Friday, 25 December 2020 21:50
Podcast : Meet the Makers - Ko Htet Wai Yan Soe
ဒီတစ်ခေါက် Podcast အစီအစဥ်မှာ ပါဝင်အားဖြည့် ဆွေးနွေးပေးသူကတော့ ကိုဂွိ လို့လည်းသိကြတဲ့ ကိုထက်ဝေယံစိုး ဖြစ်ပါတယ် ။ သူဟာ အခုလက်ရှိ Wave Money မှာ Solution Architect အဖြစ် အလုပ်လုပ်ကိုင်နေတဲ့အပြင် https://hashtech.guru မှာ Web Development နည်းပညာတွေကို သင်ကြားနေသူတစ်ဦးလည်းဖြစ်ပါတယ် ။
Htet Wai Yan Soe Solution Architect at Wave Money (Photo: linkedin.com)
hashtech.guru ကိုတည်ဆောက်ခဲ့တဲ့ အတွေ့အကြုံတွေ ၊ အွန်လိုင်းပညာရေးနဲ့ ပတ်သက်တာတွေ ၊ နည်းပညာနဲ့ ပတ်သက်တာတွေ အစရှိသဖြင့် အစုံအလင်ဆွေးနွေးထားပါတယ် ။
၂၀၂၀ အတွက် နောက်ဆုံးအပိုင်းလည်းဖြစ်သလို ကြာချိန်လည်း အများဆုံးဆိုတော့ ပိတ်ရက်ရှည်မှာ ကော်ဖီလေးသောက်ရင်း အေးဆေးနားထောင်လို့ရပြီပေါ့ ။
ကဲ ၊ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ #37 Techshaw Podcast : Meet the Makers - Ko Htet Wai Yan Soe ကို အောက်ကလင့်ခ်တွေကတစ်ဆင့် နားထောင်လို့ပါပြီ ။
Apple Podcast
Anchor
Google Podcast
Pocket Cast
Spotify