငယ်ဆုံးကိုယ့်ထုးကိုယ်ချွန် ဘီလျံနာအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

သူဟာ ၂၀၀၈ ခုနှစ်မှာတော့ အင်ဂျင်နီယာ မန်နေဂျာဖြစ်သူ ဂျက်စတင်ရိုဆန်စတိန်းနဲ့ Asana လို့ခေါ်တဲ့ ကုမ္ပဏီကို တည်ထောင်ဖို့ Facebookကနေ ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ဖေ့ဘုတ်ခ် မှာသူ့နာမည် လူသိနည်းခဲ့တယ် ထင်တာပါပဲ.. ဗျာ။

နိုင်ငံတကာမှ နည်းပညာဆိုင်ရာ တီထွင်သူများ၏ အကြောင်းကို အပတ်စဉ် အင်္ဂါနေ့မနက်ခင်းတိုင်း တင်ပြပေးသွားပါမည်။

 

Myanmar ICT Guide
Source: internet , wiki

Read: ကိုရီးယားလူမျိုးတွေ Samsung ကုမ္ပဏီကြီးကို ဘယ်လိုတည်ထောင်ခဲ့တာလဲ..??

Image result for lee byung-chul

 

Read times
Rate this item
(1 Vote)